[Zawgyi]

Huawei Mate 30 Pro နဲ႔ ပတ္သက္တဲ့ အေၾကာင္းေတြက အေတာ္ေလး စုံစုံလင္လင္ သိၿပီးၾကၿပီျဖစ္လို႔ အမ်ားႀကီး ထပ္ေျပာစရာ မရွိေတာ့ပါဘူး။ Leaks ေတြ၊ Renders ေတြေၾကာင့္ Mate 30 Pro ရဲ႕ ပုံစံကိုလည္း ျမင္ေတြ႕ၿပီးၾကၿပီ ျဖစ္မွာပါ။ ဒါေပမယ့္ Mate 30 Pro ရဲ႕ အျပင္ေလာကမွာ ရွိေနတဲ့ ပကတိဓါတ္ပုံကေတာ့ အခုမွ ျမင္ေတြ႕ရတာပါ။

ဒီပုံဟာ တ႐ုတ္ႏိုင္ငံရဲ႕ လမ္းမေပၚတစ္ေနရာမွာ ႐ိုက္ထားတဲ့ပုံ ျဖစ္ပါလိမ့္မယ္။ Mate 30 Pro ရဲ႕ Render ေတြနဲ႔ တိုက္ဆိုင္ၾကည့္မယ္ဆိုရင္ ဒီဓါတ္ပုံထဲက ဟန္းဆက္ဟာ Mate 30 Pro ျဖစ္ဖို႔ ရာခိုင္ႏႈန္းအေတာ္ေလး မ်ားပါတယ္။ အထူးသျဖင့္ အေရွ႕ဘက္မ်က္ႏွာျပင္ရဲ႕ အံ့အားသင့္စရာ ေကြးခုံးေနတဲ့ေဘးေဘာင္ေတြေၾကာင့္ရယ္၊ ခပ္ႀကီးႀကီး Notch ထဲက ကင္မရာေတြေၾကာင့္ရယ္ ျဖစ္ပါတယ္။

ဒီ ပကတိဓါတ္ပုံကို Weibo ေပၚလႊင့္တင္ခဲ့တာကလည္း ယုံၾကည္စိတ္ခ်ရတဲ့ တ႐ုတ္ Leakster တစ္ဦးျဖစ္တာေၾကာင့္ တြစ္တာထိပါ ပ်ံ႕ႏွံ႔သြားခဲ့တာ ျဖစ္ပါတယ္။ ကံမေကာင္းစြာနဲ႔ ေက်ာဘက္ကို မျမင္ေတြ႕ရေပမယ့္ မ်က္ႏွာျပင္နဲ႔ ေကြးခုံးေနတဲ့ေဘးေဘာင္ေတြကို ၾကည့္ရတာနဲ႔တင္ အရသာရွိေနၿပီလို႔ ဆိုႏိုင္ေလာက္ပါတယ္။

ေကြးခုံးေနတဲ့ ေဘးေဘာင္ေတြေၾကာင့္ အသံအတိုးအခ်ဲ႕ခလုတ္လည္း မပါဝင္ေတာ့တာကို မ်က္ျမင္ေတြ႕လိုက္ရပါတယ္။ ေက်ာဘက္ကင္မရာ ၄လုံးနဲ႔ Huawei Mate 30 Pro ဟာ 4K 60fps ဗီဒီယို ႐ိုက္ကူးႏိုင္ၿပီး Kirin 990 SoC အသုံးျပဳထားတယ္လို႔ သိရပါတယ္။ ဘက္ထရီကေတာ့ 4,500mAh ပမာဏ ျဖစ္ဖြယ္ရွိၿပီး 55W အားသြင္းစနစ္ ေထာက္ပံ့လာမယ္လို႔ ေကာလာဟလထြက္ထားေပမယ့္ 25W ပဲ ျဖစ္ဖြယ္ရွိေနပါတယ္။

Ref: Android Community

[Unicode]

Huawei Mate 30 Pro ရဲ့ ပကတိဓါတ်ပုံ ပေါက်ကြားလာ

Huawei Mate 30 Pro နဲ့ ပတ်သက်တဲ့ အကြောင်းတွေက အတော်လေး စုံစုံလင်လင် သိပြီးကြပြီဖြစ်လို့ အများကြီး ထပ်ပြောစရာ မရှိတော့ပါဘူး။ Leaks တွေ၊ Renders တွေကြောင့် Mate 30 Pro ရဲ့ ပုံစံကိုလည်း မြင်တွေ့ပြီးကြပြီ ဖြစ်မှာပါ။ ဒါပေမယ့် Mate 30 Pro ရဲ့ အပြင်လောကမှာ ရှိနေတဲ့ ပကတိဓါတ်ပုံကတော့ အခုမှ မြင်တွေ့ရတာပါ။

ဒီပုံဟာ တရုတ်နိုင်ငံရဲ့ လမ်းမပေါ်တစ်နေရာမှာ ရိုက်ထားတဲ့ပုံ ဖြစ်ပါလိမ့်မယ်။ Mate 30 Pro ရဲ့ Render တွေနဲ့ တိုက်ဆိုင်ကြည့်မယ်ဆိုရင် ဒီဓါတ်ပုံထဲက ဟန်းဆက်ဟာ Mate 30 Pro ဖြစ်ဖို့ ရာခိုင်နှုန်းအတော်လေး များပါတယ်။ အထူးသဖြင့် အရှေ့ဘက်မျက်နှာပြင်ရဲ့ အံ့အားသင့်စရာ ကွေးခုံးနေတဲ့ဘေးဘောင်တွေကြောင့်ရယ်၊ ခပ်ကြီးကြီး Notch ထဲက ကင်မရာတွေကြောင့်ရယ် ဖြစ်ပါတယ်။

ဒီ ပကတိဓါတ်ပုံကို Weibo ပေါ်လွှင့်တင်ခဲ့တာကလည်း ယုံကြည်စိတ်ချရတဲ့ တရုတ် Leakster တစ်ဦးဖြစ်တာကြောင့် တွစ်တာထိပါ ပျံ့နှံ့သွားခဲ့တာ ဖြစ်ပါတယ်။ ကံမကောင်းစွာနဲ့ ကျောဘက်ကို မမြင်တွေ့ရပေမယ့် မျက်နှာပြင်နဲ့ ကွေးခုံးနေတဲ့ဘေးဘောင်တွေကို ကြည့်ရတာနဲ့တင် အရသာရှိနေပြီလို့ ဆိုနိုင်လောက်ပါတယ်။

ကွေးခုံးနေတဲ့ ဘေးဘောင်တွေကြောင့် အသံအတိုးအချဲ့ခလုတ်လည်း မပါဝင်တော့တာကို မျက်မြင်တွေ့လိုက်ရပါတယ်။ ကျောဘက်ကင်မရာ ၄လုံးနဲ့ Huawei Mate 30 Pro ဟာ 4K 60fps ဗီဒီယို ရိုက်ကူးနိုင်ပြီး Kirin 990 SoC အသုံးပြုထားတယ်လို့ သိရပါတယ်။ ဘက်ထရီကတော့ 4,500mAh ပမာဏ ဖြစ်ဖွယ်ရှိပြီး 55W အားသွင်းစနစ် ထောက်ပံ့လာမယ်လို့ ကောလာဟလထွက်ထားပေမယ့် 25W ပဲ ဖြစ်ဖွယ်ရှိနေပါတယ်။

Ref: Android Community