စမတ်ဖုန်းတွေဟာ လူတွေရဲ့ နေ့စဉ်ဘဝတွေမှာ မရှိမဖြစ် ပစ္စည်း‌‌တွေ ဖြစ်လာပါတယ်။ မိသားစုတွေနဲ့ ဆက်သွယ်တာကနေ အလုပ်ကိစ္စတွေအထိပါ ဖုန်းတွေကို အသုံးပြုလာကြပါတယ်။

စမတ်ဖုန်းတွေရဲ့ စွမ်းရည်မြင့်မားလာသလို တန်ဖိုးကြီးလာတဲ့အတွက် Protective Case နဲ့ Screen Protector တွေကို အသုံးပြုလာကြပါတယ်။ ဒါပေမယ့် တချို့ဖုန်းတွေရဲ့ မာကျောမှုဟာ အလွန်အမင်း မြင့်မားနေပါတယ်။

တရုတ်က အမျိုးသမီး ၁ ယောက်ဟာ သူမရဲ့ Huawei Mate 50 ကို မတော်တဆ ကွေးညွှတ်သွားအောင် ပြုလုပ်မိလိုက်ပါတယ်။ ဒါပေမယ့် ဖုန်းဟာ အကောင်းအတိုင်း အလုပ်လုပ်နေပါသေးတယ်။

TikTok မှာ Daisy Username နဲ့ အသုံးပြုနေတဲ့ အဲဒီအမျိုးသမီးဟာ အဲဒီ ဖြစ်ရပ် ဗီဒီယိုကို တင်ထားပါတယ်။ သူမဟာ ကား အနောက်ဖုံးးကို ဖွင့်နေတာကို ဗီဒီယိုမှာ မြင်ရပြီး Mate 50 ဟာ ထက်ဝက်လောက် ကွေးညွှတ်သွားပါတယ်။

ဖုန်း မျက်နှာပြင်ဟာ ကွဲအက်သွားပြီး ဖရိမ် ပျက်ဆီးသွားပါတယ်။ ဒါပေမယ့် ဖုန်းဟာ အကောင်းအတိုင်း အလုပ်လုပ်နေပါသေးတယ်။

Daisy ဟာ ဖုန်း အလုပ်လုပ်နေသေးတာကို အံ့အားသင့်သွားခဲ့ပြီး Huawei ဟာ တကယ် အံ့အားသင့်စရာကောင်းတယ်လို့ ရေးသားထားပါတယ်။ အခုကစပြီး Huawei ဖုန်းပဲ သုံးတော့မယ်လို့လည်း သူမက ပြောပါတယ်။ သူမဟာ ဖုန်းကို Huawei Service Center ကို ယူသွားပြီး ပြင်ဆင်ချိန်က ၁ နာရီပဲ ကြာမြင့်ပါတယ်။

ဖုန်းရဲ့ ဘက်ထရီ၊ မျက်နှာပြင်နဲ့ ဖရိမ်ကို လဲခဲ့ရပြီး ၁,၃၀၈ ယွမ်ပဲ ကျသင့်ပါတယ်။ Daisy ရဲ့ ဖြစ်ရပ်ဟာ TikTok မှာ နာမည်ကြီးသွားပြီး လူများစွာက ဖုန်းရဲ့ မာကျောမှုကြောင့် Huawei ကို ချီးကျူးနေကြပါတယ်။

Ref : gizmochina