QR Code ဆိုတာကတော့ အရင်တုန်းက Bar Code တွေနေရာမှာ အစားထိုးဝင်ရောက်လာတဲ့ Code တစ်မျိုးဖြစ်ပါတယ်။ QR Code တွေရဲ့ အားသာချက်ကတော့ QR Code တွေထဲမှာ ကိုယ်ပေးချင်တဲ့ Information တွေ၊ Link တွေကို ထည့်သွင်းထားနိုင်ပြီးတော့ စမတ်ဖုန်းတွေကနေ Scan ဖတ်လိုက်တာနဲ့ ဝင်ရောက်နိုင်အောင်ပြုလုပ်ထားတာဖြစ်ပါတယ်။

အချို့သော စမတ်ဖုန်းတွေမှာ QR Code Scanner ပါဝင်ပြီးဖြစ်ပေမယ့် မပါဝင်တဲ့ဖုန်းတွေအတွက် အကောင်းဆုံး QR Code Scanner ၅ ခုကိုဖော်ပြပေးလိုက်ပါတယ်။

1. QR Reader Tiny Scanner Barcode

ဒီ QR Code Scanner Application ကတော့ QR တွေကို Scan ဖတ်ပေးတာထက်ပိုတဲ့ Feature ပါဝင်တဲ့အတွက် အကောင်းဆုံးဖြစ်နေတာပါ။ အဲ့ဒါကတော့ ကိုယ်ပိုင် QR Code တစ်ခုကို ဖန်တီးနိုင်တာပဲဖြစ်ပါတယ်။ ကိုယ်ပေးချင်တဲ့ Message ဒါမှမဟုတ် Email ၊ Location တစ်ခုခုကို ရိုက်ပြီး ကိုယ့်အတွက် သီးသန့် QR Code တစ်ခုကို ဖန်တီးနိုင်ပါပြီ။

2. Lightening QR Scanner

ဒီ QR Code Scanner ကတော့ အချို့ ငွေဖြည့်ကဒ် ၊ Visiting Card တွေမှာပါသလိုမျိုး သေးငယ်တဲ့ QR Code တွေကို Zoom ဆွဲပြီး Scan ပြုလုပ်နိုင်တာကြောင့် အသုံးများတဲ့ QR Code Scanner App တစ်ခုပါ။

3. QR Code Reader

ဒီ App ကတော့ ကင်မရာနဲ့ ချိန်ပြီး Scan ဖတ်နိုင်တဲ့အပြင် ကိုယ့်ဖုန်းရဲ့ Gallery ထဲမှာ ရှိတဲ့ ဓါတ်ပုံတွေထဲက QR Code တွေကိုပါ Scan ဖတ်နိုင်တဲ့ App တစ်ခုဖြစ်ပါတယ်။

4. QR Code Scanner

တကယ်လို့ ကိုယ်က Code တစ်ခုထဲကိုပဲ အမြဲတမ်း Scan ဖတ်နေရတယ်ဆိုရင် ဒီ App က အသုံးဝင်မှာပါ။ ဘာဖြစ်လို့လဲဆိုရင် History Tab တစ်ခုနဲ ကိုယ် Scan ဖတ်လိုက်တဲ့ QR Code တွေကို သိမ်းဆည်းပေးထားတာကြောင့်ဖြစ်ပါတယ်။

5. QR Driod Code Scanner

ဒီ Application ကတော့ အခုပြောသွားတဲ့ထဲမှာ Feature အစုံလင်ဆုံးဖြစ်မှာပါ။ QR Code ကို Scan ဖတ်ယူနိုင်သလို ကိုယ်တိုင်လည်း ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် Clipboard မှာ မှတ်သားထားပြီး QR Code ကို ဓါတ်ပုံအနေနဲ့ ပြန်လည်သိမ်းဆည်းထားနိုင်ဦးမှာပါ။