Consumer Intelligence Research Partners(CIRP) က Apple User တွေဟာ iPhone ကို ဘယ်လောက်ကြာကြာ ကိုင်ကြသလဲဆိုတဲ့ စစ်တမ်းကို မကြာခင်ကပဲ ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီ စစ်တမ်းမှာ နောက်ထပ် စိတ်ဝင်စားစရာကောင်းတာက ကွာတား ၂ ဖြစ်တဲ့ ဧပြီလကနေ ဇွန်လအတွင်းမှာ ရောင်းအား အကောင်းဆုံး iPhone မော်ဒယ်တွေ ဖြစ်ပါတယ်။

စစ်တမ်းအရ iPhone 12 Pro Max နဲ့ iPhone 11 မော်ဒယ်တွေဟာ ကွာတား ၂ မှာ ရောင်းအား အကောင်းဆုံး ဖြစ်ပြီး iPhone ဈေးကွက်ရဲ့  ၂၃ ရာခိုင်နှုန်းစီ ပိုင်ဆိုင်ထားပါတယ်။ ကျန်တဲ့ iPhone 12 မော်ဒယ် ၄ လုံးက စုစုပေါင်း ၆၃ ရာခိုင်နှုန်း ရထားပါတယ်။ အရင်နှစ်ထုတ် iPhone 11 က ဒီနှစ်မှာလည်း ရောင်းအား ကောင်းနေတာ ထူးခြားပါတယ်။

CIRP: US buyers bought more expensive iPhones, traded in their old ones earlier last quarter

ပြီးခဲ့တဲ့ နှစ် ကွာတား ၂ မှာ iPhone 11 Series ဟာ iPhone ဈေးကွက်ရဲ့ ၆၅ ရာခိုင်နှုန်းတောင်ရခဲ့တာပါ။ တကယ်တော့ ဒီနှစ် ကွာတား ၂ မှာiPhone 11 ရောင်းအားဟာ iPhone 12 Pro Max ကို ယှဉ်နိုင်ပြီး အဲဒီ မော်ဒယ် ၂ လုံးဟာ ဈေးကွက်ဝေစု ၂၃ ရာခိုင်နှုန်းစီရထားပါတယ်။ ဒီနှစ် ကွာတား ၂ မှာ ရောင်းအား အနည်းဆုံးက iPhone  12 mini နဲ့ iPhone XR ဖြစ်ပြီး ဈေးကွက်ဝေစု ၅ ရာခိုင်နှုန်းစီပဲ ပိုင်ဆိုင်ထားပါတယ်။

Apple အတွက် နောက်ထပ် ကောင်းတဲ့အချက်က Apple ဟာ သူ့ကိုယ်ပိုင် စတိုးတွေကနေ စံချိန်တင်ရောင်းချနိုင်ခဲ့တာဖြစ်ပြီး အဲဒီအထဲမှာ အွန်လိုင်းနဲ့ Brick & Mortar စတိုးတွေ ပါပါတယ်။ Best Buy နဲ့ တခြား Carrier တွေကနေ အနည်းငယ်ပဲ ရောင်းချနိုင်ခဲ့တာပါ။

Ref : gsmarena