သင်ဟာ ထရီလီယမ် ဒေါ်လာ တန်ကြေး ရှိတဲ့ နည်းပညာ ကုမ္ပဏီ ၁ ခုကို တည်ထောင်ထားသူပဲဖြစ်ဖြစ်  စားသောက်ဆိုင်ငယ်လေး ၁ ခုကို တည်ထောင်ထားသူ ပဲဖြစ်ဖြစ် သင့် ဝန်ထမ်းတွေကို ပျော်အောင်ထားမှ လုပ်ငန်း အောင်မြင်မှာပါ။ ဒါမှသာ ဝန်ထမ်းတွေဟာ အလုပ်မြဲမှာ ဖြစ်ပြီး အလုပ်ကြိုးစားကြမှာပါ။

Huawei Mate 60 also goes official with 6.69" LTPO OLED and satellite messaging - GSMArena.com news

အဲဒီအတွက် သင့် ကုမ္ပဏီဟာ အောင်မြင်မှုရမှာပါ။ ဝမ်းနည်းစရာကောင်းတာက စီးပွားရေးလုပ်ငန်းတိုင်းဟာ ဒီသဘောတရားကို မသိကြပါဘူး။ ဒါပေမယ့် အဲဒီအထဲမှာ Huawei မပါပါဘူး။ Huawei ဟာ ဆောင်းရာသီ လက်ဆောင်အနေနဲ့ ဝန်ထမ်းတွေကို Mate 60 ဖုန်းတွေ လက်ဆောင်ပေးလိုက်ပါတယ်။

တရုတ်က Huawei ဝန်ထမ်းတွေဟာ ဆောင်းရာသီ လက်ဆောင်တွေရဲ့ ဓါတ်ပုံတွေကို လူမှုကွန်ရက်မှာ တင်ထားကြပါတယ်။ လက်ဆောင်တွေထဲမှာ ကုမ္ပဏီရဲ့ နောက်ဆုံးထုတ် စွမ်းရည်မြင့် ဖုန်း Mate 60 ၊ ကိတ်မုန့်၊ လက်ဖက်ရည်အိုး၊ လက်ဖက်ရည်ခွက်နဲ့ လက်ဖက်ခြောက်တွေ ပါပါတယ်။

Mate 60 Pro: Huawei confirms extent of new flagship release plans - NotebookCheck.net News

Mate 60 ဟာ ဈေးကွက်ထဲမှာ နာမည်အကြီးဆုံး ဖုန်းတွေထဲက ၁ လုံး ဖြစ်ပြီး မြင့်မားတဲ့ စွမ်းရည်၊ တီထွင်ဆန်းသစ်မှု ရှိတဲ့ လုပ်ဆောင်ချက်တွေနဲ့ လှပတဲ့ ဒီဇိုင်းကြောင့် လူသိများပါတယ်။

Huawei က ဝန်ထမ်းတွေကို ပေးတဲ့စာမှာ အလုပ်ကြိုးစားတဲ့အတွက် ကုမ္ပဏီက ကျေးဇူးတင်ပြီး Mate 60 လက်ဆောင်ဟာ ဝန်ထမ်းတွေရဲဲ့ ကြိုးစားမှုကို အသိအမှတ်ပြုတာလို့ ရေးသားထားပါတယ်။ တချို့ဝန်ထမ်းတွေက ဒီဇင်ဘာလ မတိုင်ခင်အထိ Mate 60 ကို ရမှာ မဟုတ်ပေမယ့် ပျော်ရွှင်နေကြပါတယ်။

Ref : gizmochina