[Unicode]

Apple iPhone 11 Pro နဲ့ iPhone 11 Pro Max တွေရဲ့ OLED panel ၉၀ ရာခိုင်နှုန်းဟာ Samsung က ထောက်ပံ့ပေးတာဖြစ်ပြီး ကျန်တဲ့ ၁၀ ရာခိုင်နှုန်းကတော့ LG Display ဆီကနေ ဝယ်ရတာဖြစ်ပါတယ်။ iPhone 11 တွေက်ကတော့ LG Display, Japan Display နဲ့ Sharp တို့ဆီကနေ ဝယ်ရတာပါ။

Apple ဟာ ဒီနှစ်ထဲမှာသုံးတဲ့ ဒေါ်လာ သန်း၁၀၀ အပါအဝင် လွန်ခဲ့တဲ့နှစ်တွေတုန်းက Japan Display မှာ ငွေတွေအတော်လေး ပုံသုံးခဲ့ရပါတယ်။ အခုတော့ ဧရာမ နည်းပညာကုမ္ပဏီကြီးဟာ Sharp နဲ့အတူ Japan Display ရဲ့ LCD Panel ထုတ်လုပ်မှုကို ဒေါ်လာ သန်း ၈၂၀ နဲ့ ဝယ်ယူနေပါတယ်။ Sharp ကတော့ လာမယ့်မတ်လမှာ စက်ရုံအတွက် ငွေပေးချေဖို့ မျှော်လင့်ထားပြီး၊ အဲဒီနောက်မှာတော့ Apple နဲ့ ခွဲထွက်ဖို့ သဘောတူညီထားပါတယ်။

တောင်ကိုရီးယားကနေ ထွက်လာတဲ့သတင်းအရ BOE ဟာ လာမယ့်နှစ်မှာ Apple အတွက် Flexible OLED panel ပေါင်း ၄၅ သန်း ထောက်ပံ့ပေးမယ်လို့ သိရပါတယ်။ LG Display ဆီကနေ ၂၆ သန်း ရမှာဖြစ်ပြီး၊ Samsung ကတော့ Panel ပေါင်း သန်း ၁၅၀ ထောက်ပံ့ပေးမှာ ဖြစ်ပါတယ်။ အရင်က သန်း ၂၃၀ လောက် ထောက်ပံ့နေတဲ့ Samsung ဟာ ဒီနှစ်ထဲမှာ တော့ သိသိသာသာကို လက်လွှတ်ခဲ့ရတာကို မြင်တွေ့ရမှာပါ။

ဒါဟာ လွန်ခဲ့တဲ့ သြဂုတ်လကတည်းက ထွက်ပေါ်လာတဲ့ သတင်းမှန်ကန်ကြောင်း သက်သေပြနေတာပါပဲ။ သြဂုတ်လတုန်းက Apple ဟာ Samsung ရဲ့ Panel တွေကိုပဲ မှီခိုအားထားနေရမှုကို လျှော့ချဖို့ ကြိုးစားနေတယ်လို့ ဖော်ပြခဲ့ဖူးပါတယ်။ အခုတော့ တကယ်ပဲစတင်နေပြီလို့ ဆိုရတော့မှာပါ။

Apple ဟာ လွန်ခဲ့တဲ့ ၂နှစ်လောက်ကတည်းက BOE ဆီကနေ LCD display တွေ ဝယ်ယူခဲ့ပြီး iPad နဲ့ MacBook တို့အတွက် အသုံးပြုခဲ့တာပါ။ ဒါကြောင့် Apple ရဲ့ Samsung နေရာ အစားထိုးဖို့ ရွေးချယ်မှုက BOE ဆီရောက်နေပြီလို့ ဆိုနိုင်ပါပြီ။ ဒီတော့ Apple အနေနဲ့ Samsung နဲ့ လုံးဝကို ရေစက်ပြတ်သွားမလား၊ ဒါမှမဟုတ် Samsung ကိုမှီခိုအားထားရမှုကို အနည်းငယ် လျှော့ချရုံပဲလားဆိုတာကိုတော့ ဆက်ပြီးစောင့်ကြည့်ရဦးမှာပါ။

Ref: Phone Arena

[Zawgyi]

iPhone မ်က္ႏွာျပင္ေတြအတြက္ Samsung အေပၚမွီခိုအားထားေနရတာကို တျဖည္းျဖည္းျခင္း ေလွ်ာ့ခ်ေနတဲ့ Apple

