Apple ဟာ WWDC 2022 Event မှာ အစောပိုင်းတုန်းက သတင်းတွေထွက်ရှိထားတဲ့ MacBook Air အသစ်ကို တရားဝင်မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။ အဆိုပါ MacBook Air အသစ်မှာဆိုရင် Apple ရဲ့ M2 Chip အသစ်အပြင် အဆင့်မြှင့်တင်မှုတွေအများအပြားပါဝင်လာခဲ့ပါတယ်။

ပထမဆုံးပြောင်းလဲမှုကတော့ Design ပိုင်းမှာ ယခင်ထက်ပိုပေါ့ပါးပြီး ပါးလွှာသွားတာဖြစ်ပါတယ်။ အထူအနေနဲ့ 11.3mm ပဲရှိမှာဖြစ်သလို အလေးချိန်အနေနဲ့လည်း 2.7lb ပဲရှိတာကြောင့် ယခင်ထက် ၂၀ ရာခိုင်နှုန်းနီးပါး ပိုပေါ့ပါးသွားတာဖြစ်ပါတယ်။ ဒါကိုမှ Screen Size အနေနဲ့ ယခင်တုန်းက 13.3-inch Display အစား ပိုကြီးမားတဲ့ 13.6-inch Display ကို အဆင့်မြှင့်တင်ထားပါတယ်။ Brightness ပိုင်းမှာလည်း 500nits အထိအသုံးပြုနိုင်မှာလည်းဖြစ်ပါတယ်။

MacBook Air အသစ်ဟာ M2 Chip အသစ်ကို အသုံးပြုထားမှာဖြစ်ပြီး စွမ်းဆောင်ရည်ပိုင်းမှာလည်း ယခင် M1 MacBook Air ထက် Performance ပိုင်းမှာ အမြင့်ဆုံး ၄၀ ရာခိုင်နှုန်းအထိ ပိုကောင်းမွန်လာမှာဖြစ်ပါတယ်။ အခုလိုမျိုး စွမ်းဆောင်ရည်ပိုင်းမှာ ပိုကောင်းမွန်လာသလို တစ်ဖက်မှာလည်း Fanless Design ဖြစ်တာကြောင့် လုံးဝ Silent ဖြစ်နေမှာဖြစ်ပါတယ်။

Port တွေအနေနဲ့ကတော့ USB-C Thunderbolt Port ၂ ခု ၊ Headphone Jack အပြင် MagSafe Charging Port ကိုပါ အသစ်ထည့်သွင်းထားတာဖြစ်ပါတယ်။ Apple ရဲ့ ပြောကြားချက်အရတော့ Dolby Atmos Spatial Audio ကိုထောက်ပံ့ပေးထားတဲ့ Speaker Setup ပါဝင်သလို Microphone Quality ကိုလည်းအဆင့်မြှင့်တင်ထားတယ်လို့ သိရပါတယ်။ Webcam အနေနဲ့ကတော့ 1080p Webcam ကို Notch Design နဲ့ထည့်သွင်းပေးထားတာဖြစ်ပါတယ်။

MacBook Air အသစ်ဟာ Battery ပိုင်းမှာ ၁၈ နာရီဆက်တိုက်အသုံးပြုနိုင်မှာဖြစ်ပြီး 65W Power Adapter နဲ့အားသွင်းမယ်ဆိုရင် 0-50% ကို နာရီဝက်အတွင်းအားသွင်းပေးနိုင်မှာပါ။ အရောင်အနေနဲ့ကတော့ Silver ၊ Space Gray ၊ Midnight နဲ့ Starlight ဆိုပြီး ၄ မျိုးထွက်ရှိထားပြီး စျေးနှုန်းအနေနဲ့ $1,199 (မြန်မာငွေ ၂၄ သိန်း) ဝန်းကျင်ကနေ စတင်ရောင်းချသွားမှာဖြစ်ပါတယ်။

Ref – Gizmo China