Xiaomi ကနေ အခုဆိုရင် MIUI 9 ကို China Stable ROM ရော၊ Global Stable ROM ပါ ထုတ်ပေးနေပြီဖြစ်ပါတယ်။ Devices တွေအကုန်လုံးတော့ အခုအချိန်မှာ မရရှိသေးပေမယ့် တကယ်လို့ ကိုယ့်ဖုန်းက MIUI 9 တင်လို့ရနေပြီဆိုရင် ဆိုင်သွားစရာမလိုပဲနဲ့ ဘယ်လိုမျိုး Update ပြုလုပ်ရမလဲဆိုတာကို ဖော်ပြပေးသွားမှာပါ။

Updater ကနေ တိုက်ရိုက် Download ဆွဲပြီး Update တင်ခြင်း

ကိုယ့် Xiaomi ဖုန်းမှာ MIUI 9 ရမရဆိုတာကို ဖုန်းထဲမှာပါတဲ့ Updater App ဒါမှမဟုတ် Settting – About Phone – System Update ကနေ အင်တာနက်ဖွင့်ပြီး Update ရမရစစ်ကြည့်နိုင်မှာဖြစ်ပါတယ်။

တကယ်လို့ Update ရနေတယ်ဆိုရင်တော့ အင်တာနက်ဖွင့်ပြီး တိုက်ရိုက် Download ဆွဲလိုက်ရုံပဲဖြစ်ပါတယ်။ MIUI 9 မှာ များပြားတဲ့ပြောင်းလဲမှုတွေပါဝင်လာတဲ့အတွက် Download ပြုလုပ်ရတဲ့ File Size က 1.5GB ဝန်းကျင်အထိရှိတတ်ပါတယ်။ အဲ့ဒီအတွက် Mobile Data နဲ့ Update လုပ်မယ်ဆိုရင် Internet 2GB Plan ဝယ်ပြီးမှာ Update လုပ်တာက အဆင်ပြေမှာပါ။

Download ပြုလုပ်ပြီးရင်တော့ Reboot Now ဆိုပြီး ပေါ်လာမှာဖြစ်ပြီး Reboot ချလိုက်ရင် MIUI 9 ကို Update ပြုလုပ်နေမှာဖြစ်ပါတယ်။ အဲ့ဒီအချိန်က ၁၅ မိနစ်ကနေ နာရီဝက်လောက်အထိကြာနိုင်တဲ့အတွက် သည်းခံပြီးစောင့်ခိုင်းရမှာပါ။

တစ်ခုရှိတာက Update ပြုလုပ်တဲ့အချိန်မှာ Data မပျက်ပေမယ့် စိတ်ချရအောင် အရေးကြီး Data တွေကို Backup ယူထားဖို့နဲ့ Update ပြုလုပ်နေတဲ့အချိန်မှာ အနည်းဆုံး Battery 70% အထက်ရှိအောင် အားသွင်းထားဖို့ လိုအပ်မှာပါ။

MIUI 9 Firmware ကို သီးသန့် Download ရယူပြီး Update ပြုလုပ်ခြင်း

တကယ်လို့ Updater ကနေ Download ပြုလုပ်လို့ အဆင်မပြေလို့ အခြားတစ်နေရာကနေ Firmware File ကို Download ပြုလုပ်ပြီး Update တင်ချင်တယ်ဆိုရင် အခုနည်းလမ်းကို အသုံးပြုလို့ရမှာပါ။

ဘယ်လိုပြုလုပ်ရမလဲဆိုရင် အရင်ဆုံး Web Browser ကနေ “www.en.miui.com/download.html” ကို သွားပါ။ အဲ့ဒီမှာ Xiaomi ကထုတ်လုပ်ထားတဲ့ ဖုန်းအမျိုးအစားအကုန်ကို တွေ့မြင်ရမှာဖြစ်ပါတယ်။

အဲ့ဒီအထဲကမှ ကိုယ် Download ပြုလုပ်ချင်တဲ့ဖုန်းကို နှိပ်ပြီး MIUI 9 ရပြီလားဆိုတာကို စစ်ဆေးနိုင်မှာဖြစ်ပါတယ်။ Global နဲ့ China ၂ မျိုးရွေးချယ်နိုင်မှာဖြစ်ပြီး ကိုယ့်ဖုန်းက China ROM ဆိုရင် China ROM MIUI 9 ကိုပဲ Download ပြုလုပ်ဖို့ အကြံပြုချင်ပါတယ်။ နောက်ပြီး Developer ROM ကိုပြောင်းချင်တယ်ဆိုရင်လည်း အဆိုပါ Website မှာပဲ Download ဆွဲနိုင်ပေမယ့် Stable ROM ကတော့ သုံးရတာပိုအဆင်ပြေမှာဖြစ်ပါတယ်။

Download Full ROM ဆိုတာကို နှိပ်ပြီး Firmware ကို Download ဆွဲလိုက်ရင် “.zip” နဲ့ ဆုံးတဲ့ File တစ်ခုကို Download ပြုလုပ်နေမှာဖြစ်ပါတယ်။ အဆိုပါ File ကို ကိုယ် Update ပြုလုပ်ချင်တဲ့ဖုန်းရဲ့ Internal Storage ထဲကို ထည့်ထားရမှာဖြစ်ပါတယ်။

ပြီးရင် အဆိုပါ ဖုန်းရဲ့ ညာဘက်အပေါ်ထောင့်က အစက် ၃ စက် (Menu) ကိုနှိပ်ပြီး Choose Update Package ကို နှိပ်လိုက်တယ်ဆိုရင် Internal Storage ထဲကို ရောက်သွားမှာဖြစ်ပြီး အဲ့ဒီအချိန်မှာ အခုနကထည့်ထားတဲ့ .zip နဲ့ ဆုံးတဲ့ Firmware File ကို ရွေးချယ်ပေးရမှာပါ။

အခုအချိန်မှာ အင်တာနက်ဖွင့်ထားပေးဖို့လိုအပ်မှာဖြစ်ပြီး Firmware ကို ခဏစစ်ဆေးပြီး ပထမနည်းလမ်းလိုပဲ Reboot ပြုလုပ်ဖို့ စာတန်းပေါ်လာမှာဖြစ်ပါတယ်။ အဲ့ဒီအခါကြရင် Reboot ပြုလုပ်ပြီး ပြန်တက်လာတာနဲ့ MIUI 9 ကို အသုံးပြုနိုင်ပါပြီ။