Huawei က တရုတ်မှာ MatePad Pro 13.2 တက်ဘလက်ကို ကြေညာလိုက်ပြီး နာမည်အတိုင်း 13.2” OLED 1920x2880p မျက်နှာပြင် တပ်ဆင်ထားပါတယ်။ 144Hz Refresh Rate နဲ့ 1,000 Nits Peak Brightness ထောက်ပံ့ထားပါတယ်။

Huawei MatePad Pro 13.2 debuts with notched screen, Kirin 9000s and 10,100 mAh battery

Notch မှာ 16MP အရှေ့ ကင်မရာ တပ်ဆင်ထားပြီး မျက်နှာပြင်ဘေးဘောင်တွေက ပါးလွှာပါတယ်။ စပီကာ ၆ လုံးနဲ့ မိုက်ကရိုဖုန်း ၄ လုံး တပ်ဆင်ထားပါတယ်။ အထူက ၅.၅ မီလီမီတာနဲ့ အလေးချိန်က ၅၈၀ ဂရမ် ရှိပါတယ်။ အနောက်ဘက်မှာ စက်ဝိုင်းပုံ ကင်မရာ Island ထဲမှာ 13MP Main နဲ့ 8MP Ultrawide ကင်မရာတွေ တပ်ဆင်ထားပါတယ်။

Huawei MatePad Pro 13.2 debuts with notched screen, Kirin 9000s and 10,100 mAh battery

Huawei က Chipset အကြောင်းကို မပြောပေမယ့် Mate 60 Series မှာလို Kirin 9000s ထည့်သွင်းထားနိုင်ပါတယ်။ WiFi Only ပဲ ထုတ်လုပ်ထားပြီး 12/16GB RAM နဲ့ 256/512/1TB Storage တွေ ရွေးချယ်နိုင်ပါတယ်။

HarmonyOS 4 နဲ့ 88W Wired Fast Charging ပါတဲ့ 10,100mAh Battery ထည့်သွင်းထားပြီး Huawei က တတိယမျိုးဆက် M-Pencil နဲ့ Smart Magnetic Keyboard ကို ထုတ်လုပ်ပေးထားပါတယ်။

Huawei MatePad Pro 13.2 debuts with notched screen, Kirin 9000s and 10,100 mAh battery

MatePad Pro 13.2 အတွက် အစိမ်း၊ အနက်နဲ့ အဖြူရောင် ထုတ်လုပ်ထားပြီး 12/256GB က ၅,၁၉၉ ယွမ် (၇၁၁ ဒေါ်လာ) ကစကာ 16GB/1TB ကို ၆,၉၉၉ ယွမ် (၉၅၇ ဒေါ်လာ) သတ်မှတ်ထားပါတယ်။

Ref : gsmarena