Zawgyi
မြန်မာနိုင်ငံရဲ့  အကောင်းဆုံး ဆက်သွယ်ရေးအော်ပရေတာတစ်ခုဖြစ်သော Mytel ဟာ 5G နည်းပညာ စမ်းသပ်မှု အား အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ပါတယ်။ အခုလို အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့မှုကြောင့် Mytel ဟာ မြန်မာနိုင်ငံ အား 5G ကွန်ရက် ကို အောင်မြင်စွာ ယူဆောင်လာနိုင်ခဲ့သည့် အစောဆုံးနိုင်ငံတစ်နိုင်ငံ ဖြစ်လာစေခဲ့ပါတယ်။ ယခုလို လုပ်ဆောင်နိုင်မှုသည်လည်း Mytelရဲ့ မှတ်တိုင်သစ်တစ်ခု ဖြစ်လာခဲ့ပါတယ်။ အဲဒါကြောင့်ပဲ မြန်မာနိုင်ငံက မိုဘိုင်းသုံးစွဲသူများအတွက် အသစ်သစ်သော ခေတ်မီ နည်းပညာများကို အစဉ်အမြဲ ယူဆောင်လာပေးလျက်ရှိသော ရှေ့ပြေးတီထွင်သူအဖြစ် အောင်မြင်စွာ မှတ်ကျောက်တင်နိုင်ခဲ့ပြီဖြစ်ပါတယ်။
၂၀၁၉ ၊ ဇူလိုင်လ ၃၁ ရက်နေ့တွင် Mytel ရုံးမှ 5G နည်းပညာစမ်းသပ်သည့် အစီအစဉ်ကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ခြင်းကြောင့် Mytel အနေဖြင့် နိုင်ငံတကာရှိ ဆက်သွယ်ရေး အော်ပရေတာများအနက် 5G စမ်းသပ်နိုင်ခဲ့သည့် အော်ပရေတာ တစ်ခု အဖြစ် အသိအမှတ်ပြုခံရနိုင်မည့် အခွင့်အရေးကိုလည်း ကောင်းမွန်စွာ သိရှိနားလည်ထားပါတယ်။ အမြန်နှုန်းစမ်းသပ်မှု အား C band (3.5 GHz) ဖြင့် စမ်းသပ်ခဲ့ပါတယ်။ စမ်းသပ်နေစဉ်အတွင်း အမြင့်ဆုံးရောက်ရှိသွားသော မြန်နှုန်းမှာ 1.6 Gbps အထိရှိပြီး ထိုမြန်နှုန်းမှာ 4G ကွန်ရက် ထက် များစွာ မြန်ဆန်လှပြီး 4G ကွန်ရက်ဖြင့် အသုံးပြုမည်ဆိုပါက 150 Mbps ခန့်သာရှိမည်ဖြစ်တယ်။
ဂရုအစိုက်ဆုံး အော်ပရေတာတစ်ခုအနေဖြင့် Mytel သည် မကြာမီအချိန်အတွင်းမှာ 5G network အား ဈေးကွက်ထဲတွင် တရားဝင်ရောင်းချပေးသွားနိုင်တော့မှာဖြစ်ပါတယ်။ ယခုကဲ့သို့ နည်းပညာသစ်ကြီးအား Mytel မှ မြန်မာနိုင်ငံ သို့ ယူဆောင်လာပေးနိုင်ခဲ့သလို နောင်အနာဂတ်များတွင်လည်း Mytel မှ ဆန်းသစ်သော နည်းပညာများ နှင့် ထူးခြားကောင်းမွန်သော တိုးတက်မှုများကို ဆောင်ကျဉ်းပေးနိုင်ရန် အစဉ် ကြိုးစားလျက်ရှိပြီး ခေတ်မီအဆန်းသစ်ဆုံး တီထွင်မှုများကို သက်သာသောနှုန်းထားများဖြင့် ဖြန့်ဖြူးပေးသွားမည်ဟု သိရပါတယ်။
Unicode
မြန်မာနိုင်ငံ၏ ခေတ်အမှီဆုံး နှင့် ဂရုအစိုက်ဆုံး ဆက်သွယ်ရေးအော်ပရေတာဖြစ်သော Mytel သည် 5G နည်းပညာ စမ်းသပ်မှု အား အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့သည့် မြန်မာနိုင်ငံ၏ ပထမဦးဆုံး ဆက်သွယ်ရေး အော်ပရေတာ တစ်ခု ဖြစ်လာခဲ့ပါသည်။ ယခုကဲ့သို့ အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့မှုကြောင့် Mytel