Dota 2 Ti10 Battle Pass ရဲ့ အရေးပါတဲ့ Feature တစ်ခုဖြစ်တဲ့ Event အတွက် Aghanim’s Labyrinth Update ကတော့ ထွက်ရှိလာခဲ့ပါပြီ။ ဒီ Game Mode ဟာ ကစားသမားလေးယောက်ပါဝင်ကစားနိုင်တဲ့ PvE (Players vs Environment) Mode တစ်ခုဖြစ်ပြီး 2017 ခုနှစ်က Siltbreaker Event နဲ့ ခပ်ဆင်ဆင်တူညီပါတယ်။

ဒါပေမယ့် Siltbreaker တုန်းကလို Treasure Box တွေ ရမှာတော့မဟုတ်ဘဲ Battle Pass ပိုင်ရှင်တွေအတွက် Point တွေသာ ရရှိမှာပါ။ Dota 2 ကစားသူတိုင်း လွတ်လပ်စွာဝင်ကစားနိုင်ပေမယ့် Reward အနေနဲ့ကတော့ Battle Pass ပိုင်ရှင်တွေသာ အဓိကခံစားခွင့်ရရှိမှာပါ။

Aghanim’s Scepter ဆိုတဲ့ Item ကို ကစားသူတိုင်း သိကြပေမယ့် အခုမှ Aghanim ဆိုတဲ့ မှော်ဆရာကြီးရဲ့ ပုံသဏ္ဍာန်ကို မြင်ဖူးကြတာပါ။ နောက်ခံ Lore ဇာတ်လမ်းအရ သူဟာ Rubick ရဲ့အဖေဖြစ်ပြီး Aghanim’s Scepter မှော်တောင်ဝှေးရဲ့ မူလပိုင်ရှင်ဖြစ်ပါတယ်။ အစကတော့ သူ့ကို သေဆုံးသွားပြီလို့ ဆိုထားပေမယ့် အခုတော့ Dimension တွေထဲ ပိတ်မိနေခဲ့တာသာဖြစ်ပြီး Dota 2 Realm ကို ပြန်ရောက်လာတဲ့ Aghanim နဲ့ သူ့စစ်တပ်ကို ကစားသမားတွေက ပူးပေါင်းနှိမ်နင်းရမှာပါ။

ဒီဂိမ်းဆော့မယ့်သူတွေအတွက် အကြံပေးချင်တာကတော့ အခန်းတစ်ခုစီမှာ စိတ်ရှည်ရှည်နဲ့ ပတ်ဝန်းကျင်၊ Creep တွေရဲ့ Ability တွေကို လေ့လာပြီး ဆော့ကစားရမှာဖြစ်ပါတယ်။ Boot of Speed က မပါမဖြစ် ဝယ်ရမှာဖြစ်ပြီး ကိုယ့်မှာ Life Count မရှိတော့ရင် ဝယ်ဖို့ Gold 1000 ကိုလည်း Early Game ကျော်တာနဲ့ အမြဲတမ်းချန်ထားစေချင်ပါတယ်။ ဒါပေမယ့် အဓိကကတော့ ကိုယ်ရောက်သွားတဲ့ အခန်းမှာရှိတဲ့ ရန်သူနဲ့ အခန်းအနေအထားကို သိဖို့၊ စိတ်ရှည်ရှည်နဲ့ ရှောင်တိမ်းနိုင်ဖို့ ဖြစ်ပါတယ်။

Ref – Dota2 Blog