OnePlus 8 Pro မှာ 48MP Main နဲ့ 48MP Ultrawide Angle ကင်မရာတွေ ပါလာမှာ ဖြစ်ပါတယ်။ အခုတော့ CEO Pete Lau က OnePlus 8 Pro နဲ့ ညဘက် ရိုက်ကူးထားတဲ့ ဓါတ်ပုံ ၂ ကို မျှဝေလိုက်ပြီး တခြား စွမ်းရည်မြင့် ဖုန်း ၁ လုံးနဲ့ ရိုက်ကူးထားတဲ့ ဓါတ်ပုံ ၂ ပုံနဲ့ နှိုင်းယှဉ်ပြလိုက်ပါတယ်။

မြင်ကွင်းကျယ် ကင်မရာနဲ့ ရိုက်ကူးထားတဲ့ ဓါတ်ပုံမှာ Pixel Binning သုံးထားပြီး 12MP Resolution ထုတ်လုပ်ထားပါတယ်။ ဒါဟာ ပြိုင်ဖက် ဖုန်းရဲ့ 12MP ဓါတ်ပုံနဲ့ အရည်အသွေး တူညီနေပါတယ်။ ပြိုင်ဖက် ဖုန်းနဲ့ ရိုက်ကူးထားတဲ့ ဓါတ်ပုံမှာ EXIF ဒေတာတွေကို ဖျောက်ထားတဲ့အတွက် ဘာဖုန်းလဲဆိုတာ မသိရပါဘူး။ OnePlus ရဲ့ ဖုန်းက မှောင်တဲ့ ဧရိယာတွေမှာ ပို အသေးစိတ်ကျပြီး အရမ်းကို Process လုပ်ထားပုံပေါ်ပါတယ်။

နောက်ထပ် ဓါတ်ပုံတွေကို Telephoto ကင်မရာတွေနဲ့ ရိုက်ကူးထားပါတယ်။ OnePlus 8 Pro ရဲ့ Zoom ကင်မရာဟာ 8MP ဆန်ဆာ ဖြစ်ပြီး ရိုက်ကူးထားတဲ့ ဓါတ်ပုံက 3MP လောက် ရှိပါတယ်။ Pixel Binning , Digital Zoom တို့လို Night Mode တစ်မျိုးမျိုး ဒါမှမဟုတ် ၂ ခုစလုံးနဲ့ ရိုက်ကူးထားလို့ ဖြစ်နိုင်ပါတယ်။

Lau က OnePlus 8 Pro နဲ့ ရိုက်ကူးထားတဲ့ ဗီဒီယို အတို ၁ ခုကိုလည်း မျှဝေလိုက်ပါတယ်။ ကင်မရာရဲ့ Dynamic Range ကို စမ်းသပ်ဖို့ နေကို နောက်ခံထားပြီး ရိုက်ကူးထားပါတယ်။ ဗီဒီယို Stabilization စွမ်းရည်ကိုလည်း ပြသထားပါတယ်။ ဗီဒီယို အရည်အသွေးကို လျှော့ထားတဲ့အတွက် ရုပ်ထွက် အရည်အသွေးက သိပ်မကောင်းပါဘူး။

OnePlus 8 နဲ့ 8 Pro ကို ကြေညာဖို့ ရက်ပိုင်းလောက်ပဲ လိုပါတော့တယ်။ အဲဒီဖုန်းတွေရဲ့ Specs တွေလည်း ပေါက်ကြားထွက်ပေါ်နေပြီး ဖုန်း ၂ လုံးဟာ ကင်မရာတွေ ကွဲပြားကြမှာပါ။ OnePlus 8 မှာ 48MP IMX586 ဆန်ဆာ အဟောင်းနဲ့ Pro မှာ 48MP IMX689 ဆန်ဆာ အသစ်ကို သုံးထားမှာပါ။ OnePlus 8 မှာ Telephoto ကင်မရာ မပါလာပါဘူး။

Ref : gsmarena