[Zawgyi]





[Unicode]

Samsung ကတော့ သူ့ရဲ့ Galaxy A Series တွေရော လာမယ့် M -Series တွေမှာပါ AMOLED Display တွေအစား LCD တွေပဲ သုံးတော့မယ်လို့ သိပြီးခဲ့ပါပြီ။

အခု Galaxy M တွေနဲ့ ပတ်သတ်ပြီး Display အပြင် နောက်ထပ်သိခဲ့ရတာက ထွက်လာမယ့် ဖုန်း Model ၂မျိုးရဲ့  Storage ပမာဏပါ။

Model 2 မျိုးရဲ့နံပါတ်တွေကတော့ SM-M205F နဲ့ SM-M305F ဖြစ်ပြီး Galaxy M20 နဲ့ M30 ဖြစ်မယ်လို့ ထင်ပါတယ်။ M20 ကတော့ 32GB/64GB နဲ့လာနိုင်ပြီး M30 ကတော့ 64GB/128GB နဲ့ လာနိုင်ပါတယ်။ ၂ခုလုံးကတော့ Dual-SIM သုံးလို့ရမှာပါ။

လက်ရှိအချိန်ထိကတော့ Galaxy A နဲ့ M Series တွေနဲ့ ပတ်သတ်ပြီး ဒီလောက်ပဲ သိရသေးတာဖြစ်ပြီး ပွဲမှာတရားဝင်မိတ်ဆက်လာတဲ့အချိန်ကျရင်တော့ ပုံတွေနဲ့ Specs တွေနဲ့အတူတူ ပြန်လာခဲ့ပါမယ်..