Apple iPhone 11 Pro နဲ႔ iPhone 11 Pro Max ေတြရဲ႕ OLED panel ၉၀ ရာခိုင္ႏႈန္းဟာ Samsung က ေထာက္ပံ့ေပးတာျဖစ္ၿပီး က်န္တဲ့ ၁၀ ရာခိုင္ႏႈန္းကေတာ့ LG Display ဆီကေန ဝယ္ရတာျဖစ္ပါတယ္။ iPhone 11 အတြက္ကေတာ့ LG Display, Japan Display နဲ႔ Sharp တို႔ဆီကေန ဝယ္ရတာပါ။

Apple ဟာ ဒီႏွစ္ထဲမွာသုံးတဲ့ ေဒၚလာ သန္း၁၀၀ အပါအဝင္ လြန္ခဲ့တဲ့ႏွစ္ေတြတုန္းက Japan Display မွာ ေငြေတြအေတာ္ေလး ပုံသုံးခဲ့ရပါတယ္။ အခုေတာ့ ဧရာမ နည္းပညာကုမၸဏီႀကီးဟာ Sharp နဲ႔အတူ Japan Display ရဲ႕ LCD Panel ထုတ္လုပ္မႈကို ေဒၚလာ သန္း ၈၂၀ နဲ႔ ဝယ္ယူေနပါတယ္။ Sharp ကေတာ့ လာမယ့္မတ္လမွာ စက္႐ုံအတြက္ ေငြေပးေခ်ဖို႔ ေမွ်ာ္လင့္ထားၿပီး၊ အဲဒီေနာက္မွာေတာ့ Apple နဲ႔ ခြဲထြက္ဖို႔ သေဘာတူညီထားပါတယ္။

ေတာင္ကိုရီးယားကေန ထြက္လာတဲ့သတင္းအရ BOE ဟာ လာမယ့္ႏွစ္မွာ Apple အတြက္ Flexible OLED panel ေပါင္း ၄၅ သန္း ေထာက္ပံ့ေပးမယ္လို႔ သိရပါတယ္။ LG Display ဆီကေန ၂၆ သန္း ရမွာျဖစ္ၿပီး၊ Samsung ကေတာ့ Panel ေပါင္း သန္း ၁၅၀ ေထာက္ပံ့ေပးမွာ ျဖစ္ပါတယ္။ အရင္က သန္း ၂၃၀ ေလာက္ ေထာက္ပံ့ေနတဲ့ Samsung ဟာ ဒီႏွစ္ထဲမွာ ေတာ့ သိသိသာသာကို လက္လႊတ္ခဲ့ရတာကို ျမင္ေတြ႕ရမွာပါ။

ဒါဟာ လြန္ခဲ့တဲ့ ၾသဂုတ္လကတည္းက ထြက္ေပၚလာတဲ့ သတင္းမွန္ကန္ေၾကာင္း သက္ေသျပေနတာပါပဲ။ ၾသဂုတ္လတုန္းက Apple ဟာ Samsung ရဲ႕ Panel ေတြကိုပဲ မွီခိုအားထားေနရမႈကို ေလွ်ာ့ခ်ဖို႔ ႀကိဳးစားေနတယ္လို႔ ေဖာ္ျပခဲ့ဖူးပါတယ္။ အခုေတာ့ တကယ္ပဲစတင္ေနၿပီလို႔ ဆိုရေတာ့မွာပါ။

Apple ဟာ လြန္ခဲ့တဲ့ ၂ႏွစ္ေလာက္ကတည္းက BOE ဆီကေန LCD display ေတြ ဝယ္ယူခဲ့ၿပီး iPad နဲ႔ MacBook တို႔အတြက္ အသုံးျပဳခဲ့တာပါ။ ဒါေၾကာင့္ Apple ရဲ႕ Samsung ေနရာ အစားထိုးဖို႔ ေ႐ြးခ်ယ္မႈက BOE ဆီေရာက္ေနၿပီလို႔ ဆိုႏိုင္ပါၿပီ။ ဒီေတာ့ Apple အေနနဲ႔ Samsung နဲ႔ လုံးဝကို ေရစက္ျပတ္သြားမလား၊ ဒါမွမဟုတ္ Samsung ကိုမွီခိုအားထားရမႈကို အနည္းငယ္ ေလွ်ာ့ခ်႐ုံပဲလားဆိုတာကိုေတာ့ ဆက္ၿပီးေစာင့္ၾကည့္ရဦးမွာပါ။

Ref: Phone Arena