Apple ကနေ iPad Pro 2020 Tablet အသစ်တွေနဲ့အတူ TouchPad ပါဝင်လာတဲ့ Magic Keyboard အသစ်ကိုပါ မိတ်ဆက်သွားခဲ့ပါတယ်။ အဲ့ဒီအတွက် iPad Pro ကို တကယ့် ကွန်ပျူတာတစ်လုံးလိုမျိုး အသုံးပြုဖို့က ပိုပြီး လွယ်ကူသွားတယ်ဆိုပေမယ့် Laptop တွေမှာ ပါဝင်နေကြဖြစ်တဲ့ Function Keys တွေကတော့ ပါဝင်ခြင်းမရှိသေးပါဘူး။

အဲ့ဒီအတွက် Apple ကနေ Shortcut Mode ဆိုပြီး Feature တစ်ခုကို စမ်းသပ်နေပြီး iPad Keyboard တွေအတွက် Screen Brightness ၊ Media Control စသဖြင့်မျိုးစုံကို Keyboard ကနေတစ်ဆင့် ခိုင်းစေနိုင်တော့မှာဖြစ်ပါတယ်။ ဒါကလည်း လက်ရှိနောက်ဆုံးထွက်ထားတဲ့ Magic Keyboard တင်မဟုတ်ဘဲ ပုံမှန် Apple iPad တွေအတွက် Smart Keyboard တွေမှာလည်း အသုံးပြုနိုင်မယ်လို့ သိရပါတယ်။

အဆိုပါသတင်းကိုတော့ 9to5Mac ကနေ နောက်ဆုံးထွက်ရှိထားတဲ့ iPadOS 13.5.5 Beta မှာ Code ကို တွေ့ရှိခဲ့တာဖြစ်ပြီး လောလောဆယ်မှာတော့ Beta Version မှာလည်း အသုံးပြုနိုင်ခြင်းမရှိသေးပါဘူး။ ဖြစ်နိုင်တာကတော့ လာမယ့် စက်တင်ဘာလကျမှပဲ iPadOS 14 နဲ့အတူ ထည့်သွင်းလာနိုင်ပါတယ်။

Apple ရဲ့ Tablet တွေအတွက် iPadOS ဟာ အခုအချိန်မှာ ကွန်ပျူတာတစ်လုံးကို အစားထိုးနိုင်တဲ့အထိ စွမ်းဆောင်ရည်ရှိနေပြီဖြစ်ပေမယ့် ပုံမှန် Laptop တစ်လုံးမှာပါဝင်တဲ့ Esc Key လိုမျိုး Key တွေက Smart Keyboard မှာရော၊ Magic Keyboard မှာပါ မပါဝင်တဲ့အတွက် Laptop သုံးနေကြသူတွေအတွက် အနည်းငယ်အခက်တွေ့နေတာဖြစ်ပါတယ်။ အဲ့ဒီအတွက် ဒီလိုမျိုး Apple ကနေ ပြုလုပ်နေတဲ့ Short Mode Feature က အသုံးဝင်လာမယ်ဆိုရင် အသုံးပြုသူတွေအတွက် သတင်းကောင်းတစ်ခုဖြစ်လာမှာပါ။

Ref – Phone Arena