[Zawgyi]

Huawei ဟာ သူ႔ရဲ႕ Foldable ဖုန္းအတြက္ နာမည္ကို မွတ္ပုံတင္လိုက္တယ္လို႔ သိရပါတယ္။ သတင္းေတြအရဆိုရင္ေတာ့ Huawei ရဲ႕ Foldable ဖုန္းဟာ Mate Lineup အေနနဲ႔ပဲ ထြက္ေပၚလာဖြယ္ရွိပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ Huawei က မွတ္ပုံတင္ခဲ့တဲ့ နာမည္ေတြဟာ Mate F, Mate Flex, Mate Flexi နဲ႔ Mate Fold တို႔ဆိုၿပီး ေတြ႕ရွိရလို႔ပဲ ျဖစ္ပါတယ္။

မွတ္ပုံတင္ခဲ့တဲ့ နာမည္ေတြအားလုံးက Foldable ကို ရည္ၫႊန္းတာျဖစ္ၾကေပမယ့္ Huawei အေနနဲ႔ သူ႔ရဲ႕ Foldable ဖုန္းအတြက္ေတာ့ ဘယ္နာမည္ကို အတည္ယူမလဲဆိုတာ မသိရေသးပါဘူး။ ေလာေလာဆယ္ မွတ္ပုံတင္ထားတဲ့ ၄ မ်ိဳးထဲက တစ္မ်ိဳးေတာ့ ျဖစ္လာမွာပါ။ ဒီအထဲမွာ အံ့အားသင့္စရာအေကာင္းဆုံးက Mate F ဆိုတာပါပဲ။

အားလုံးသိၾကတဲ့အတိုင္း Samsung က သူ႔ရဲ႕ Foldable Phone ကို Galaxy F လို႔ နာမည္ႀကီးေနတာပါ။ အကယ္၍ Huawei ကသာ Mate F ကို ေ႐ြးခ်ယ္လိုက္မယ္ဆိုရင္ ေတာ္ေတာ္ေလးကို ဆင္တူသြားမယ္လို႔ ဆိုရပါမယ္။ ဒါ့အျပင္ လတ္တေလာအခ်ိန္အထိ သိရသမွ် Huawei ရဲ႕ Foldable ဖုန္းအေနအထားကလည္း Samsung ရဲ႕ Foldable နဲ႔ အေတာ္ေလးကို ဆင္တူပါတယ္။

Samsung ကေတာ့ Developer Conference မွာ သူ႔ဖုန္းကို ျပခဲ့ၿပီးၿပီဆိုေတာ့ လာမယ့္ Mobile World Congress 2019 မွာ Huawei က သူ႔ရဲ႕ Foldable ကို ျပသသြားမလားဆိုတာကို ေစာင့္ၾကည့္ရမွာပါ။ အခုအခ်ိန္အထိေတာ့ Huawei Foldable ဟာ ပုံသ႑ာန္ပဲ ျမင္ရၿပီး Specification ပိုင္းကိုေတာ့ ဘာတစ္ခုမွ မသိရေသးပါဘူး။

 

Ref: Android Authority

 

[Unicode]

Huawei ဟာ သူ့ရဲ့ Foldable ဖုန်းအတွက် နာမည်ကို မှတ်ပုံတင်လိုက်တယ်လို့ သိရပါတယ်။ သတင်းတွေအရဆိုရင်တော့ Huawei ရဲ့ Foldable ဖုန်းဟာ Mate Lineup အနေနဲ့ပဲ ထွက်ပေါ်လာဖွယ်ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ Huawei က မှတ်ပုံတင်ခဲ့တဲ့ နာမည်တွေဟာ Mate F, Mate Flex, Mate Flexi နဲ့ Mate Fold တို့ဆိုပြီး တွေ့ရှိရလို့ပဲ ဖြစ်ပါတယ်။

မှတ်ပုံတင်ခဲ့တဲ့ နာမည်တွေအားလုံးက Foldable ကို ရည်ညွှန်းတာဖြစ်ကြပေမယ့် Huawei အနေနဲ့ သူ့ရဲ့ Foldable ဖုန်းအတွက်တော့ ဘယ်နာမည်ကို အတည်ယူမလဲဆိုတာ မသိရသေးပါဘူး။ လောလောဆယ် မှတ်ပုံတင်ထားတဲ့ ၄ မျိုးထဲက တစ်မျိုးတော့ ဖြစ်လာမှာပါ။ ဒီအထဲမှာ အံ့အားသင့်စရာအကောင်းဆုံးက Mate F ဆိုတာပါပဲ။

အားလုံးသိကြတဲ့အတိုင်း Samsung က သူ့ရဲ့ Foldable Phone ကို Galaxy F လို့ နာမည်ကြီးနေတာပါ။ အကယ်၍ Huawei ကသာ Mate F ကို ရွေးချယ်လိုက်မယ်ဆိုရင် တော်တော်လေးကို ဆင်တူသွားမယ်လို့ ဆိုရပါမယ်။ ဒါ့အပြင် လတ်တလောအချိန်အထိ သိရသမျှ Huawei ရဲ့ Foldable ဖုန်းအနေအထားကလည်း Samsung ရဲ့ Foldable နဲ့ အတော်လေးကို ဆင်တူပါတယ်။

Samsung ကတော့ Developer Conference မှာ သူ့ဖုန်းကို ပြခဲ့ပြီးပြီဆိုတော့ လာမယ့် Mobile World Congress 2019 မှာ Huawei က သူ့ရဲ့ Foldable ကို ပြသသွားမလားဆိုတာကို စောင့်ကြည့်ရမှာပါ။ အခုအချိန်အထိတော့ Huawei Foldable ဟာ ပုံသဏ္ဍာန်ပဲ မြင်ရပြီး Specification ပိုင်းကိုတော့ ဘာတစ်ခုမှ မသိရသေးပါဘူး။

 

Ref: Android Authority