Caviar က ချစ်သူများနေ့အတွက် iPhone 15 Pro မှာ စိန်၊ ရွှေတွေနဲ့ အလှဆင်ထားတဲ့ Garden of Eden Collection ကို ရောင်းချပေးလိုက်ပါတယ်။ အားလုံးထဲမှာ iPhone 15 Pro Max ရဲ့ Panther Gold 18K က ဈေးအကြီးဆုံး ဖြစ်ပြီး ဒေါ်လာ ၆၀,၃၅၀ သတ်မှတ်ထားပါတယ်။ မြန်မာငွေနဲ့တွက်ရင် သိန်း ၂ ထောင်ကျော်ပါတယ်။ ၁၈ ကာရက်ရွှေ ကိုယ်ထည်နဲ့ တည်ဆောက်ထားပြီး စိန်အနက် ၁၅၉ လုံးနဲ့ အလှဆင်ထားပါတယ်။

Caviar unveils "Garden of Eden" collection featuring custom iPhone 15 Pro  and heart-shaped Airtag - YouTube

Garden of Eden Series မှာ iPhone 15 Pro မော်ဒယ် ၅ လုံးပါဝင်ပြီး ၁ လုံးချင်းစီမှာ စိန်၊၊ ကျောက်မျက်ရတနာနဲ့ Swarovski Crystal တွေလို တန်ဖိုးကြီး ပစ္စည်းတွေ ထည့်သွင်းထားပါတယ်။

ဥပမာအနေနဲ့ Bird of Paradise မော်ဒယ်မှာ ၂၄ ကာရက်ရွှေနဲ့ Swarovski Crystal ၁၃၉ လုံး တပ်ဆင်ထားပြီး Wonderful Orchid မော်ဒယ်မှာ ၂၄ ကာရက်ရွှေ၊ စိန် ၉ လုံး ထည့်သွင်းထားပါတယ်။ Lovely Butterflies မော်ဒယ်မှာ စိန် ၃၅ လုံးနဲ့ ၂၄ ကာရက်ရွှေနဲ့ အလှဆင်ထားပါတယ်။

Valentine's Day Best Gift #caviar #caviarcompany #iphone15pro - YouTube

Panther Gold 18K က လွဲပြီး တခြား မော်ဒယ်တွေဟာ ဈေးသိပ်မကြီးပါဘူး။ Wonderful Orchid iPhone 15 Pro ဟာ ၉,၆၃၀ ဒေါ်လာပဲ ကျသင့်ပါတယ်။ Garden of Eden Collection အားလုံးမှာ အသည်းနှလုံးပုံသဏ္ဍာန် AirTag ထည့်ပေးထားပါတယ်။

အဲဒီမော်ဒယ်အားလုံးကို အကန့်အသတ်နဲ့ ရောင်းချမှာပါ။ Panther Gold 18K ကို ၁၄ လုံးနဲ့ တခြားမော်ဒယ်တွေကို ၉၉ လုံးပဲ ရောင်းမှာပါ။

Ref : gizmochina