SpaceX CEO Elon Musk က ယူကရိန်းကို Starlink Terminal တွေ ထောက်ပံ့တာ ရပ်နားမယ့် သူ့ ဆုံးဖြတ်ချက်ကို ပြန်လည် ပြင်ဆင်လိုက်ပြီး ကုမ္ပဏီဟာ ငွေကြေးဆုံးရှုံးနေပေမယ့် ယူကရိန်း အစိုးရကို ဂြိုလ်တု အင်တာနက် ဝန်ဆောင်မှု အခမဲ့ ဆက်လက် ထောက်ပံ့မယ်လို့ တွစ်တာမှာ ပြောပါတယ်။

CNN က ပြီးခဲ့တဲ့ သောကြာနေ့မှာ SpaceX က ယူကရိန်းကို Terminal နဲ့ အင်တာနက် ဝန်ဆောင်မှုတွေ ပံ့ပိုးပေးရဦးမလားလို့ အမေရိကန် အစိုးရကို မေးခဲ့တယ်လို့ ပြောပါတယ်။ SpaceX က ယူကရိန်းကို ထောက်ပံ့နေတဲ့ အကူအညီတွေရဲ့ တန်ဖိုးဟာ ၂၀၂၂ ခုနှစ်အကုန်မှာ ဒေါ်လာ ၁၂၄ သန်းခန့် ရှိနိုင်ပြီး နောက် ၁၂ လအတွင်းမှာ ဒေါ်လာ သန်း ၃၈၀ နီးပါး ရှိလာနိုင်တယ်လို့ ပြောပါတယ်။ Musk က အဲဒီနောက်မှာ Starlink ဟာ ယူကရိန်းကို ဝန်ဆောင်မှုတွေ မပံ့ပိုးပေးနိုင်တော့ဘူးလို့ တွစ်တာမှာ ပြောခဲ့ပြီး နောက်ထပ် Tweet ၁ ခုမှာ Starlink ဟာ ဝန်ဆောင်မှုတွေအတွက် ၁ လကို ဒေါ်လာ သန်း ၂၀ ဆုံးရှုံးနေတယ်လို့ ရေးသားခဲ့ပါတယ်။

Elon Musk Says Spacex Will Keep Funding Ukraine for Free Even Though Starlink Is Losing Money — $80M Spent so Far | Coinparative

အခုတော့ Musk က သူ့ ဆုံးဖြတ်ချက်ကို ပြန်လည် ပြင်ဆင်လိုက်ပြီး ငွေကြေး ဆုံးရှုံးနေပေမယ့် ယူကရိန်းကို Starlink Terminal နဲ့ အင်တာနက် ဝန်ဆောင်မှု အကူအညီတွေ ဆက်လက်ပေးတော့မှာ ဖြစ်ပါတယ်။

Musk က Starlink ဟာ ယူကရိန်း အတွက် Terminal ပေါင်း ၂၅,၀၀၀ ဝန်းကျင် ပေးပို့ထားပြီးပြီလို့ ပြောပါတယ်။ ရုရှားရဲ့ ဒုံးကျည်တွေကြောင့် အင်တာနက် ပြတ်တောက်နေတဲ့ ယူကရိန်းမှာ Starlink ရဲ့ အင်တာနက် ဝန်ဆောင်မှုက ယူကရိန်း စစ်တပ်နဲ့ ပြည်သူတွေအတွက် အကျိုးများစွာ ရှိနေပါတယ်။

Ref : theverge