ကိုလံဘီယာ ကွန်ဂရက်လွှတ်တော်ဟာ သူတို့ရဲ့ပထမဆုံး ဆွေးနွေးမှုမှာ နိုင်ငံတွင်း Cryptocurrencies လဲလှယ်မှုဆိုင်ရာကို ထိန်းညှိပေးမဲ့ ဥပဒေမူကြမ်းကို အတည်ပြုခဲ့ပါတယ်။ ဒါဟာ Cryptocurrencies နဲ့ပတ်သက်တဲ့ပြဿနာတွေကို ရှင်းလင်းလာစေဖို့ ပထမဆုံးခြေလှမ်းတွေလို့ ဆိုနိုင်ပါတယ်။

လက်တင်အမေရိကားက နိုင်ငံတွေဟာ သူတို့ရဲ့နယ်မြေတွေမှာ Crypto နဲ့ Crypto ဆက်စပ်လုပ်ငန်းတွေကို မြင်တွေ့နေရပြီး၊ ဒါတွေရဲ့ ကြီးထွားမှုနဲ့ သြဇာလွှမ်းမိုးမှုကိုလည်း သဘောပေါက်လာကြပါတယ်။ ကိုလံဘီယာကလည်း သူတို့ထဲက တစ်နိုင်ငံဖြစ်ပြီး အစိုးရကို Cryptocurrency လဲလှယ်မှုဆိုင်ရာစည်းမျဉ်းတွေအရှိန်မြှင့်ဖို့ လှုံ့ဆော်နေတာလည်း ဖြစ်ပါတယ်။

ဒါကြောင့် ကိုလံဘီယာကွန်ဂရက်လွှတ်တော်က နိုင်ငံတွင်း Crypto လဲလှယ်မှုတွေလုပ်ဆောင်ရာမှာ ပိုပြီးရှင်းလင်းမှုနဲ့ လုံခြုံမှုအတွက် ကြိုးပမ်းတင်သွင်းထားတဲ့ ဥပဒေမူကြမ်းကို အတည်ပြုခဲ့ကြပြီး တိုးတက်မှုကို အစပြုနိုင်ခဲ့ကြတာ ဖြစ်ပါတယ်။ ဥပဒေမူကြမ်းအရ ကိုလံဘီယာနိုင်ငံသားတွေဟာ Crypto ကို ယုံကြည်စိတ်ချစွာနဲ့ သုံးစွဲနိုင်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် ဒီဥပဒေကြမ်းဟာ သုံးစွဲသူတွေကို Ponzi အစီအမံတွေထဲ မကျရောက်ဖို့ ကာကွယ်မှုကိုလည်း ညွှန်ကြားထားတယ်လို့ သိရပါတယ်။ လက်ရှိအခြေအနေက ဥပဒေမူကြမ်းအဆင့်သာရှိနေသေးပြီး အပြီးသတ်ချမှတ်ပြဋ္ဌာန်းရမဲ့ ဥပဒေဖြစ်လာစေဖို့ နောက်ထပ် သုံးကြိမ်လောက် ဆွေးနွေးဖို့ လိုအပ်နေ သေးတယ်လို့ သိရပါတယ်။

Ref: Bitcoin.com