[Zawgyi]

ၾသဂုတ္လရဲ႕ ေနာက္ဆုံးရက္တုန္းက ကိုရီးယားမီဒီယာအခ်ိဳ႕ဟာ စက္တင္ဘာလ ၆ ရက္ေန႔ေရာက္ရင္ Samsung Galaxy Fold ကို ေတာင္ကိုရီးယားမွာ ဝယ္ယူလို႔ရလိမ့္မယ္လို႔ ေရးသားေဖာ္ျပခဲ့ၾကပါတယ္။ ဒီသတင္းနဲ႔ပတ္သက္ၿပီး ကုမၸဏီဘက္က တရားဝင္အတည္မျပဳခဲ့ေပမယ့္ အခုေတာ့ တကယ္ျဖစ္လာခဲ့ပါၿပီ။

ႏွစ္ဦးပိုင္းကတည္းက ေစာင့္ဆိုင္းခဲ့ရတဲ့ Galaxy Fold ဟာ ေတာင္ကိုရီးယားေဈးကြက္မွာေတာ့ ျဖန႔္ခ်ိၿပီးနာရီပိုင္းအခ်ိန္အတြင္း ပထမတစ္သုတ္ကုန္ေအာင္ ေရာင္းႏိုင္ခဲ့တယ္လို႔ သိရပါတယ္။ အခုအခ်ိန္မွာေတာ့ အသုံးျပဳသူေတြရဲ႕ လက္ထဲကိုေရာက္သြားၿပီျဖစ္တာေၾကာင့္ ဒီ Foldable ဖုန္းရဲ႕ အားနည္းခ်က္၊ အားသာခ်က္ေတြအကုန္လုံးဟာ ေစာင့္ၾကည့္ေနတဲ့မ်က္လုံးေတြရဲ႕ေအာက္မွာ ေပၚေပါက္လာေတာ့မွာပဲ ျဖစ္ပါတယ္။

The Korea Herald ရဲ႕ ေရးသားေဖာ္ျပခ်က္မွာေတာ့ အာရွမွာ Galaxy Fold ရဲ႕ အစျပဳမႈက Samsung အတြက္ ေကာင္းတဲ့အလားအလာေတြ ရွိေနတယ္လို႔ သိရပါတယ္။ Carrier သုံးခုဟာ Galaxy Fold ေတြ သူတို႔ခြဲတမ္းရတဲ့ Galaxy Fold ေတြကို အကုန္လုံးေရာင္းခ်ႏိုင္ခဲ့တာပါ။ အေရအတြက္ကို တရားဝင္ေဖာ္ျပထားျခင္းမရွိေပမယ့္ ဒါဟာ အနည္းဆုံးေတာ့ ေထာင္ဂဏန္းရွိလိမ့္မယ္လို႔ ယုံၾကည္ရပါတယ္။

တစ္ခုသတိထားရမွာကေတာ့ အခုေဖာ္ျပထားတဲ့ Galaxy Fold ေရာင္းခ်မႈဟာ Carrier ေတြရဲ႕ေရာင္းခ်မႈသာျဖစ္ၿပီး ဝက္ဘ္ဆိုက္နဲ႔ စတိုးဆိုင္ေတြကတစ္ဆင့္ ဘယ္ေလာက္ေရာင္းခ်ထားလဲဆိုတဲ့ပမာဏ ပါဝင္ျခင္းမရွိေသးတာပါ။ Galaxy Fold ရဲ႕ ေဈးႏႈန္ျဖစ္တဲ့ $ 2,000 (သိန္း ၃၀)ဝန္းက်င္ဟာ ေတာင္ကိုရီးယားေဈးကြက္အတြက္ ႀကီးမားတဲ့အဟန႔္အတားကို မျဖစ္ေစဘူးလို႔ ယုံၾကည္ရပါတယ္။ ဒါေၾကာင့္ တ႐ုတ္ေဈးကြက္ရဲ႕အလားအလာကို ဆက္ၿပီးေစာင့္ၾကည့္ခ်င္စရာပါ။

