ပြီးခဲ့တဲ့ ရက်ပိုင်းက တရုတ် အစိုးရဟာ အစိုးရဝန်ထမ်းတွေ iPhone အသုံးပြုခွင့် ပိတ်ပင်တဲ့ သတင်းထွက်လာခဲ့ပါတယ်။ အဲဒီ သတင်းထွက်လာပြီးနောက်မှာ Apple ရှယ်ယာ တန်ဖိုး ကျဆင်းသွားပါတယ်။ Apple ရဲ့ ရှယ်ယာတန်ဖိုးဟာ ၆ ရာခိုင်နှုန်း သို့မဟုတ် ဒေါ်လာ ၂၀၀ ဘီလီယမ် ကျဆင်းသွားပါတယ်။

iPhones at an Apple store in Hangzhou, East China's Zhejiang province.

တရုတ်ဟာ Apple ရဲ့ တတိယအကြီးဆုံး ဈေးကွက် ဖြစ်ပြီး အရင်နှစ်က စုစုပေါင်း ဝင်ငွေရဲ့ ၁၈ ရာခိုင်နှုန်း ရှိပါတယ်။ တရုတ်ဟာ Apple ထုတ်ကုန်တွေကို ထုတ်လုပ်ပေးနေတဲ့ အကြီးမားဆုံး Supplier ဖြစ်တဲ့ Foxconn တည်ရှိရာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက တရုတ်ဟာ အစိုးရဝန်ထမ်းတွေ ရုံးကို iPhone မယူလာဖို့နဲ့ အလုပ်ကိစ္စတွေအတွက် အသုံးမပြုဖို့ ပိတ်ပင်လိုက်တယ်လို့ သတင်းထွက်ခဲ့ပါတယ်။ အစိုးရပိုင် ကုမ္ပဏီတွေနဲ့ အစိုးရ ကျောထောက်နောက်ခံ အေဂျင်စီတွေမှာလည်း ပိတ်ပင်မယ်လို့ သတင်းထွက်ခဲ့ပါတယ်။

China blocks iPhone sales over patent dispute

တရုတ်က အစိုးရဝန်ထမ်းတွေ iPhone သာမက တခြား နိုင်ငံထုတ် Device တွေကိုပါ အသုံးပြုခွင့် ပိတ်ပင်ထားတယ်လို့ သတင်းထွက်ခဲ့ပါတယ်။

တရုတ်ဟာ Apple ရဲ့ အကြီးမားဆုံး ဈေးကွက်တွေထဲက တစ်ခု ဖြစ်ပြီး iPhone တွေကို တရုတ်မှာ ထုတ်လုပ်နေပါတယ်။

အစိုးရဝန်ထမ်းတွေကို iPhone အသုံးပြုခွင့် ပိတ်ပင်တဲ့သတင်းကို တရုတ် အစိုးရက ဘာမှ မပြောသေးပါဘူး။ အလားတူပဲ ဒီသတင်းကို Apple ကလည်း ဘာမှ မတုန့်ပြန်သေးပါဘူး။

Ref : bbc