နောက်နှစ်က စတင်ကာ iPhone မှာ APKs တွေကို Sideloading လုပ်နိုင်တော့မှာ ဖြစ်ပါတယ်။ Android User တွေအတွက်တော့ Google Play Store ပြင်ပ ကနေ APK ဖိုင်တွေကို Download လုပ်ကာ App တွေကို အင်စတောလုပ်နိုင်ကြပါတယ်။

ဒါပေမယ့် iPhone User တွေကတော့ Apple ရဲ့ မူဝါဒအရ App Store က လွဲပြီး တခြား နေရာတွေကနေ App တွေကို အင်စတောလုပ်လို့ မရပါဘူး။ ဒါပေမယ့် မကြာခင်မှာ iPhone မှာ APK တွေကို အင်စတောလုပ်နိုင်တော့မှာပါ။

iPhone မှာ APK တွေ အင်စတောလုပ်တာကို ရှင်းပြချင်ပါတယ်။ APK ဆိုတာ Android Package Kit ကို ပြောတာဖြစ်ပြီး Android ပလက်ဖောင်းနဲ့ပဲ သက်ဆိုင်တဲ့ ဖိုင် အမျိုးအစား ၁ ခုပါ။ တကယ်တော့ APK ကို iPhone မှာ အင်စတောလုပ်လို့ မရပါဘူး။ iOS မှာတော့ IPA ကိုပဲ အင်စတောလုပ်နိုင်ပါတယ်။

iOS 17.2 Sideload Apps: What You Need to Know About Apple's New Feature. | Medium

Sideloading လုပ်တယ်ဆိုတာက Official App Store ရဲ့ ပြင်ပကနေ App တွေကို အင်စတောလုပ်တာပါ။ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့က ဥရောပသမဂ္ဂရဲ့ Digital Markets Act အရ Apple User တွေဟာ iPhone မှာ APK ကို အင်စတောလုပ်နိုင်ရမယ်လို့ ပြဌာန်းထားပါတယ်။

အဲဒီ  ဥပဒေဟာ အကျိုးသက်ရောက်နေပြီ ဖြစ်ပြီး Apple က လိုက်နာရတော့မှာပါ။ ဒါပေမယ့် ကုမ္ပဏီက သူ့ရဲ့ System ဟာ အဆင်သင့် မဖြစ်သေးဘူးလို့ ဆိုကာ အချိန်တိုးတောင်းထားပါတယ်။ ဥရောပ သမဂ္ဂက အဲဒီ တောင်းဆိုချက်ကို လက်ခံထားပြီး ၂၀၂၄ ခုနှစ်မှာ ထွက်မယ့် iOS 17.2 မှာ ထည့်သွင်းပေးရမယ်လို့ ညွှန်ကြားထားပါတယ်။

Ref : gizmochina