DxOMark က မကြာခင်ကပဲ စမ်းသပ်တဲ့ စနစ်ကို ပြောင်းလဲခဲ့ပြီး တချို့ Device အဟောင်းတွေကို ပြန်လည် စမ်းသပ်လာပါတယ်။ ဖုန်း ထုတ်လုပ်သူတွေရဲ့ Software Update တွေကြောင့် ကင်မရာ စွမ်းရည်ဟာလည်း တိုးတက်လာတဲ့အတွက် DxOMark မှာ ရမှတ်တွေ ပိုများလာပါတယ်။

DxOMark re-tests the iPhone 11, gets a much higher score

အခုလည်း iPhone 11 ကို ပြန်လည် စမ်းသပ်ပေးလိုက်ပြီး စုစုပေါင်း ရမှတ်ဟာ ၁၀၉ ကနေ ၁၁၉ အထိ သိသိသာသာတိုးတက်လာတာက ၂၀၂၀ ထုတ် စွမ်းရည်မြင့် ဖုန်းတွေဖြစ်တဲ့ Samsung Galaxy S20+ နဲ့ OnePlus 8 Pro တို့ထက် အသာရသွားပါတယ်။ ဒါပေမယ့် Galaxy S20+ ကိုတော့ စနစ် အဟောင်းနဲ့ စမ်းသပ်ထားတာပါ။

Apple iPhone 11 review: The best $700 iPhone Apple has ever made - CNET

iPhone 11 ဟာ သက်တမ်း ၁ နှစ်ကျော်ကြာပြီးတဲ့အချိန်မှာတောင် တကယ်ကောင်းတဲ့ ကင်မရာ ပိုင်ဆိုင်ထားပြီး ဓါတ်ပုံနဲ့ ဗီဒီယို အရည်အသွေး အရမ်း ကောင်းပါတယ်။ ရုပ်သေ ဓါတ်ပုံတွေရဲ့ Exposure က တိကျပြီး အရောင် ထုတ်လုပ်မှုက ကောင်းသလို Indoor မှာလည်း ရုပ်ပုံတွေ အသေးစိတ်ကျပါတယ်။ မြင်ကွင်းကျယ် ကင်မရာရဲ့ စွမ်းရည်ကလည်း မိုက်ပါတယ်။ ဒါပေမယ့် သီးခြား Telephoto ကင်မရာ မပါတဲ့အတွက် DxOMark က Zoom အရည်အသွေးကို သိပ်မကြိုက်ပါဘူး။ ညဘက်မှာ Portrait စွမ်းရည် ကောင်းမွန်မှုကြောင့် DxOMark က အမှတ် ပိုပေးထားတာပါ။

ဗီဒီယို အကြောင်းပြောရရင် DxOMark က Stabilization ကောင်းတယ်လို့ သုံးသပ်ထားပါတယ်။ ဒါပေမယ့် လမ်းလျှောက်ပြီး ဗီဒီယို ရိုက်တဲ့အခါမှာ သိပ်မကောင်းသလို Indoor မှာ ရိုက်တဲ့အခါမှာ White Balance နဲ့ Exposure အားနည်းချက်တွေ ရှိပါတယ်။

Ref : gsmarena