[Zawgyi]

Huawei က စြမ္းရည္ျမင့္ Mate 30 Pro ကို ေၾကညာလိုက္ပါတယ္။ လက္ရွိထြက္ထားတဲ့ ဖုန္း အားလံုးထက္ ပိုလန္းတဲ့ ကင္မရာေတြ ပါလာပါတယ္။ P30 Pro ရဲ႕ 40MP Super Sensing Camera အျပင္ 40MP Ultrawide Camera ပါလာၿပီး Huawei က Cine Camera လို႔ ေခၚပါတယ္။ ကင္မရာ ၂ လံုးစလံုးဟာ ဗီဒီယိုေတြမွာ Bokeh ဖန္တီးဖို႔ 3D ToF Sensor ကို အသံုးျပဳပါတယ္။

တတိယ ကင္မရာက 8MP ျဖစ္ၿပီး 3x Optical Zoom နဲ႔ 5x Optical Hybrid Zoom ေတြ ေထာက္ပံ့ပါတယ္။ Tele နဲ႔ Wide Camera ေတြမွာ OIS ပါပါတယ္။ ဗီဒီယို အရည္အေသြးက အရမ္းလန္းၿပီး 4K 60fps Video ေတြကို ဖမ္းယူေပးနိုင္ပါတယ္။ 720p 7,680fps Slow Motion Video ေတြကိုေတာင္ ဖန္တီးေပးႏုိင္ပါတယ္။ HDR+ Colors ပါတဲ့ 4K Time  Lapse ကလည္း စိတ္၀င္စားစရာေကာင္းပါတယ္။

32MP Selfie Camera ရဲ႕ ေဘးမွာ 3D Scanning Hardware အသစ္ ထည့္သြင္းထားပါတယ္။ Hand Gestures ေတြကို နားလည္တဲ့ သီးျခား Sensor ၁ လံုး ပါလာၿပီး Huawei ရဲ႕ Da Vinci NPU နဲ႔ တြဲဖက္ အလုပ္လုပ္ႏုိင္ပါတယ္။ Kirin 990 Chipset ပါလာၿပီး 7nm+ EUV Process နဲ႔ တည္ေဆာက္ထားတာပါ။ အဆင့္ျမွင့္ထားတဲ့ GPU Turbo က ဂိမ္းကစားရင္ အရမ္းလန္းပါတယ္။ Chipset ရဲ႕ အပူကို ေလွ်ာ့ခ်ေပးတဲ့ နည္းပညာ ပါပါတယ္။

၆.၅၃ လက္မ 1,176×2,400p OLED Display ထည့္သြင္းထားၿပီး ေဘးဘက္ေတြအထိပါ ဖံုးအုပ္ထားပါတယ္။ HDR ကို ေထာက္ပံ့ထားၿပီး Always On Mode ပါပါတယ္။ 4,096 Levels of Pressure ကို အာရံုခံႏုိင္တဲ့ M-Pen Stylus ထည့္ထားပါတယ္။ Display ဟာ ေဘးဘက္အထိ ဖံုးအုပ္ေနတဲ့ အတြက္ Virtual Buttons ေတြကို သံုးထားပါတယ္။

Android 10 အေျချပဳ EMUI 10 ေမာင္းႏွင္ထားၿပီး Google Play Services ေတြ မပါပါဘူး။ 27W Wireless Charging နဲ႔ 40W Wired Charging ေတြ ပါပါတယ္။ 5G ဆက္သြယ္မႈ သံုးႏုိင္ၿပီး 5G မရေသးတဲ့ ႏိုင္ငံေတြအတြက္ 4G Model ကိုလည္း ေရာင္းခ်ေပးမွာပါ။ 8GB RAM နဲ႔ 128 or 256GB Storage ေတြ ထုတ္လုပ္ထားပါတယ္။  Black, Space Silver, Cosmic Purple နဲ႔ Emerald Green အေရာင္ေတြ ေရြးခ်ယ္ႏုိင္ပါတယ္။

8/256GB ပါတဲ့ Mate 30 Pro 4G  ကို ၁,၁၀၀ ယူရိုနဲ႔ Mate 30 Pro 5G ကို ၁,၂၀၀ ယူရို သတ္မွတ္ထားပါတယ္။ ျမန္မာေငြ ၁,၈၆၀,၀၀၀ နဲ႔ ၂,၀၃၀,၀၀၀ က်သင့္မွာပါ။ တရုတ္မွာ 4G Model ကို လာမယ့္ နာရီပိုင္းအတြင္းမွာ ေအာ္ဒါ လက္ခံမွာ ျဖစ္ၿပီး ဒီလ ၂၈ ရက္မွာ ပို႔ေဆာင္ေပးမွာပါ။ ႏုိင္ငံတကာမွာ ေအာက္တိုဘာလမွာ ေရာင္းမွာပါ။

