[Zawgyi]

Galaxy Fold ကေတာ့ မ်က္ႏွာျပင္ျပႆနာကို ျပန္လည္ျပဳျပင္ၿပီး ေတာင္ကိုရီးယားမွာ ေအာင္ေအာင္ ျမင္ျမင္နဲ႔ ျဖန႔္ခ်ိခဲ့ၿပီး ျဖစ္ပါတယ္။ ဒါေပမယ့္လည္း ေတာင္ကိုရီးယား ကုမၸဏီႀကီးအတြက္ ဝယ္ယူမယ့္သူေတြရဲ႕ သံသယကို ဘယ္လိုေလ်ာ့ပါးေအာင္လုပ္မလဲဆိုတဲ့ ေမးခြန္းအတြက္ ေက်နပ္ေလာက္စရာ အေျဖကို ဆက္ၿပီးရွာေဖြရဦးမွာပါ။

လတ္တေလာေတာ့ Galaxy Fold ကို အေမရိကန္ေဈးကြက္ထဲ ပို႔ေဆာင္ေတာ့မွာပါ။ လာမယ့္ စက္တင္ဘာလ ၂၇ ရက္ေန႔မွာ $1980 (သိန္း ၃၀ စြန္းစြန္း) နဲ႔ စတင္ ေရာင္းခ်ေတာ့မွာ ျဖစ္ပါတယ္။ အေမရိကန္ေဈးကြက္မွာေတာ့ Galaxy Fold ရဲ႕ မ်က္ႏွာျပင္အတြက္ စိတ္ဝင္စားစရာေကာင္းတဲ့ ကမ္းလွမ္းမႈတစ္ခုကို Samsung က ျပဳလုပ္ေပးထားတာကို ေတြ႕ရပါတယ္။

၂၀၁၉ ခုႏွစ္ ဒီဇင္ဘာ ၃၁ တစ္ရက္ေန႔မတိုင္မီ အေမရိကန္က Galaxy Fold ဝယ္ယူသူေတြအေနနဲ႔ ပထမအႀကိမ္ မ်က္ႏွာျပင္ လဲလွယ္တပ္ဆင္မယ္ဆိုရင္ $149 (၂ သိန္း ၃ ေသာင္းဝန္းက်င္) ပဲ က်သင့္မယ္လို႔ Samsung က ေၾကညာထားတာ ျဖစ္ပါတယ္။ ဒါေပမယ့္ ဒီလိုလဲလွယ္လိုက္တာဟာ အာမခံ ၁ ႏွစ္သက္တမ္း ေတာ့ထပ္ၿပီးရမွာ မဟုတ္ဘူးလို႔ သိရပါတယ္။

မၾကာခင္ကမွ ျပဳလုပ္ခဲ့တဲ့ အၾကမ္းခံမႈစမ္းသပ္ျခင္းမွာ Galaxy Fold ရဲ႕ Polymer မ်က္ႏွာျပင္ဟာ ထိခိုက္ပ်က္စီးဖို႔ လြယ္ကူလြန္းတာကို ေတြ႕ျမင္ၿပီး စိတ္မခ်ျဖစ္ေနၾကတဲ့ ဝယ္ယူသူေတြအတြက္ေတာ့ အနည္းငယ္စိတ္သက္သာရာ ရေစမယ့္ သတင္းေကာင္းလို႔ ဆိုရမွာပါ။ ကုမၸဏီကေတာ့ Galaxy Fold နဲ႔ပတ္သက္ၿပီး ကိုင္တြယ္ပုံကိုင္တြယ္နည္း၊ ထိမ္းသိမ္းေစာင့္ေရွာက္နည္းေတြကိုပါ ထုတ္ျပန္ေနရတာပဲ ျဖစ္ပါတယ္။

Ref: GSM Arena

[Unicode]

US ဈေးကွက်မှာ Galaxy Fold မျက်နှာပြင်ကို ပထမတစ်ကြိမ် လဲမယ်ဆိုရင် ၂ သိန်း ၃ သောင်းဝန်းကျင်ပဲ ကုန်ကျမယ်လို့ Samsung ကြေညာ

Galaxy Fold ကတော့ မျက်နှာပြင်ပြဿနာကို ပြန်လည်ပြုပြင်ပြီး တောင်ကိုရီးယားမှာ အောင်အောင် မြင်မြင်နဲ့ ဖြန့်ချိခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမယ့်လည်း တောင်ကိုရီးယား ကုမ္ပဏီကြီးအတွက် ဝယ်ယူမယ့်သူတွေရဲ့ သံသယကို ဘယ်လိုလျော့ပါးအောင်လုပ်မလဲဆိုတဲ့ မေးခွန်းအတွက် ကျေနပ်လောက်စရာ အဖြေကို ဆက်ပြီးရှာဖွေရဦးမှာပါ။

လတ်တလောတော့ Galaxy Fold ကို အမေရိကန်ဈေးကွက်ထဲ ပို့ဆောင်တော့မှာပါ။ လာမယ့် စက်တင်ဘာလ ၂၇ ရက်နေ့မှာ $1980 (သိန်း ၃၀ စွန်းစွန်း) နဲ့ စတင် ရောင်းချတော့မှာ ဖြစ်ပါတယ်။ အမေရိကန်ဈေးကွက်မှာတော့ Galaxy Fold ရဲ့ မျက်နှာပြင်အတွက် စိတ်ဝင်စားစရာကောင်းတဲ့ ကမ်းလှမ်းမှုတစ်ခုကို Samsung က ပြုလုပ်ပေးထားတာကို တွေ့ရပါတယ်။

၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၃၁ တစ်ရက်နေ့မတိုင်မီ အမေရိကန်က Galaxy Fold ဝယ်ယူသူတွေအနေနဲ့ ပထမအကြိမ် မျက်နှာပြင် လဲလှယ်တပ်ဆင်မယ်ဆိုရင် $149 (၂ သိန်း ၃ သောင်းဝန်းကျင်) ပဲ ကျသင့်မယ်လို့ Samsung က ကြေညာထားတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီလိုလဲလှယ်လိုက်တာဟာ အာမခံ ၁ နှစ်သက်တမ်း တော့ထပ်ပြီးရမှာ မဟုတ်ဘူးလို့ သိရပါတယ်။

မကြာခင်ကမှ ပြုလုပ်ခဲ့တဲ့ အကြမ်းခံမှုစမ်းသပ်ခြင်းမှာ Galaxy Fold ရဲ့ Polymer မျက်နှာပြင်ဟာ ထိခိုက်ပျက်စီးဖို့ လွယ်ကူလွန်းတာကို တွေ့မြင်ပြီး စိတ်မချဖြစ်နေကြတဲ့ ဝယ်ယူသူတွေအတွက်တော့ အနည်းငယ်စိတ်သက်သာရာ ရစေမယ့် သတင်းကောင်းလို့ ဆိုရမှာပါ။ ကုမ္ပဏီကတော့ Galaxy Fold နဲ့ပတ်သက်ပြီး ကိုင်တွယ်ပုံကိုင်တွယ်နည်း၊ ထိမ်းသိမ်းစောင့်ရှောက်နည်းတွေကိုပါ ထုတ်ပြန်နေရတာပဲ ဖြစ်ပါတယ်။

Ref: GSM Arena