ရုရှားက ဒီလ ၂၄ ရက်နေ့မှာ ကျူးကျော်စစ် စတင်ပြီး ကတည်းက ယူကရိန်း အဖွဲ့အစည်းတွေဟာ ဒေါ်လာ ၉.၉ သန်းကျော်ဖိုး Cryptocurrency တွေကို အလှူငွေအဖြစ် လက်ခံရရှိခဲ့တယ်လို့ သုတေသန အဖွဲ့အစည်း Elliptic က ပြောပါတယ်။ Decentralized Autonomous Organizations (DAOs) က ယူကရိန်းကို ထောက်ပံ့ကူညီမှုတွေ ပြုလုပ်ပေးနေပါတယ်။ ယူကရိန်း ပြည်သူနဲ့ စစ်တပ်အတွက် NFT တွေကို ရောင်းချကာ ငွေရှာပေးနေကြပြီး ယူကရိန်းရဲ့ တရားဝင် တွစ်တာ အကောင့်ကနေ Bitcoin , Ether နဲ့ Tether တို့ကိုလက်ခံတယ်လို့ ကြေညာထားပါတယ်။

အရင်ကတော့ အခုလို လှူဒါန်းမှုတွေကို ဘဏ်တွေကနေပဲ ပြုလုပ်ကြတာ ဖြစ်ပေမယ့် နည်းပညာ ခေတ်မှီတဲ့ ယူကရိန်းမှာ‌တော့ Crypto တွေကို အသုံးပြုကာ အလှူငွေကောက်ခံနေပါတယ်။ ယူကရိန်းဟာ နည်းပညာ ကဏ္ဍမှာ ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံ ဖြစ်ပြီး နည်းပညာ လုပ်သား ၂၀၀,၀၀၀ ကျော် ရှိပါတယ်။ ပြီးခဲ့တဲ့ နှစ်မှာ အိုင်တီ ထုတ်ကုန် လုပ်ငန်းကနေ ဒေါ်လာ ၆.၈ ဘီလီယမ် ဝင်ငွေရခဲ့ပြီး ပြီးခဲ့တဲ့ နှစ်မှာပဲ Bitcoin နဲ့ တခြား Cryptocurrency တွေကို တရားဝင် လက်ခံတဲ့ ဥပဒေ ပြဌာန်းပေးခဲ့ပါတယ်။

Ukraine becomes the latest country to legalise Bitcoin and cryptocurrencies | Euronews

ယူကရိန်းဟာ Chainalysis ရဲ့ Global Crypto Adoption Index မှာ နံပါတ် ၄ နေရာရထားပြီး ယူကရိန်း အထက်မှာ ဗီယက်နမ်၊ အိန္ဒိယနဲ့ ပါကစ္စတန်တို့ ရှိနေပါတယ်။ ယူကရိန်း နိုင်ငံမှာ နှစ်စဉ် Cryptocurrency စီးဆင်းမှုဟာ ဒေါ်လာ ၈ ဘီလီယမ် ဝန်းကျင်ရှိပါတယ်။ Crypto ကုမ္ပဏီတွေအတွက် ကမ္ဘာမှာ တရားမျှတမှု အရှိဆုံး ဖြစ်အောင် ရည်ရွယ်တယ်လို့ ယူကရိန်းရဲ့ ဒစ်ဂျစ်တယ် အသွင်ပြောင်းမှု ဝန်ကြီးဌာနမှ Alexander Bornyakov က The New York Times ကို အရင်နှစ်က ပြောခဲ့ဖူးပါတယ်။

Ref : theverge