[Zawgyi]

လြန္ခဲ့တဲ့ရက္ကပဲ Honor 9X မွာ Kirin 810 သုံးထားတယ္ဆိုတဲ့ အေၾကာင္းကို Teaser ကတစ္ဆင့္ အတည္ျပဳႏိုင္ခဲ့ပါတယ္။ Honor 9X ဟာ လာမယ့္ ဇူလိုင္လ ၁၃ ရက္ေန႔မွာမွ မိတ္ဆက္မွာျဖစ္တဲ့အတြက္ အေသးစိတ္အခ်က္အလက္ေတြ ထြက္လာဖို႔ အနည္းငယ္ေစာင့္ရဦးမွာလည္း ျဖစ္ပါတယ္။

အတြင္းအစိတ္အပိုင္းေတြအေၾကာင္းနဲ႔ အေသးစိတ္အခ်က္အလက္ေတြ မသိရေသးေပမယ့္ Honor 9X ရဲ႕ ဒီဇိုင္းကေတာ့ ထြက္ေပၚလာခဲ့ၿပီျဖစ္ပါတယ္။ Evan Blass ဆီကေန ထြက္လာတဲ့ သတင္းျဖစ္တာေၾကာင့္ ရာႏႈန္းျပည့္နီးနီး ယုံၾကည္စိတ္ခ်ရတယ္လို႔ ဆိုႏိုင္ပါတယ္။

ထြက္ေပၚလာတဲ့ ႐ုပ္ပုံအရ Honor 9X ဟာ Notch မပါတဲ့ မ်က္ႏွာျပင္ျပည့္ စမတ္ဖုန္းျဖစ္ၿပီး Pop-up ကင္မရာကို အသုံးျပဳထားတာ ေတြ႕ရပါတယ္။ ေက်ာဘက္မွာ ကင္မရာႏွစ္လုံးကို ေထာင္လိုက္တပ္ဆင္ေပးထားတာလည္း ေတြ႕ျမင္ရမွာ ျဖစ္ပါတယ္။ ဒါ့အျပင္ ေက်ာဘက္မွာ Finger Print ကိုလည္း ေတြ႕ျမင္ရျခင္းမရွိတာေၾကာင့္ UD Finger Print or something ပါပဲ။

စမတ္ဖုန္းရဲ႕ ညာဘက္ေဘးေဘာင္မွာ အဖြင့္အပိတ္ခလုတ္နဲ႔ အသံအတိုးအခ်ဲ႕ခလုတ္ေတြကို ေတြ႕ျမင္ရၿပီး ေအာက္ေျခမွာေတာ့ (Type C လို႔ေမွ်ာ္လင့္ရတဲ့) USB port ကိုေတြ႕ျမင္ရပါတယ္။ 10W ဒါမွမဟုတ္ 20W အျမန္အားသြင္းစနစ္ ပါဝင္မယ္လို႔ သတင္းထြက္ေပၚထားခဲ့ေသးေပမယ့္ အတည္ျပဳႏိုင္ျခင္းေတာ့ မရွိေသးပါဘူး။ ဒါေပမယ့္ မၾကာခင္ရက္ပိုင္းအတြင္းမွာ ပိုၿပီး ျပည့္စုံတဲ့ အေသးစိတ္အခ်က္အလက္အခ်ိဳ႕ ထြက္ေပၚလာဦးမယ္လို႔ ေမွ်ာ္လင့္ရပါတယ္။

Ref: GSM Arena

[Unicode]

Pop-up ကင်မရာနဲ့ ထွက်လာမယ့် Honor 9X

လွန်ခဲ့တဲ့ရက်ကပဲ Honor 9X မှာ Kirin 810 သုံးထားတယ်ဆိုတဲ့ အကြောင်းကို Teaser ကတစ်ဆင့် အတည်ပြုနိုင်ခဲ့ပါတယ်။ Honor 9X ဟာ လာမယ့် ဇူလိုင်လ ၁၃ ရက်နေ့မှာမှ မိတ်ဆက်မှာဖြစ်တဲ့အတွက် အသေးစိတ်အချက်အလက်တွေ ထွက်လာဖို့ အနည်းငယ်စောင့်ရဦးမှာလည်း ဖြစ်ပါတယ်။

အတွင်းအစိတ်အပိုင်းတွေအကြောင်းနဲ့ အသေးစိတ်အချက်အလက်တွေ မသိရသေးပေမယ့် Honor 9X ရဲ့ ဒီဇိုင်းကတော့ ထွက်ပေါ်လာခဲ့ပြီဖြစ်ပါတယ်။ Evan Blass ဆီကနေ ထွက်လာတဲ့ သတင်းဖြစ်တာကြောင့် ရာနှုန်းပြည့်နီးနီး ယုံကြည်စိတ်ချရတယ်လို့ ဆိုနိုင်ပါတယ်။

ထွက်ပေါ်လာတဲ့ ရုပ်ပုံအရ Honor 9X ဟာ Notch မပါတဲ့ မျက်နှာပြင်ပြည့် စမတ်ဖုန်းဖြစ်ပြီး Pop-up ကင်မရာကို အသုံးပြုထားတာ တွေ့ရပါတယ်။ ကျောဘက်မှာ ကင်မရာနှစ်လုံးကို ထောင်လိုက်တပ်ဆင်ပေးထားတာလည်း တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ကျောဘက်မှာ Finger Print ကိုလည်း တွေ့မြင်ရခြင်းမရှိတာကြောင့် UD Finger Print or something ပါပဲ။

စမတ်ဖုန်းရဲ့ ညာဘက်ဘေးဘောင်မှာ အဖွင့်အပိတ်ခလုတ်နဲ့ အသံအတိုးအချဲ့ခလုတ်တွေကို တွေ့မြင်ရပြီးအောက်ခြေမှာတော့ (Type C လို့မျှော်လင့်ရတဲ့) USB port ကိုတွေ့မြင်ရပါတယ်။ 10W ဒါမှမဟုတ် 20W အမြန်အားသွင်းစနစ် ပါဝင်မယ်လို့ သတင်းထွက်ပေါ်ထားခဲ့သေးပေမယ့် အတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။ ဒါပေမယ့် မကြာခင်ရက်ပိုင်းအတွင်းမှာ ပိုပြီး ပြည့်စုံတဲ့ အသေးစိတ်အချက်အလက်အချို့ ထွက်ပေါ်လာဦးမယ်လို့ မျှော်လင့်ရပါတယ်။

Ref: GSM Arena