Cryptocurrency ကိစ္စဟာ နိုင်ငံအတော်များများက စီမံခန့်ခွဲသူတွေအတွက် “ဗြဟ္မာကြီးဦးခေါင်း” လို ဖြစ်နေတာပါ။ တရားဝင်သုံးစွဲခွင့်ပေးဖို့ကျပြန်တော့ နိုင်ငံစီးပွားရေး၊ ငွေကြေးတည်ငြိမ်မှု၊ မူဝါဒ စတာတွေနဲ့ ညှိနှိုင်းဖို့မလွယ်ကူသလို၊ ဒီအတိုင်းလွှတ်ထားပြန်တော့လည်း စိတ်မသက်မသာနဲ့ ထိုင်ကြည့်နေရသလိုမျိုးဖြစ်ပါလိမ့်မယ်။

Cryptocurrency ရဲ့ Decentralized လို့ဆိုတဲ့ ဗဟိုချုပ်ကိုင်မှုလျှော့ချခြင်းဟာ စီမံခန့်ခွဲသူတွေအတွက် အကြီးမားဆုံး စိန်ခေါ်မှုလို ဖြစ်နေပါတယ်။ တစ်ဖက်မှာတော့ ဒီငွေကြေးတွေဟာ တည်ငြိမ်မှုအားနည်းနေတာကိုလည်း တွေ့နိုင်ပါတယ်။ ဒီ Cryptocurrency နဲ့ပတ်သက်ပြီး အခုအချိန်အထိ အဆုံးအဖြတ်မပေးရသေးတဲ့နိုင်ငံတွေထဲမှာ အိန္ဒိယနိုင်ငံလည်း ပါဝင်ပါတယ်။

“Cryptocurrencies တွေဟာ Ponzi schemes (အတုအယောင်ရင်းနှီးမြှုပ်နှံမှု)* တွေနဲ့တူတယ်။ မဟုတ်လည်း အဲဒါတွေထက် ပိုဆိုးတယ်။ ဒါတွေကိုပိတ်ပင်လိုက်တာက အိန္ဒိယအတွက် အသင့်တော်ဆုံးရွေးချယ်မှုပဲ” လို့ Reserve Bank of India ရဲ့ Deputy Governor က မှတ်ချက်ပေးပြောဆိုလိုက်တာ ဖြစ်ပါတယ်။

“Cryptocurrencies ဟာ ငွေကြေး၊ ပိုင်ဆိုင်မှု ဒါမှမဟုတ် ကုန်စည်အဖြစ် အဓိပ္ပါယ်ဖွင့်ဆိုဖို့ အဆင်သင့်မဖြစ်နိုင်တာကို ကျွန်ုပ်တို့ တွေ့မြင်ခဲ့ရပြီး၊ သူတို့မှာအရင်းခံငွေသားစီးဆင်းမှုတွေမရှိ၊ သူတို့မှာ ပင်ကိုယ်တန်ဖိုးမရှိ၊ သူတို့ဟာ Bonzi schemes တွေနဲ့ဆင်တူပြီး ပိုတောင်ဆိုးနိုင်ပါတယ်” လို့ T Rabi Sankar က သူ့ရဲ့မိန့်ခွန်းမှာ ထည့်သွင်း ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

“ဒီအချက်အလက်တွေအားလုံးက Cryptocurrency ကို ပိတ်ပင်ခြင်းဟာ အိန္ဒိယအတွက် အသင့်တော်ဆုံးရွေးချယ်မှု ဖြစ်ကောင်းဖြစ်နိုင်တယ်ဆိုတဲ့ကောက်ချက်ကို ဖြစ်ပေါ်စေပါတယ်” လို့လည်း Sankar က ထပ်လောင်းပြောဆိုခဲ့ပါသေးတယ်။ Cryptocurrencies တွေကို ပိတ်၊ မပိတ်ဆိုတာ အစိုးရက မကြာခင်ဆုံးဖြတ်မယ်လို့လည်း အိန္ဒိယရဲ့ ဘဏ္ဍာရေးဝန်ကြီး Nirmala Sitharaman က ပြီးခဲ့တဲ့သောကြာနေ့ကပြုလုပ်သွားတဲ့ လွှတ်တော်အစည်းအဝေးမှာ ပြောဆိုခဲ့ပါတယ်။

**

(Ponzi scheme ဆိုတာ ရင်းနှီးမြှုပ်နှံသူအသစ်တွေဆီကနေရတဲ့ငွေတွေကို ရင်းနှီးမြှုပ်နှံသူအဟောင်းတွေအတွက် အမြတ်အစွန်းအနေနဲ့ ပေးချေတဲ့ အတူအယောင်ရင်းနှီးမြှုပ်နှံမှုစနစ်)*− ကိုးကား Insight for Myanmar

Ref: NDTV