တရုတ်မှာ ၂၀၂၃ ခုနှစ်မှာ လျှပ်စစ်ကား သန်း ၃၀ ရောင်းချနိုင်ခဲ့ပြီး တရုတ်ဟာ ကမ္ဘာ့ ထိပ်တန်း လျှပ်စစ်ကား ဈေးကွက်ကို ပိုင်ဆိုင်ထားပါတယ်။

China's Global EV Revolution

ကျွမ်းကျင်သူတွေက တရုတ်ရဲ့ လျှပ်စစ်ကား ဈေးကွက်ဟာ လျှင်မြန်စွာ တိုးတက်နေပြီး ၂၀၃၀ ခုနှစ် အရောက်မှာ ကမ္ဘာ့ဈေးကွက်ရဲ့ ၆၀ ရာခိုင်နှုန်းကို သိမ်းပိုက်နိုင်မယ်လို့ ပြောပါတယ်။ ဒါဟာ နှစ်စဉ် လျှပ်စစ်ကား သန်း ၆၀ ရောင်းချနိုင်မယ်လို့ ဆိုတာတာ ဖြစ်ပါတယ်။

တရုတ်ဟာ ကမ္ဘာ့ ကားဈေးကွက်မှာ ဈေးကွက်ဝေစု ၃၂ ရာခိုင်နှုန်း ရထားပြီး လျှပ်စစ်ကား ဈေးကွက်မှာ ၆၀ ရာခိုင်နှုန်းကျော် ရထားပါတယ်။

The rapid rise of Chinese electric vehicle maker BYD

လျှပ်စစ်ကားတွေ အသုံးပြုမှုများပြားလာတာဟာ တရုတ်ကို အသာစီးရလာစေပါတယ်။ လောင်စာဆီသုံး ကားဈေးကွက်မှာ ဥရောပ၊ အမေရိကန်နဲ့ ဂျပန်တို့က အုပ်စိုးထားပါတယ်။ လျှပ်စစ်ကား ဈေးကွက် ကြီးထွားလာတာဟာ အလှည့်အပြောင်း ဖြစ်လာစေပါတယ်။ တရုတ်ဟာ လျှပ်စစ်ကားရဲ့ အဓိက အစိတ်အပိုင်းတွေ ဖြစ်တဲ့ ဘက်ထရီ၊ မော်တာနဲ့ အီလက်ထရောနစ် အစိတ်အပိုင်းတွေကို ထုတ်လုပ်ရာမှာ ကျွမ်းကျင်ပါတယ်။

တရုတ်ဟာ လျှပ်စစ်ကား ဈေးကွက်မှာ အောင်မြင်တာဟာ အစိုးရရဲ့ အခွန် လျှော့ချပေးမှုနဲ့ အခြေခံ အဆောက်အဦးတွေ တည်ဆောက်ပေးမှုကြောင့် ဖြစ်ပါတယ်။

Ref : gizmochina