Lamborghini ရဲ့ ၁၀၀ ရာခိုင်နှုန်း လျှပ်စစ်ကား Concept မော်ဒယ်ကို ဩဂုတ်လ ၁၈ ရက်နေ့ Monterey Car Week မှာ တွေ့ရတော့မှာ ဖြစ်ပါတယ်။

Lamborghini က လူမှုကွန်ရက်မှာ Teaser တစ်ခုကို တင်ထားပြီး Fans တွေက Lamborghini ရဲ့ ပထမဆုံး လျှပ်စစ်ကားကို စိတ်ဝင်စားနေကြပါတယ်။ Lamborghini က လျှပ်စစ်ကား မော်ဒယ်ကို မပြောသေးပါဘူး။

First-electric-Lamborghini

Lamborghini ဟာ စွမ်းဆောင်ရည်ကြောင့် လျှပ်စစ်ကားတွေ ထုတ်လုပ်ဖို့ နှောင့်နှေးနေခဲ့တာ ဖြစ်ပါတယ်။ အခုတော့ ပြိုင်ဖက်‌တွေဟာ စွမ်းရည်မြင့် လျှပ်စစ်ကားတွေကို ထုတ်လုပ်ရောင်းချလာကြတဲ့အတွက် Lamborghini ကလည်း အမီလိုက်ရတော့မှာ ဖြစ်ပါတယ်။

Lamborghini CEO Stephan Winkelmann က Auto Express နဲ့ အင်တာဗျူးမှာ ကုမ္ပဏီရဲ့ ပထမဆုံး လျှပ်စစ်ကားကို နေ့စဉ် အသုံးပြုလို့ရအောင် တည်ဆောက်ထားမယ်လို့ ပြောပါတယ်။ သူက ရာနှုန်းပြည့် လျှပ်စစ်ကားဟာ လောင်စာဆီသုံးကားတွေထက် ပိုမို စိတ်လှုပ်ရှားစရာကောင်းတယ်လို့ ပြောပါတယ်။

First-electric-Lamborghini

ကုမ္ပဏီရဲ့ ဒီဇိုင်း ဌာန အကြီးအကဲ Mitja Borkert က “ ကုမ္ပဏီရဲ့ လျှပ်စစ်ကားမှာ Lamborghini ရဲ့ ဒီဇိုင်း DNA ကို ၁၀၀ ရာခိုင်နှုန်း အသုံးပြုထားမှာပါ။ Aventador , Huracan နဲ့ Urus အပါအဝင် တခြား မော်ဒယ်တွေနဲ့ ကွဲထွက်မှာပါ။” လို့ ပြောပါတယ်။

Lamborghini က ၂၀၂၈ ခုနှစ်မှာ လျှပ်စစ်ကားကို ထုတ်လုပ်ရောင်းချဖို့ ရည်ရွယ်ထားပါတယ်။

Ref: electrek