“HUAWEI Y Series စမတ်ဖုန်းစီးရီးများတွင် ပထမဆုံး အမြန်အားသွင်းစနစ်ကို အသုံးပြုထားသည့်အပြင် ကြီးမားသည့် 5000 mAh ဘက်ထရီ ပမာဏ၊ ၆.၆၇ လက်မ မြင်ကွင်းကျယ်ကျယ် FHD+ ရုပ်ထွက်ပိုင်း၊ ကောင်းမွန်သည့် 48MP Quad camera စနစ်နှင့်အတူ သိုလှောင်မှုပမာဏ 128 GB ဖြင့် HUAWEI Y7a စမတ်ဖုန်းကို Pre-Order စတင်မှာယူနိုင်ပြီး ဒီဇင်ဘာလဆန်းတွင် ၃သိန်းဝန်းကျင်ဖြင့် ဝယ်ယူရရှိနိုင်တော့မည် ဖြစ်ပါသည်။ “

HUAWEI Y series စမတ်ဖုန်းအမျိုးအစားများသည် မာကျောကျစ်လစ်ပြီး ကင်မရာပိုင်းသင့်တင့်ကောင်းမွန်မှု၊၊ ဘက်စုံအသုံးပြုမှုအတွက် သင့်တော်ပြီး အကြမ်းခံနိုင်မှု စသည့် အချက်များကြောင့် မြန်မာနိုင်ငံဈေးကွက်အတွင်း နာမည်ကောင်းရပြီးသား စမတ်ဖုန်းအမျိုးအစားများဖြစ်ပါသည်။ ယခုနှစ်လယ် ပိုင်းတွင်လည်း ဈေးတန်းတူစမတ်ဖုန်းများအကြားတွင် ပိုမိုကြီးမားသည့် ဘက်ထရီ၊ သိုလှောင်မှုပမာဏတို့ဖြင့် HUAWEI Y6p သည် မြန်မာနိုင်ငံဈေးကွက်တွင် ရေပန်းစားလူကြိုက်များခဲ့သလို ယခုအချိန်တွင်လည်း HUAWEI Y Series စမတ်ဖုန်းများတွင် HUAWEI SuperCharge အမြန်အားသွင်းစနစ် ပထမဆုံးပါဝင်လာသည့် အပြင် ကြီးမားကျယ်ပြန့်ပြီး FHD+ resolution အထိကြည့်ရှုခံစားနိုင်မည့် မျက်နှာပြင်၊ 48MP Quad Camera နှင့် 128GB အထိ သိုလှောင်သိမ်းဆည်းနိုင်မည့် HUAWEI Y7a ကို ငွေကျပ် ၃သိန်းဝန်းကျင်ဖြင့် စတင်ရောင်းချတော့မည်ဖြစ်ပါသည်။

