BlackBerry လို့ ဆိုလိုက်တာနဲ့ QWERTY Keyboard ပါဝင်တဲ့ ဖုန်းတွေကို ပြေးမြင်မိကြမှာပါ။ BlackBerry ဟာ ဒီနှစ်အစောပိုင်းမှာတုန်းက BlackBerry KEY2 စမတ်ဖုန်းကို ထုတ်လုပ်ခဲ့ပြီး စွမ်းဆောင်ရည်မြင့်မားတဲ့ Android OS သုံးဖုန်းတစ်ခုကို BlackBerry ရဲ့ Signature QWERTY Keyboard နဲ့ပေါင်းစပ်ထားခဲ့တာပဲဖြစ်ပါတယ်။

အဆိုပါ BlackBerry KEY2 စမတ်ဖုန်းဟာ အရည်အသွေးကောင်းမွန်ပေမယ့်လည်း ဈေးနှုန်းအနေနဲ့ ဒေါ်လာ ၅၉၉ နဲ့ရောင်းချခဲ့တဲ့အတွက် OnePlus လိုမျိုး ဖုန်းတွေနဲ့ ယှဉ်ရင် နာမည်ကောင်းမရခဲ့ဘူးဖြစ်သွားခဲ့ပါသေးတယ်။ အဲ့ဒီအတွက် BlackBerry ကနေ အခုအချိန်မှာတော့ ဈေးပိုသက်သာပြီး စွမ်းဆောင်ရည်ပိုင်းမှာလည်း ကွာခြားခြင်းမရှိဘူးလို့တောင် ပြောလို့ရတဲ့ ၃၉၉ ဒေါ်လာတန် BlackBerry KEY2 LE ဖုန်းကို ထုတ်ပေးလိုက်ပြီဖြစ်ပါတယ်။

အခု BlackBerry KEY2 LE ဖုန်းဟာ အပြင်ပန်းကကြည့်မယ်ဆိုရင် KEY2 နဲ့ တူညီမှာဖြစ်ပြီးတော့ Slate, Champagne နဲ့ Atomic ဆိုတဲ့ အရောင်သစ်တွေဖြစ်သွားတာပဲကွာခြားမှာဖြစ်ပါတယ်။ အဲ့ဒီအတွက် မြင်လိုက်တာနဲ့ အကောင်းစား BlackBerry ဖုန်းတစ်ခုဆိုတာက သိသာနေဦးမှာပါ။

Processor ပိုင်းမှာတော့ KEY2 LE မှာ အနည်းငယ်လျော့ထားပြီး Snapdragon 660 Processor အစား SD 636 ကိုပဲ အသုံးပြုထားတာဖြစ်ပါတယ်။ RAM အနေနဲ့ကတော့ 4GB ပါဝင်မှာဖြစ်ပြီးတော့ 32GB ဒါမှမဟုတ် 64GB Storage ကို အသုံးပြုထားတယ်လို့ သိရပါတယ်။

Display ပိုင်းအနေနဲ့လည်း 4.5″ Display ကိုပဲ အသုံးပြုထားပြီးတော့ Resolution အနေနဲ့လည်း 1080×1620 Pixel ရှိမှာဖြစ်ပါတယ်။ Camera ပိုင်းအနေနဲ့လည်း အနည်းငယ်ပြောင်းလဲထားပြီးတော့ Back Camera ကို 13MP + 5MP တပ်ဆင်ထားပြီးတော့ Selfie Camera အနေနဲ့ကတော့ 8MP ပါဝင်မှာဖြစ်ပါတယ်။

Battery ပိုင်းအနေနဲ့လည်း 3000mAh Battery ပါဝင်ပြီးတော့ တစ်နေကုန်သုံးဖို့အတွက်လုံလောက်ဦးမှာပါ။ အခု BlackBerry KEY2 LE ဖုန်းဟာ ပြီးခဲ့တဲ့ ၂၀၁၄ က စတင်ပြီးတော့ အခုမှ အရောင်စုံနဲ့ ထုတ်လုပ်သွားတဲ့ဖုန်းတစ်ခုဖြစ်ပါတယ်။