Ref: Phone Arena

[Unicode]

Samsung Galaxy Fold ကို တောင်ကိုရီးယားမှာ စတင်ရောင်းချလိုက်ပြီဖြစ်ကြောင်း သိရ

သြဂုတ်လရဲ့ နောက်ဆုံးရက်တုန်းက ကိုရီးယားမီဒီယာအချို့ဟာ စက်တင်ဘာလ ၆ ရက်နေ့ရောက်ရင် Samsung Galaxy Fold ကို တောင်ကိုရီးယားမှာ ဝယ်ယူလို့ရလိမ့်မယ်လို့ ရေးသားဖော်ပြခဲ့ကြပါတယ်။ ဒီသတင်းနဲ့ပတ်သက်ပြီး ကုမ္ပဏီဘက်က တရားဝင်အတည်မပြုခဲ့ပေမယ့် အခုတော့ တကယ်ဖြစ်လာခဲ့ပါပြီ။

နှစ်ဦးပိုင်းကတည်းက စောင့်ဆိုင်းခဲ့ရတဲ့ Galaxy Fold ဟာ တောင်ကိုရီးယားဈေးကွက်မှာတော့ ဖြန့်ချိပြီးနာရီပိုင်းအချိန်အတွင်း ပထမတစ်သုတ်ကုန်အောင် ရောင်းနိုင်ခဲ့တယ်လို့ သိရပါတယ်။ အခုအချိန်မှာတော့ အသုံးပြုသူတွေရဲ့ လက်ထဲကိုရောက်သွားပြီဖြစ်တာကြောင့် ဒီ Foldable ဖုန်းရဲ့ အားနည်းချက်၊ အားသာချက်တွေအကုန်လုံးဟာ စောင့်ကြည့်နေတဲ့မျက်လုံးတွေရဲ့အောက်မှာ ပေါ်ပေါက်လာတော့မှာပဲ ဖြစ်ပါတယ်။

The Korea Herald ရဲ့ ရေးသားဖော်ပြချက်မှာတော့ အာရှမှာ Galaxy Fold ရဲ့ အစပြုမှုက Samsung အတွက် ကောင်းတဲ့အလားအလာတွေ ရှိနေတယ်လို့ သိရပါတယ်။ Carrier သုံးခုဟာ Galaxy Fold တွေ သူတို့ခွဲတမ်းရတဲ့ Galaxy Fold တွေကို အကုန်လုံးရောင်းချနိုင်ခဲ့တာပါ။ အရေအတွက်ကို တရားဝင်ဖော်ပြထားခြင်းမရှိပေမယ့် ဒါဟာ အနည်းဆုံးတော့ ထောင်ဂဏန်းရှိလိမ့်မယ်လို့ ယုံကြည်ရပါတယ်။

တစ်ခုသတိထားရမှာကတော့ အခုဖော်ပြထားတဲ့ Galaxy Fold ရောင်းချမှုဟာ Carrier တွေရဲ့ရောင်းချမှုသာဖြစ်ပြီး ဝက်ဘ်ဆိုက်နဲ့ စတိုးဆိုင်တွေကတစ်ဆင့် ဘယ်လောက်ရောင်းချထားလဲဆိုတဲ့ပမာဏ ပါဝင်ခြင်းမရှိသေးတာပါ။ Galaxy Fold ရဲ့ ဈေးနှုန်ဖြစ်တဲ့ $ 2,000 (သိန်း ၃၀)ဝန်းကျင်ဟာ တောင်ကိုရီးယားဈေးကွက်အတွက် ကြီးမားတဲ့အဟန့်အတားကို မဖြစ်စေဘူးလို့ ယုံကြည်ရပါတယ်။ ဒါကြောင့် တရုတ်ဈေးကွက်ရဲ့အလားအလာကို ဆက်ပြီးစောင့်ကြည့်ချင်စရာပါ။

Ref: Phone Arena