Ref : gsmarena

[Unicode]

40MP Camera တွေ ပါတဲ့ Huawei Mate 30 Pro ကို ကြေညာပြီ

Huawei က စွမ်းရည်မြင့် Mate 30 Pro ကို ကြေညာလိုက်ပါတယ်။ လက်ရှိထွက်ထားတဲ့ ဖုန်း အားလုံးထက် ပိုလန်းတဲ့ ကင်မရာတွေ ပါလာပါတယ်။ P30 Pro ရဲ့ 40MP Super Sensing Camera အပြင် 40MP Ultrawide Camera ပါလာပြီး Huawei က Cine Camera လို့ ခေါ်ပါတယ်။ ကင်မရာ ၂ လုံးစလုံးဟာ ဗီဒီယိုတွေမှာ Bokeh ဖန်တီးဖို့ 3D ToF Sensor ကို အသုံးပြုပါတယ်။

တတိယ ကင်မရာက 8MP ဖြစ်ပြီး 3x Optical Zoom နဲ့ 5x Optical Hybrid Zoom တွေ ထောက်ပံ့ပါတယ်။ Tele နဲ့ Wide Camera တွေမှာ OIS ပါပါတယ်။ ဗီဒီယို အရည်အသွေးက အရမ်းလန်းပြီး 4K 60fps Video တွေကို ဖမ်းယူပေးနိုင်ပါတယ်။ 720p 7,680fps Slow Motion Video တွေကိုတောင် ဖန်တီးပေးနိုင်ပါတယ်။ HDR+ Colors ပါတဲ့ 4K Time Lapse ကလည်း စိတ်ဝင်စားစရာကောင်းပါတယ်။

32MP Selfie Camera ရဲ့ ဘေးမှာ 3D Scanning Hardware အသစ် ထည့်သွင်းထားပါတယ်။ Hand Gestures တွေကို နားလည်တဲ့ သီးခြား Sensor ၁ လုံး ပါလာပြီး Huawei ရဲ့ Da Vinci NPU နဲ့ တွဲဖက် အလုပ်လုပ်နိုင်ပါတယ်။ Kirin 990 Chipset ပါလာပြီး 7nm+ EUV Process နဲ့ တည်ဆောက်ထားတာပါ။ အဆင့်မြှင့်ထားတဲ့ GPU Turbo က ဂိမ်းကစားရင် အရမ်းလန်းပါတယ်။ Chipset ရဲ့ အပူကို လျှော့ချပေးတဲ့ နည်းပညာ ပါပါတယ်။

၆.၅၃ လက်မ 1,176×2,400p OLED Display ထည့်သွင်းထားပြီး ဘေးဘက်တွေအထိပါ ဖုံးအုပ်ထားပါတယ်။ HDR ကို ထောက်ပံ့ထားပြီး Always On Mode ပါပါတယ်။ 4,096 Levels of Pressure ကို အာရုံခံနိုင်တဲ့ M-Pen Stylus ထည့်ထားပါတယ်။ Display ဟာ ဘေးဘက်အထိ ဖုံးအုပ်နေတဲ့ အတွက် Virtual Buttons တွေကို သုံးထားပါတယ်။

Android 10 အခြေပြု EMUI 10 မောင်းနှင်ထားပြီး Google Play Services တွေ မပါပါဘူး။ 27W Wireless Charging နဲ့ 40W Wired Charging တွေ ပါပါတယ်။ 5G ဆက်သွယ်မှု သုံးနိုင်ပြီး 5G မရသေးတဲ့ နိုင်ငံတွေအတွက် 4G Model ကိုလည်း ရောင်းချပေးမှာပါ။ 8GB RAM နဲ့ 128 or 256GB Storage တွေ ထုတ်လုပ်ထားပါတယ်။ Black, Space Silver, Cosmic Purple နဲ့ Emerald Green အရောင်တွေ ရွေးချယ်နိုင်ပါတယ်။

8/256GB ပါတဲ့ Mate 30 Pro 4G ကို ၁,၁၀၀ ယူရိုနဲ့ Mate 30 Pro 5G ကို ၁,၂၀၀ ယူရို သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၁,၈၆၀,၀၀၀ နဲ့ ၂,၀၃၀,၀၀၀ ကျသင့်မှာပါ။ တရုတ်မှာ 4G Model ကို လာမယ့် နာရီပိုင်းအတွင်းမှာ အော်ဒါ လက်ခံမှာ ဖြစ်ပြီး ဒီလ ၂၈ ရက်မှာ ပို့ဆောင်ပေးမှာပါ။ နိုင်ငံတကာမှာ အောက်တိုဘာလမှာ ရောင်းမှာပါ။

Ref : gsmarena