သည် မြန်မာနိုင်ငံ အား 5G ကွန်ရက် ကို အောင်မြင်စွာ ယူဆောင်လာနိုင်ခဲ့သည့် အစောဆုံးနိုင်ငံတစ်နိုင်ငံ ဖြစ်လာစေခဲ့ပါသည်။ ယခုလုပ်ဆောင်နိုင်မှုသည်လည်း Mytel ၏ မှတ်တိုင်သစ်တစ်ခု ဖြစ်လာခဲ့ပြီး Mytel သည်လည်း မြန်မာပြည်ရှိ မိုဘိုင်းသုံးစွဲသူများအတွက် အသစ်သစ်သော ခေတ်မီ နည်းပညာများကို အစဉ်အမြဲ ယူဆောင်လာပေးလျက်ရှိသော ရှေ့ပြေးတီထွင်သူအဖြစ် အောင်မြင်စွာ မှတ်ကျောက်တင်နိုင်ခဲ့ပြီဖြစ်ပါသည်။
၂၀၁၉ ၊ ဇူလိုင်လ ၃၁ ရက်နေ့တွင် Mytel ရုံး၌ 5G နည်းပညာစမ်းသပ်သည့် အစီအစဉ်ကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ခြင်းကြောင့် Mytel အနေဖြင့် နိုင်ငံတကာရှိ ဆက်သွယ်ရေး အော်ပရေတာများအနက် 5G စမ်းသပ်နိုင်ခဲ့သည့် အော်ပရေတာ တစ်ခု အဖြစ် အသိအမှတ်ပြုခံရနိုင်မည့် အခွင့်အရေးကိုလည်း ကောင်းမွန်စွာ သိရှိနားလည်ထားပါသည်။ အမြန်နှုန်းစမ်းသပ်မှု အား C band (3.5 GHz) ဖြင့် စမ်းသပ်ခဲ့ပါသည်။ စမ်းသပ်နေစဉ်အတွင်း အမြင့်ဆုံးရောက်ရှိသွားသော မြန်နှုန်းမှာ 1.6 Gbps အထိရှိပြီး ထိုမြန်နှုန်းမှာ 4G ကွန်ရက် ထက် များစွာ မြန်ဆန်လှပြီး 4G ကွန်ရက်ဖြင့် အသုံးပြုမည်ဆိုပါက 150 Mbps ခန့်သာရှိမည်ဖြစ်သည်။
“ကျွန်တော်တို့ ပြောနေကြအတိုင်းပဲ Mytel က သုံးစွဲသူတွေကို အမြဲရင်ခုန်စိတ်လှုပ်ရှားမှုတွေ ပေးသွားမှာပါ။ အခုလို 5G ကွန်ရက်ကို Mytel သုံးစွဲသူတွေအတွက် အသုံးပြုနိုင်အောင် စွမ်းဆောင်ပေးနိုင်ခဲ့တဲ့ ပထမဆုံး ဆက်သွယ်ရေး အော်ပရေတာတစ်ခု ဖြစ်လာတဲ့အတွက် လည်း တကယ် ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ 5G ကွန်ရက်ကို အသုံးပြုကြည့်တဲ့အခါ တကယ်ကို တစ်မူထူးခြားတဲ့ ခံစားမှုမျိုးရမှာပါ။ များမကြာမီအချိန်အတွင်းမှာလည်း လူအသွားအလာများတဲ့ နေရာတွေမှာ ကျွန်တော်တို့ရဲ့ 5G ကွန်ရက် ထောက်ပံ့ပေးသွားဖို့ရှိပါတယ်။” လို့ Mytel ၏ ပြင်ပဆက်ဆံရေး အမှုဆောင်အရာရှိချုပ် ဦးဇော်မင်းဦးမှ ပြောကြားခဲ့ပါသည်။
ဂရုအစိုက်ဆုံး အော်ပရေတာတစ်ခုအနေဖြင့် Mytel သည် မကြာမီအချိန်အတွင်းမှာ 5G network အား ဈေးကွက်ထဲတွင် တရားဝင်ရောင်းချပေးသွားနိုင်တော့မှာဖြစ်ပါသည်။ ယခုကဲ့သို့ နည်းပညာသစ်ကြီးအား Mytel မှ မြန်မာနိုင်ငံ သို့ ယူဆောင်လာပေးနိုင်ခဲ့သလို နောင်အနာဂတ်များတွင်လည်း Mytel မှ ဆန်းသစ်သော နည်းပညာများ နှင့် ထူးခြားကောင်းမွန်သော တိုးတက်မှုများကို ဆောင်ကျဉ်းပေးနိုင်ရန် အစဉ် ကြိုးစားလျက်ရှိပြီး ခေတ်မီအဆန်းသစ်ဆုံး တီထွင်မှုများကို သက်သာသောနှုန်းထားများဖြင့် ဖြန့်ဖြူးပေးသွားမည်ဖြစ်ပါသည်။