တရုတ် စမတ်ဖုန်း ဈေးကွက်ဟာ ကမ္ဘာမှာ အကြီးမားဆုံး ဖြစ်ပေမယ့် IDC ရဲ့ စစ်တမ်းအရ ဒီနှစ် ကွာတား ၃ မှာ ရောင်းအား ဆက်လက် ကျဆင်းနေပါတယ်။ စုစုပေါင်း ရောင်းအားဟာ ၇၁.၃ သန်း ဖြစ်ပြီး အရင်နှစ် ကွာတား ၃ ထက် ၁၁ ရာခိုင်နှုန်း ကျဆင်းသွားပါတယ်။ ဒါပေမယ့် စွမ်းရည်မြင့် ဖုန်းတွေက အရင်နှစ်ထက် ၁.၉ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ဈေးကွက်ဝေစု ၂၂.၄ ရာခိုင်နှုန်း ရခဲ့ပါတယ်။

New vivo HQ construction completed in China and it looks amazing | TechNave

တရုတ်မှာ စမတ်ဖုန်း ရောင်းအား အကောင်းဆုံး ကုမ္ပဏီ ၅ ခုက Vivo , Honor, OPPO, Apple နဲ့ Xiaomi တို့ ဖြစ်ပါတယ်။ စာရင်းမှာ တရုတ် ကုမ္ပဏီ မဟုတ်တာက Apple ပဲ ပါပါတယ်။ Vivo က ရောင်းအား အကောင်းဆုံး ဖြစ်ပေမယ့် အရင်နှစ်ထက် ၂၀ ရာခိုင်နှုန်းကျော် နည်းသွားပါတယ်။ Vivo ရဲ့ ကုမ္ပဏီခွဲ iQOO ကြောင့် အခုလို ထိပ်ဆုံး နေရာကို ရယူထားနိုင်တာလို့ ပြောနိုင်ပါတယ်။

Chinese Handset Giant Vivo Starts Building USD756.5 Million Smart Home Device HQ

Honor ဟာ အရင်နှစ် ကွာတား ၃ ထက် ရောင်းအား ၉.၁ ရာခိုင်နှုန်း နည်းသွားခဲ့ပြီး ဈေးကွက်ဝေစု ၁၇.၉ ရာခိုင်နှုန်း ရထားပါတယ်။ OPPO က ရောင်းအား အကျဆုံး ဖြစ်ပြီး အရင်နှစ် ကွာတား ၃ ထက် ၂၇.၉ ရာခိုင်နှုန်းတောင် နည်းပါးသွားပါတယ်။ ဒါပေမယ့် ဈေးကွက်ဝေစု ၁၁.၆ ရာခိုင်နှုန်းရကာ Apple ထက် အနည်းငယ် သာလွန်နေပါတယ်။

Apple ဟာ အရင်နှစ်ကထက် ရောင်းအား ၂.၅ ရာခိုင်နှုန်း တိုးတက်လာခဲ့ပြီး စာရင်းမှာ ရောင်းအားတက်လာတဲ့ တစ်ခုထဲသော ကုမ္ပဏီ ဖြစ်ပါတယ်။ ဒါဟာ iPhone 14 Pro နဲ့ Pro Max မော်ဒယ်တွေကြောင့် ဖြစ်ပါတယ်။ Xiaomi ဟာ ကွာတား ၃ မှာ ဈေးကွက်ဝေစု ၉ ရာခိုင်နှုန်း ရထားပြီး အရင်နှစ်ကထက် ၁၇.၉ ရာခိုင်နှုန်း နည်းပါးသွားပါတယ်။

Ref : gsmarena