Android ဖုန်းတွေအကုန်လုံးက Google ကထုတ်လုပ်တဲ့ Nexus နဲ့ Pixel ဖုန်းတွေလိုမျိုး ဖုန်းထုတ်လုပ်သူတွေရဲ့ ကိုယ်ပိုင် System Application တွေမပါဝင်ပဲ Android OS စစ်စစ်ကို သုံးနေရတာမဟုတ်ပါဘူး။ ဖုန်းအမျိုးအစားအလိုက် System Application ပါဝင်လာတတ်ပြီး အချို့ တရုတ်ဖုန်းတွေမှာဆိုရင် Uninstall လုပ်လို့မရတဲ့ System App တွေအများအပြားပါလာတတ်ပါတယ်။

အဲ့ဒါဆိုရင်အဲ့လိုမျိုး Application တွေကို ဘယ်လိုဖယ်ရှားမလဲ?

Disable ပြုလုပ်ပါ။

Android OS ကိုအသုံးပြုထားတဲ့ဖုန်းတွေဟာ System Application ကို Uninstall လုပ်ခွင့်မပေးတတ်ပေမယ့် မသုံးချင်ရင် Disable လုပ်ထားလို့ရပါတယ်။

ဘယ်လိုပြုလုပ်ရမလဲဆိုရင် အရင်ဆုံး ဖုန်းရဲ့ Setting – Application Manager ကနေ ကိုယ့်အတွက် အသုံးမလိုတဲ့ System App တွေကို လိုက်ထောက်ကြည့်ပါ။ Uninstall ပြုလုပ်လို့ရတယ်ဆိုရင် Uninstall ဆိုတဲ့ စာတန်းကို တွေ့ရမှာဖြစ်ပြီးတော့ Uninstall လုပ်လိုက်လို့ရပါတယ်။ ဒါပေမယ့် Uninstall လုပ်ခွင့်မပေးထားရင်တော့ အဲ့ဒီနေရာမှာ Disable ဆိုတဲ့ စာတန်းကို တွေ့ရမှာဖြစ်ပါတယ်။ အဆိုပါ Disable ကို နှိပ်လိုက်တာက အဲ့ဒီ System App ကို Home Screen ကနေ ဖယ်ရှားပေးမှာဖြစ်ပြီး နောက်ပြန်ပြီး Enable မပြုလုပ်မချင်း အသုံးပြုလို့ရမှာမဟုတ်တော့ပါဘူး။

Root Access နဲ့ Freeze ပြုလုပ်ပါ။

တကယ်လို့ ကိုယ့်ဖုန်းက Root လုပ်ထားတယ်ဆိုရင် ပိုပြီးတောင်လွယ်ပါသေးတယ်။ Ice Box, App Freeze နဲ့ Titanium Backup လိုမျိုး Application တစ်ခုခုကို Download ပြုလုပ်ပြီးတော့ ကိုယ်မသုံးချင်တဲ့ Application ကို Freeze ပြုလုပ်လိုက်ရုံပါပဲ။ အဲ့ဒီအချိန်ကြရင် အဆိုပါ Application Service က ရပ်ဆိုင်းသွားမှာဖြစ်ပါတယ်။ အဆိုပါ Application တွေမှာ Uninstall လုပ်လို့ရတယ်လို့ ပါတတ်ပေမယ့် Freeze ပြုလုပ်တာကပဲ စိတ်ချရမှာပါ။