[Zawgyi]

Honor 9X ကို လာမယ့္ ရက္သတၱပတ္ထဲမွာ တရားဝင္ မိတ္ဆက္ေပးေတာ့မွာပါ။ ဒီၾကားထဲမွာ Honor 9X နဲ႔ ပတ္သက္တဲ့ ေပါက္ၾကားမႈေတြ ေပၚေပါက္ခဲ့ေပမယ့္ စမတ္ဖုန္းရဲ႕ ကိုယ္ထည္ကို ျပသထားတဲ့ တရားဝင္ Teaser ကေတာ့ အခုမွ ထြက္ေပၚလာတာပါ။

Teaser မွာက Honor 9X ရဲ႕ ေက်ာဘက္ကိုပဲ ျမင္ေတြ႕ရပါေသးတယ္။ ဒါေၾကာင့္ မ်က္ႏွာျပင္က ဘယ္လိုရွိမလဲဆိုတာကို ေစာင့္ဆိုင္းရပါဦးမယ္။ Kirin 810 SoC အသုံးျပဳထားမယ့္ Honor 9X ဟာ ေဈးႏႈန္းသင့္တင့္တဲ့ Mid-range ဖုန္းတစ္လုံးျဖစ္မယ္လို႔ အားလုံးက ေမွ်ာ္မွန္းထားၾကပါတယ္။ အထူးသျဖင့္ ၿပီးခဲ့တဲ့ႏွစ္က ထြက္ခဲ့တဲ့ Honor 8X ထက္ ပိုၿပီးေမွ်ာ္လင့္ေနၾကတာ ျဖစ္ပါတယ္။

Honor 9X နဲ႔ပတ္သက္ၿပီး TENAA ကတစ္ဆင့္ Specs ေတြ သိၿပီးၾကၿပီ ျဖစ္မွာပါ။ ဒါေပမယ့္ ပေဟဠိျဖစ္ရတာက TENAA မွာ 48MP main + 2MP depth sensor ဆိုၿပီး ကင္မရာႏွစ္လုံးနဲ႔ပဲ ေဖာ္ျပခဲ့ေပမယ့္ အခုထြက္လာတဲ့ Teaser မွာေတာ့ ေက်ာဘက္ ကင္မရာသုံးလုံးပါရွိေနတာပါ။

ယခင္ေပါက္ၾကားမႈေတြကို ျပန္ၾကည့္မယ္ဆိုရင္လည္း Honor 9X ဟာ Pop-up ကင္မရာနဲ႔ျဖစ္ၿပီး ေက်ာဘက္ကင္မရာ ႏွစ္လုံးသာ တပ္ဆင္ထားတယ္လို႔ ေဖာ္ျပခဲ့တာပါ။ ေက်ာဘက္ကင္မရာ သုံးလုံးပါဝင္တာက Honor 9X Pro ျဖစ္တာကိုလည္း ေတြ႕ျမင္ခဲ့ၾကရမွာပါ။ ဒါေပမယ့္ Weibo မွာေတာ့ Honor 9X အေနနဲ႔ပဲ ေဖာ္ျပလာခဲ့တာ ျဖစ္ပါတယ္။ ဒါေၾကာင့္ Honor 9X နဲ႔ 9X Pro တို႔နဲ႔ပတ္သက္တဲ့ တိက်ေသခ်ာတဲ့ အခ်က္အလက္ေတြကို ထပ္ၿပီး ေစာင့္ၾကည့္ရဦးမွာ ျဖစ္ပါတယ္။

Ref: GSM Arena

[Unicode]

Honor 9X အနေနဲ့ထွက်ပေါ်လာတဲ့ပုံမှာ ကျောဘက်ကင်မရာသုံးလုံးကို တွေ့မြင်ရ

Honor 9X ကို လာမယ့် ရက်သတ္တပတ်ထဲမှာ တရားဝင် မိတ်ဆက်ပေးတော့မှာပါ။ ဒီကြားထဲမှာ Honor 9X နဲ့ ပတ်သက်တဲ့ ပေါက်ကြားမှုတွေ ပေါ်ပေါက်ခဲ့ပေမယ့် စမတ်ဖုန်းရဲ့ ကိုယ်ထည်ကို ပြသထားတဲ့ တရားဝင် Teaser ကတော့ အခုမှ ထွက်ပေါ်လာတာပါ။

Teaser မှာက Honor 9X ရဲ့ ကျောဘက်ကိုပဲ မြင်တွေ့ရပါသေးတယ်။ ဒါကြောင့် မျက်နှာပြင်က ဘယ်လိုရှိမလဲဆိုတာကို စောင့်ဆိုင်းရပါဦးမယ်။ Kirin 810 SoC အသုံးပြုထားမယ့် Honor 9X ဟာ ဈေးနှုန်းသင့်တင့်တဲ့ Mid-range ဖုန်းတစ်လုံးဖြစ်မယ်လို့ အားလုံးက မျှော်မှန်းထားကြပါတယ်။ အထူးသဖြင့် ပြီးခဲ့တဲ့နှစ်က ထွက်ခဲ့တဲ့ Honor 8X ထက် ပိုပြီးမျှော်လင့်နေကြတာ ဖြစ်ပါတယ်။

Honor 9X နဲ့ပတ်သက်ပြီး TENAA ကတစ်ဆင့် Specs တွေ သိပြီးကြပြီ ဖြစ်မှာပါ။ ဒါပေမယ့် ပဟေဠိဖြစ်ရတာက TENAA မှာ 48MP main + 2MP depth sensor ဆိုပြီး ကင်မရာနှစ်လုံးနဲ့ပဲ ဖော်ပြခဲ့ပေမယ့် အခုထွက်လာတဲ့ Teaser မှာတော့ ကျောဘက် ကင်မရာသုံးလုံးပါရှိနေတာပါ။

ယခင်ပေါက်ကြားမှုတွေကို ပြန်ကြည့်မယ်ဆိုရင်လည်း Honor 9X ဟာ Pop-up ကင်မရာနဲ့ဖြစ်ပြီး ကျောဘက်ကင်မရာ နှစ်လုံးသာ တပ်ဆင်ထားတယ်လို့ ဖော်ပြခဲ့တာပါ။ ကျောဘက်ကင်မရာ သုံးလုံးပါဝင်တာက Honor 9X Pro ဖြစ်တာကိုလည်း တွေ့မြင်ခဲ့ကြရမှာပါ။ ဒါပေမယ့် Weibo မှာတော့ Honor 9X အနေနဲ့ပဲ ဖော်ပြလာခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် Honor 9X နဲ့ 9X Pro တို့နဲ့ပတ်သက်တဲ့ တိကျသေချာတဲ့ အချက်အလက်တွေကို ထပ်ပြီး စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

Ref: GSM Arena