ယခုတင်သွင်းရောင်းချလာမည့် HUAWEI Y7a စမတ်ဖုန်း အသစ်သည် 22.5W HUAWEI SuperCharge နည်းပညာကို အသုံးပြုလာမည့် ပထမဆုံး Y Series ဖြစ်လာမှာ ဖြစ်ပြီး အဆိုပါ HUAWEI SuperCharge နည်းပညာ ပါဝင်လာခြင်းက လက်ရှိဈေးကွက်အတွင်း ငွေကျပ် ၃သိန်းအောက် စမတ်ဖုန်းများတွင် အမြန်ဆုံး အားပြန်လည်ဖြည့်သွင်းနိုင်မှာလည်း ဖြစ်ပါသည်။ HUAWEI SuperCharge နည်းပညာသည် HUAWEI မှ Flagship Device များနှင့် Mid-Range စမတ်ဖုန်းများတွင်သာ တွင်ကျယ်စွာအသုံးပြုနေရာမှ ယခုအချိန်တွင် သုံးစွဲသူတို့အတွက် ပိုမိုကောင်းမွန်သည့် အတွေ့အကြုံသစ်များ ရရှိစေရန် ရည်ရွယ်ပြီး Y Series စမတ်ဖုန်းများတွင် စတင် အသုံးပြုလာခြင်း ဖြစ်ပြီး ၁၀ မိနစ်ခန့် အားသွင်းရုံဖြင့် ၂ နာရီဆက်တိုက် video များကိုကြည့်ရှုနိုင်မှာဖြစ်သည့်အပြင် တစ်နာရီဝန်းကျင်အတွင်း စမတ်ဖုန်းကို အားအပြည့်သွင်းနိုင်မည်ဖြစ်၍ ယခင်ကလို ဖုန်းအားသွင်းချိန် ကြာမြင့်စွာ စောင့်ဆိုင်းရန်မလိုပဲ အသုံးပြုနိုင်မှာဖြစ်ပါသည်။ HUAWEI Y7a တွင် 5000mAh (Typical Value) ဘက်ထရီကိုထည့်သွင်း ထုတ်လုပ်ထားပြီး ၂၃နာရီ အထိ ဗီဒီယိုများကို ဆက်တိုက်ကြည့်ရှုနိုင်မည် ဖြစ်ကြောင်းလည်းသိရသည်။ ထို့အပြင် AI Power Saving နည်းပညာလည်း ပါဝင်သောကြောင့် ဘက်ထရီအသုံးပြုမှုပိုင်းတွင် အသုံးပြုသူတို့အတွက် ကောင်းမွန်သည့် အတွေ့အကြုံများကို ယူဆောင်လာနိုင်မှာပဲဖြစ်သည်။

HUAWEI Y7a တွင် အရည်အသွေးမြင့်မားပြီး ကြည်လင်ပြတ်သားသည့် HD ပုံရိပ်များကို ရိုက်ကူးနိုင်စေရန် AI quad-camera system ဖြင့်ပွဲထွက်လာခဲ့ပြီး အဓိက main camera အဖြစ် 48MP lens ကို အသုံးပြုထားပြီး ၁၂၀ ဒီဂရီအထိ မြင်ကွင်းကျယ်များကို ရိုက်ကူးနိုင်မည့် 8MP Ultra-Wide Angle Lens ၊ 2MP Macro Lens နှင့် 2MP Bokeh Lens တို့ပါဝင်လာမှာပဲဖြစ်ပါသည်။ ထို့အပြင် AI နည်းပညာပိုင်း ကောင်းမွန်မှုကြောင့်လည်း ညအလင်းရောင်အားနည်းချိန်တွင် ပုံရိပ်ကောင်းများရိုက်ကူးနိုင်မှာပဲဖြစ်ကြောင်း သိရသည်။ Selfie ကင်မရာအတွက် 8MP lens ကိုတပ်ဆင်ပေးထားပြီး AI beautification နည်းပညာ အထောက်အပံ့ပေးထားသည့်အပြင် အလင်းရောင်အားနည်းချိန်တွက် ပုံရိပ်ကောင်းများ ဖန်တီးနိုင်ဦးမှာလည်း ဖြစ်သည်။

HUAWEI Y7a တွင် အရည်အသွေးကောင်းမွန်ပြီး ကြည်တောက်ရှင်းပုံရိပ်များကို အမြင်အာရုံသက်တောင့်သက်သာဖြင့် ကြည့်ရှုနိုင်မည့် အတွေ့အကြုံကို ယူဆောင်လာမည့် မျက်နှာပြင်ကျယ်ကျယ်လည်းပါဝင်လာမှာဖြစ်သည်။ 2400 x 1080 resolution အထိ အထောက်အပံ့ပေးနိုင်မည့် အပြင် ၆.၆၇ လက်မ အကျယ်ရှိ မျက်နှာပြင်ကျယ်ကျယ် ဖြင့် ဂိမ်းကစားခြင်းနှင့် ဗီဒီယို ကြည့်ရှုခြင်းများအတွက် အတွေ့အကြုံကောင်းများရရှိစေမှာပဲဖြစ်သည်။ ထို့အပြင် အပြာရောင် အလင်းတန်းများကို လျှော့ချပေးပြီး အမြင်အာရုံ ထိခိုက်မှုမှ ကာကွယ်ပေးနိုင်မည့် TÜV Rheinland အသိအမှတ်ပြု လက်မှတ်လည်း ရရှိထားကြောင်းသိရသည်။ Finger Print ကို ပါဝါခလုတ်နှင့် တွဲလျက်တပ်ဆင်ထားသော Side-mounted အမျိုးအစားကို အသုံးပြုထားပြီး လျင်မြန်စွာ ဖုန်းဖွင့်ပြီး အသုံးပြုစေနိုင်မှာလည်းဖြစ်ပါသည်။

