Gionee ကနေ အခုနောက်ဆုံးဈေးနှုန်းသင့်တင့်တဲ့ဖုန်းတစ်ခုဖြစ်တဲ့ Gionee S10 Lite စမတ်ဖုန်းကို အသစ်ထုတ်လုပ်လိုက်ပြီဖြစ်ပါတယ်။ အခု Gionee S10 Lite စမတ်ဖုန်းအသစ်ဟာဆိုရင် Qualcomm ရဲ့ နောက်ဆုံးထွက်ရှိထားတဲ့ Mid Range Snapdragon CPU ကို အသုံးပြုထားပြီးတော့ 16MP Selfie ပါဝင်တာကို တွေ့ရပါတယ်။

Gionee S10 Lite စမတ်ဖုန်းမှာ 5.2″ HD Display ပါဝင်မှာဖြစ်ပြီး အခုနောက်ပိုင်း ခေတ်စားလာတဲ့ 18:9 Ratio Display တော့မဟုတ်သေးတဲ့အတွက် Fingerprint Scanner က အနောက်မှာမဟုတ်ပဲ ပုံမှန်အတိုင်းသုံးရတာလွယ်ကူတဲ့ ဖုန်းရဲ့အရှေ့ဘက် Home Key မှာပဲ တပ်ဆင်ထားမှာဖြစ်ပါတယ်။

Specifications တွေအနေနဲ့ကတော့ Qualcomm ရဲ့ Mid Range Series CPU တွေထဲမှာ နောက်ဆုံးထွက်ရှိထားတဲ့ Snapdragon 427 CPU ကို အသုံးပြုထားပြီး RAM 4GB နဲ့ 32GB Storage တွေပါဝင်မှာဖြစ်ပါတယ်။ ကင်မရာပိုင်းအနေနဲ့ကတော့ 13MP Back Camera နဲ့ Selfie Camera ကိုတော့ 16MP ထည့်သွင်းပေးထားတာကို တွေ့ရပါတယ်။

အခု Gionee S10 Lite စမတ်ဖုန်းကို Android Version 7.1 Nougat နဲ့ ထုတ်လုပ်ထားတာဖြစ်ပြီးတော့ 3100mAh Battery လည်းပါဝင်မယ်လို့ သိရပါတယ်။ ဈေးနှုန်းအနေနဲ့ကတော့ ဒေါ်လာ ၂၅၀ အောက်ဝန်းကျင်နဲ့ ရောင်းချသွားမှာပဲဖြစ်ပါတယ်။