Amazon ရဲ့ CEO အသစ် Andy Jassy က သူဟာ Cryptocurrency နဲ့ NFT တွေ မဝယ်ယူထားသေးပေမယ့် အနာဂတ်မှာ အလားအလာကောင်းနိုင်တယ်လို့ ပြောပါတယ်။ Amazon မှာ NFT တွေ ရောင်းချမလားဆိုတာနဲ့ ပတ်သက်ပြီး သူက အနာဂတ်မှာ ဖြစ်လာနိုင်တယ်လို့ ပြောပါတယ်။

After cryptocurrencies, money laundering via NFTs next big worry | Business Standard News

Amazon ဟာ Cryptocurrency နဲ့ ဒစ်ဂျစ်တယ် ပစ္စည်း အကြောင်း နားလည်တဲ့ ငွေကြေးဆိုင်ရာ ဝန်ဆောင်မှု ကျွမ်းကျင်သူ ၁ ယောက်ကို ပြီးခဲ့တဲ့ နိုဝင်ဘာလက ငှားရမ်းခဲ့ပါတယ်။ အဲဒီ လူဟာ Blockchain နဲ့ Distributed Ledger နည်းပညာ အကြောင်းကိုလည်း ကျွမ်းကျင်ရမယ်လို့ ဖော်ပြထားပါတယ်။

Are NFTs The New Crypto? A Guide To Understanding Non-Fungible Tokens

Amazon ဟာ အဲဒီ ရာထူး အတွက်ပဲ နောက်ထပ် အလုပ်ခေါ်စာ ၁ ခုကို ပြီးခဲ့တဲ့ ၂ ပတ်က ထုတ်ပြန်ခဲ့ပါတယ်။ စိတ်ဝင်စားစရာ ကောင်းတာက အဲဒီ ရာထူးအတွက် ဘွဲ့ လက်မှတ် မလိုအပ်ဘဲ အလုပ်အတွေ့အကြုံ ရှိရမယ်လို့ပဲ ဖော်ပြထားတာပါ။

Jassy ဟာ Cryptocurrency နဲ့ NFT တွေ အနာဂတ်မှာ အလားအလာကောင်းနိုင်တယ်လို့ ပြောပေမယ့် ကုမ္ပဏီရဲ့ ဇူလိုင်လက ကြေညာချက်ကိုပဲ ထပ်လောင်း ပြောကြားခဲ့ပါသေးတယ်။ အဲဒါကတော့ Amazon ဟာ လတ်တလောမှာ Crypto နဲ့ ငွေပေးချေနိုင်တဲ့ ဝန်ဆောင်မှုကို ပြုလုပ်ဦးမှာ မဟုတ်ဘူး ဆိုတာ ပါပဲ။ နာမည်ကြီး အွန်လိုင်း စီးပွားရေး ကုမ္ပဏီ Shopify ကတော့ Crypto နယ်ပယ်မှာ ရှေ့ကပြေးနေပြီး Bitcoin (BTC) နဲ့ ငွေပေးချေနိုင်မယ်လို့ ဒီလ အစောပိုင်းက ကြေညာခဲ့ပါတယ်။

Ref : cointelegraph