Gionee က တရုတ်မှာ iPhone 13 ဒီဇိုင်းနဲ့ အရမ်း ဆင်တူတဲ့ G13 Pro ကို ကြေညာလိုက်ပါတယ်။ Notch ပါတဲ့ မျက်နှာပြင်ကနေ ပြားချပ်တဲ့ ဘေးဘက် ဖရိမ်၊ အနောက်ကင်မရာတွေကို ထောင့်ဖြတ် တပ်ဆင်ထားတာ အဆုံး ဒီဇိုင်း အားလုံးနီးပါးဟာ iPhone 13 နဲ့ တော်တော် တူပါတယ်။ ဒါပေမယ့် Gionee G13 Pro မှာ Huawei ရဲ့ HarmonyOS မောင်းနှင်ထားပြီး HMS Ecosystem အပြည့်အစုံ ပါလာပါတယ်။

Gionee G13 Pro looks like an iPhone 13 but runs HarmonyOS - GSMArena.com  news

Gionee G13 Pro ရဲ့ Specifications တွေကို ပြောပြချင်ပါတယ်။ ၆.၂၆ လက်မ FullHD+ မျက်နှာပြင် တပ်ဆင်ထားပြီး LCD Panel အမျိုးအစား ဖြစ်ပါတယ်။ Aspect Ratio က 19:9 ဖြစ်ပြီး အရှေ့ဘက် မျက်နှာပြင်က Notch မှာ 5MP ဆဲလ်ဖီး ကင်မရာ ၁ လုံး တပ်ဆင်ထားကာ စမတ်ဖုန်းကို ဆဲလ်ဖီး ကင်မရာကနေ Unlock ပြုလုပ်နိုင်ပါတယ်။ Unisoc T310 Chipset မောင်းနှင်ထားပြီး 4GB RAM ပါလာပါတယ်။ Storage အပိုင်းမှာ ၂ မျိုး ရွေးချယ်နိုင်ပြီး 32GB နဲ့ 128GB Storage တို့ ဖြစ်ကြပါတယ်။

Gionee G13 Pro looks like an iPhone 13 but runs HarmonyOS - GSMArena.com  news

အနောက်ကင်မရာတွေ အကြောင်း ပြောရမယ်ဆိုရင် 13MP Main ကင်မရာကို 2MP Macro ကင်မရာနဲ့ အားဖြည့်ထားပါတယ်။ 3,500mAh ဘက်ထရီ တပ်ဆင်ထားပြီး အားသွင်းတာနဲ့ ဒေတာကူးပြောင်းတာ လျှင်မြန်စေတဲ့ USB-C Port ပါလာပါတယ်။

Gionee 13 Pro အတွက် Blue , Gold, Purple နဲ့ Black အရောင် ၄ မျိုး ထုတ်လုပ်ထားပါတယ်။ တန်ဖိုးအနည်းဆုံး မော်ဒယ် ဖြစ်တဲ့ Gionee 13 Pro 4/32GB ကို ၅၂၉ ယွမ်နဲ့ 4/128GB Version ကို ၆၉၉ ယွမ် သတ်မှတ်ထားပြီး လက်ရှိပေါက်ဈေးအရ မြန်မာငွေနဲ့တွက်ရင် ၁၄၀,၀၀၀ နဲ့ ၁၉၀,၀၀၀ ဝန်းကျင် အသီးသီး ကျသင့်မှာ ဖြစ်ပါတယ်။ တရုတ်မှာ JD.com အွန်လိုင်း စတိုးကနေ ရောင်းချပေးနေပါပြီ။

Ref : gsmarena