Xiaomi က နောက်မျိုးဆက် Pad 7 Series ကို ကြေညာဖို့ ပြင်ဆင်နေပါတယ်။ Pad 7 နဲ့ Pad 7 Pro ဆိုတဲ့ မော်ဒယ် ၂ မျိုးပါလာမှာ ဖြစ်ပြီး အခုတော့ ကြေညာမယ့် အချိန်နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေ ထွက်ပေါ်လာပါတယ်။

Smart Pikachu က အဲဒီ တက်ဘလက်တွေကို ဒီနှစ် ကွာတား ၃ မှာ ကြေညာမယ်လို့ ပြောပါတယ်။  အရင်မျိုးဆက်တွေဖြစ်တဲ့ Pad 6 နဲ့ Pad 6 Pro ကို အရင်နှစ် ဧပြီလမှာ ကြေညာခဲ့တဲ့အတွက် Pad 7 Series ကြေညာမယ့် အချိန်ဟာ နောက်ကျမှာ ဖြစ်ပါတယ်။

Tipster က အဲဒီ တက်ဘလက်တွေမှာ ကားထဲမှာ အသုံးပြုနိုင်တဲ့ Plug and Play Feature ထည့်သွင်းထားမယ်လို့ ပြောပါတယ်။ Xiaomi ဟာ လျှပ်စစ်ကား ထုတ်လုပ်ရောင်းချနေတဲ့အတွက် ဒီ Feature က အသုံးဝင်ပါတယ်။

Digital Chat Station က Pad 7 Pro ရဲ့ အဓိက Specs တချို့ကို မျှဝေထားပြီး Snapdragon 8 Gen 3 SoC, 12.45” Display နဲ့ 144Hz Refresh Rate ထည့်သွင်းထားမှာပါ။ 10,000mAh Battery ပါလာမှာ ဖြစ်ပြီး 120W Fast Charging ထောက်ပံ့ထားမှာပါ။ အနောက်ဘက်မှာ 50MP ကင်မရာနဲ့ စပီကာ ၄ လုံး ပါလာမှာပါ။

Pad 7 ရဲ့ သတင်းအချက်အလက်တွေကိုတော့ မသိရသေးဘဲ Snapdragon 8 Gen 2 Processor ပါလာမယ်လို့ပဲ သတင်းထွက်နေပါတယ်။

Ref : gizmochina