[Zawgyi]

စမတ္ဖုန္းကုမၸဏီေတြက သူတုိ႔ဖုန္းေတြမွာသံုးမယ့္ Chipset ေတြအတြက္ Chipset ကုမၸဏီေတြကို ထုိင္အားမကိုးေတာ့ဘဲ ကိုယ္ပုိင္ Chipset ေတြထုတ္လာခဲ့ၾကပါတယ္။

Huawei နဲ႔ Apple တို႔ကေတာ့ သူတို႔ရဲ႕ ပထမဆံုးေသာ 7nm Chipset အသစ္ေတြျဖစ္တဲ့ Kirin 980 နဲ႔ A12/12x Chipset  ေတြကိုထုတ္ျပီး Chipset ကုမၸဏီၾကီးေတြကို အႏုိင္ပိုင္းထားပါတယ္။ အခုတတိယအေနနဲ႔ Samsung အလွည့္ေရာက္လာပါျပီ။

Samsung Exynos Twitter အေကာင့္မွာေတာ့ “Intelligence from within” ဆိုတဲ့စာနဲ႔ ေအာက္မွာ November 14,2018 လို႔ေရးထားတဲံ ပံုတစ္ပံုတက္လာပါတယ္။ မွန္းထားတဲ့အတုိင္းသာဆိုရင္ Samsung ရဲ႕ Flagship Processor အသစ္ျဖစ္လာမယ့္ Exynos 9820 ကို မိတ္ဆက္လာေတာ့မယ့္ေန႔ ျဖစ္ႏုိင္ပါတယ္။

Android မွာ Kirin ျပီးရင္ ဒုုတိယေျမာက္ 7nm Chipset ျဖစ္ျပီး Galaxy S10 Series ေတြမွာ သံုးလာမယ့္ ပံုပါပဲ။ Kirin 980 နဲ႔ ဖြဲ႔စည္းမႈပံုစံခပ္ဆင္ဆင္ျဖစ္ျပီးေတာ့ AI စြမ္းရည္ေတြလည္း အဆင့္ျမွင့္ထားတယ္လို႔ ဆိုပါတယ္။

ဘယ္လိုပဲေနေန မိုဘုိင္းလ္ဖုန္းေတြထဲမွာ အေကာင္းဆံုးဆိုတဲ့ Chipset ကေတာ့ A12X ပါပဲ. သူ႔ကိုဘယ္သူမွမေက်ာ္ႏုိင္ေသးတဲ့အတြက္ Exynos 9820 နဲ႔ Qualcomm က မိတ္ဆက္ေတာ့မယ့္ Processor အသစ္တုိ႔ရဲ႕ အေျခအေနကို ေတာ္ေတာ္စိတ္ဝင္စားမိပါတယ္။

Source: GizmoChina

 

[Unicode]

စမတ်ဖုန်းကုမ္ပဏီတွေက သူတို့ဖုန်းတွေမှာသုံးမယ့် Chipset တွေအတွက် Chipset ကုမ္ပဏီတွေကို ထိုင်အားမကိုးတော့ဘဲ ကိုယ်ပိုင် Chipset တွေထုတ်လာခဲ့ကြပါတယ်။

Huawei နဲ့ Apple တို့ကတော့ သူတို့ရဲ့ ပထမဆုံးသော 7nm Chipset အသစ်တွေဖြစ်တဲ့ Kirin 980 နဲ့ A12/12x Chipset  တွေကိုထုတ်ပြီး Chipset ကုမ္ပဏီကြီးတွေကို အနိုင်ပိုင်းထားပါတယ်။ အခုတတိယအနေနဲ့ Samsung အလှည့်ရောက်လာပါပြီ။

Samsung Exynos Twitter အကောင့်မှာတော့ “Intelligence from within” ဆိုတဲ့စာနဲ့ အောက်မှာ November 14,2018 လို့ရေးထားတဲံ ပုံတစ်ပုံတက်လာပါတယ်။ မှန်းထားတဲ့အတိုင်းသာဆိုရင် Samsung ရဲ့ Flagship Processor အသစ်ဖြစ်လာမယ့် Exynos 9820 ကို မိတ်ဆက်လာတော့မယ့်နေ့ ဖြစ်နိုင်ပါတယ်။

Android မှာ Kirin ပြီးရင် ဒုတိယမြောက် 7nm Chipset ဖြစ်ပြီး Galaxy S10 Series တွေမှာ သုံးလာမယ့် ပုံပါပဲ။ Kirin 980 နဲ့ ဖွဲ့စည်းမှုပုံစံခပ်ဆင်ဆင်ဖြစ်ပြီးတော့ AI စွမ်းရည်တွေလည်း အဆင့်မြှင့်ထားတယ်လို့ ဆိုပါတယ်။

ဘယ်လိုပဲနေနေ မိုဘိုင်းလ်ဖုန်းတွေထဲမှာ အကောင်းဆုံးဆိုတဲ့ Chipset ကတော့ A12X ပါပဲ. သူ့ကိုဘယ်သူမှမကျော်နိုင်သေးတဲ့အတွက် Exynos 9820 နဲ့ Qualcomm က မိတ်ဆက်တော့မယ့် Processor အသစ်တို့ရဲ့ အခြေအနေကို တော်တော်စိတ်ဝင်စားမိပါတယ်။

Source: GizmoChina