ထို့အပြင် HUAWEI Y7a တွင် 4GB RAM နှင့် 128GB Storage ပမာဏဖြင့် မြန်မာနိုင်ငံသို့ တင်သွင်းလာမှာဖြစ်ပြီး သုံးစွဲသူတို့အတွက် ငွေကျပ် ၃သိန်းဝန်းကျင် စမတ်ဖုန်းများအကြားတွင် သိုလှောင်မှုပမာဏ များများကို ရရှိနိုင်မည့်ရွေးချယ်စရာ တစ်ခု ဖြစ်လာစေမှာဖြစ်ပြီး ဓာတ်ပုံ၊ ဗီဒီယို၊ ဂိမ်း အစရှိသည့် နေ့စဉ်ဘဝအတွက် မရှိမဖြစ်လိုအပ်ချက်များကို အဆင်ပြေချောမွေ့စွာ သိုလှောင်သိမ်းဆည်းစေနိုင်မှာလည်း ဖြစ်ပါသည်။

HUAWEI Y7a စမတ်ဖုန်းများသည် HUAWEI Mobile Services ကိုအသုံးပြုထားပြီး နေ့စဉ်အသုံးပြုနိုင်သော Application များကို Download ရယူနိုင်ရန် HUAWEI ၏ ကိုယ်ပိုင် App Store ဖြစ်သော HUAWEI App Gallery မှတစ်ဆင့် Download ရယူအသုံးပြုနိုင်မှာပဲဖြစ်ပါသည်။ ထို့အပြင်လည်း သန်းပေါင်းများစွာသော App တွေကို အလွယ်တကူရှာဖွေပြီး ဒေါင်းလုဒ်ရယူနိုင်ဖို့အတွက်လည်း Petal Search Application ကို HUAWEI App Gallery တွက် Download ရယူနိုင်ပြီဖြစ်ပါသည်။ HUAWEI Petal Search မှတစ်ဆင့်လည်း Find Apps Widget ကို ထုတ်ယူအသုံးပြုပြီး ကိုယ့်ရဲ့ဖုန်း Home Screen မှလည်း မိမိလိုအပ်သော Application များကို အချိန်ကုန်သက်သာပြီး လွယ်ကူစွာရယူနိုင်မည့် ဝန်ဆောင်မှုအသစ်ကိုလည်း ရရှိဦးမှာဖြစ်ပါသည်။

အထက်တွင်ဖော်ပြခဲ့သည့် ဈေးနှုန်းသင့်တင့်ပြီး ဘက်စုံအသုံးတည့်စေမည့် HUAWEI Y7a ကို လာမည့် နိုဝင်ဘာလ (၂၀) ရက်နေ့မှ ဒီဇင်ဘာလ (၄) ရက်နေအထိ Pre-Order မှာယူရရှိနိုင်မည်ဖြစ်သည်။ အရောင်ရွေးချယ်စရာအနေဖြင့် Crush Green (အစိမ်းရောင်) Blush Gold (ရွှေရောင်) Midnight Black (အမဲရောင်) တို့ဖြင့် ရရှိနိုင်မည့်ဖြစ်ပါသည်။ HUAWEU Y7a ကို လက်ရှိအချိန်တွင် ငွေကျပ်၃သိန်းဝန်းကျင်ဖြင့် ဝယ်ယူရရှိနိုင်မည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားပြီး ဈေးနှုန်းနှင့်အသေးစိပ်အချက်အလက်များကို HUAWEI Mobile (MM) Facebook Page တွင် ဆက်လက်ထုတ်ပြန်ကြေငြာပေးသွားမည် ဖြစ်ကြောင်းလည်းသိရပါသည်။

Source – HUAWEI