[Zawgyi]

Huawei က ၾသဂုတ္လ ၉ ရက္မွာ ျပဳလုပ္မယ့္ သူ႔ရဲ႕ Developer Conference မွာ  ေနာက္ဆံုးထုတ္ Android Skin ျဖစ္တဲ့ EMUI 10 ကို ေၾကညာမွာ ျဖစ္ပါတယ္။ ပြဲကို ၂ ရက္ၾကာ က်င္းပမွာ ျဖစ္ၿပီး ကမာၻအ၀န္းမွ Developers ေပါင္း ၅၀၀၀ ေလာက္ တက္ေရာက္ၾကမယ္လို႔ သိရပါတယ္။ ပြဲကို Dongguan မွာ က်င္းပမွာ ျဖစ္ၿပီး ဟြာေ၀းရဲ႕ ေနာက္ဆံုးထုတ္ ေဆာ့ဖ္၀ဲမ်ားကို ေၾကညာမွာ ျဖစ္ပါတယ္။

Huawei Consumer Business Software ရဲ႕ ဥကၠဌ ျဖစ္သူ Wang Chenglu က EMUI နဲ႔ ပတ္သက္ၿပီး ဦးေဆာင္ေၾကညာမွာ ျဖစ္ပါတယ္။ EMUI 10 နဲ႔ ပတ္သက္ၿပီး သတင္းအခ်က္အလက္မ်ားစြာ မထြက္ေပၚေသးေပမယ့္ သူဟာ Android Q ကို အေျချပဳ ဖန္တီးထားတာ ျဖစ္ပါတယ္။ ေပါက္ၾကားထြက္ေပၚေနတဲ့ သတင္းအရ EMUI 10 မွာ Visual အပိုင္းကို ဆန္းသစ္ထားမွာ ျဖစ္ပါတယ္။ အိုင္ကြန္နဲ႔ UI Elements မ်ားကို အနည္းငယ္ ေျပာင္းလဲထားမွာ ျဖစ္ၿပီး System-wide Font အသစ္ပါလာမွာ ျဖစ္ပါတယ္။

Multitasking မ်ားျပဳလုပ္ရင္ ပိုၿပီး ျမန္ဆန္လာမွာ ျဖစ္ပါတယ္။ Camera App ကိုလည္း ဒီဇိုင္း ဆန္းသစ္ထားၿပီး လုပ္ေဆာင္ခ်က္မ်ား ပိုပါလာမွာ ျဖစ္ပါတယ္။ GPU Turbo 4.0 အသစ္က ဂိမ္းမ်ားကစားရင္ အရမ္းကို ေခ်ာမြတ္လွ်င္ျမန္မွာ ျဖစ္ပါတယ္။ ဒုတိယ မ်ိဳးဆက္ ARK Compiler က ဖုန္းကို အခ်ိန္အၾကာႀကီး အသံုးျပဳရင္ေတာင္ အလုပ္မ်ားကို လွ်င္ျမန္ေစမွာ ျဖစ္ပါတယ္။ ဟြာေ၀းက သူ႔ရဲ႕ Developer Conference မွာ HongMeng OS ရဲ႕ သတင္းအခ်က္အလက္ အခ်ိဳ႕ကိုလည္း ေျပာမယ္လို႔ ထင္ပါတယ္။

Ref : gsmarena

[Unicode]

EMUI 10 ကို သြဂုတ်လ ၉ ရက်မှာ ကြေညာမည်

Huawei က သြဂုတ်လ ၉ ရက်မှာ ပြုလုပ်မယ့် သူ့ရဲ့ Developer Conference မှာ နောက်ဆုံးထုတ် Android Skin ဖြစ်တဲ့ EMUI 10 ကို ကြေညာမှာ ဖြစ်ပါတယ်။ ပွဲကို ၂ ရက်ကြာ ကျင်းပမှာ ဖြစ်ပြီး ကမ္ဘာအဝန်းမှ Developers ပေါင်း ၅၀၀၀ လောက် တက်ရောက်ကြမယ်လို့ သိရပါတယ်။ ပွဲကို Dongguan မှာ ကျင်းပမှာ ဖြစ်ပြီး ဟွာဝေးရဲ့ နောက်ဆုံးထုတ် ဆော့ဖ်ဝဲများကို ကြေညာမှာ ဖြစ်ပါတယ်။

Huawei Consumer Business Software ရဲ့ ဥက္ကဌ ဖြစ်သူ Wang Chenglu က EMUI နဲ့ ပတ်သက်ပြီး ဦးဆောင်ကြေညာမှာ ဖြစ်ပါတယ်။ EMUI 10 နဲ့ ပတ်သက်ပြီး သတင်းအချက်အလက်များစွာ မထွက်ပေါ်သေးပေမယ့် သူဟာ Android Q ကို အခြေပြု ဖန်တီးထားတာ ဖြစ်ပါတယ်။ ပေါက်ကြားထွက်ပေါ်နေတဲ့ သတင်းအရ EMUI 10 မှာ Visual အပိုင်းကို ဆန်းသစ်ထားမှာ ဖြစ်ပါတယ်။ အိုင်ကွန်နဲ့ UI Elements များကို အနည်းငယ် ပြောင်းလဲထားမှာ ဖြစ်ပြီး System-wide Font အသစ်ပါလာမှာ ဖြစ်ပါတယ်။

Multitasking များပြုလုပ်ရင် ပိုပြီး မြန်ဆန်လာမှာ ဖြစ်ပါတယ်။ Camera App ကိုလည်း ဒီဇိုင်း ဆန်းသစ်ထားပြီး လုပ်ဆောင်ချက်များ ပိုပါလာမှာ ဖြစ်ပါတယ်။ GPU Turbo 4.0 အသစ်က ဂိမ်းများကစားရင် အရမ်းကို ချောမွတ်လျှင်မြန်မှာ ဖြစ်ပါတယ်။ ဒုတိယ မျိုးဆက် ARK Compiler က ဖုန်းကို အချိန်အကြာကြီး အသုံးပြုရင်တောင် အလုပ်များကို လျှင်မြန်စေမှာ ဖြစ်ပါတယ်။ ဟွာဝေးက သူ့ရဲ့ Developer Conference မှာ HongMeng OS ရဲ့ သတင်းအချက်အလက် အချို့ကိုလည်း ပြောမယ်လို့ ထင်ပါတယ်။

Ref : gsmarena