Tesla က တရုတ်မှာ Giga Lab Concept စတိုးကို ဖွင့်လှစ်လိုက်ပြီး ကုမ္ပဏီရဲ့ ကားထုတ်လုပ်မှုစွမ်းရည်ကို ပြသထားပါတယ်။

Giga Lab: Tesla's latest concept store in China can build cars in 45 seconds

ကုမ္ပဏီက စတိုးရဲ့ အတွင်းပိုင်း တည်ဆောက်ပုံတွေဟာ Shanghai Gigafactory နဲ့တူအောင် တည်ဆောက်ထားတာလို့ ပြောပြီး Tesla ကားတွေ ထုတ်လုပ်တာကို ပြသထားပါတယ်။ Customer တွေဟာ Tesla ကားတွေ ရဲ့ အလှတရားကို ခံစားနိုင်တယ်လို့ Tesla Asia က တွစ်တာမှာ ရေးသားထားပါတယ်။

Giga Lab: Tesla's latest concept store in China can build cars in 45 seconds

Tesla ဟာ ၂၀၁၉ ခုနှစ်မှာ မြေပြင်စတိုး ကနေ အွန်လိုင်းကနေ ရောင်းချတဲ့စနစ်ကို ပြောင်းလဲခဲ့ပေမယ့် ပြိုင်ဆိုင်မှုပြင်းထန်တဲ့ နိုင်ငံတွေမှာတော့ မြေပြင်စတိုးတွေကို တိုးချဲ့ခဲ့ပါတယ်။ အထူးသဖြင့် တရုတ်မှာ ဖြစ်ပါတယ်။ Tesla က ပြိုင်ဖက် လျှပ်စစ်ကား ကုမ္ပဏီများစွာ ရှိတဲ့ တရုတ်မှာ အခု စတိုးကို ဖွင့်လှစ်ခြင်းဖြင့် အားဖြည့် ယှဉ်ပြိုင်တာ ဖြစ်ပါတယ်။

အခု စတိုးမှာ Tesla Model 3 ကို အလိုအလျှောက် စနစ်ကို အသုံးပြုကာ  ၄၅ စက္ကန့်ထဲနဲ့ ထုတ်လုပ်တာကို ပြသထားပါတယ်။ အဲဒီအတွက် Customer တွေဟာ ရှန်ဟိုင်းက Gigafactory မှာ ကားတွေ ဘယ်လို ထုတ်လုပ်သလဲဆိုတာကို စတိုးမှာ လေ့လာနိုင်ပါတယ်။ စတိုးမှာ လျှပ်စစ်ကား ဘက်ထရီတွေကိုပါ ပြသထားပါတယ်။

ရှန်ဟိုင်းက Gigafactory ကို ၂၀၁၉ ခုနှစ်မှာ စတင် လည်ပတ်ခဲ့ပြီး ၂၀၂၂ ခုနှစ်မှာ ကမ္ဘာ့အကြီးဆုံး လျှပ်စစ်ကား ထုတ်လုပ်တဲ့ စက်ရုံ ဖြစ်လာပါတယ်။

Ref : interestingengineering