[Zawgyi]

အိႏၵိယရဲတပ္ဖြဲ႕ဟာ ေကာလိပ္ေက်ာင္းသားဆယ္ဦးကို လူႀကိဳက္မ်ားမုိဘုိင္းဂိမ္းတစ္ခုျဖစ္တဲ့ PlayerUnknown’s Battlegrounds (PUBG) Mobile ဂိမ္းေဆာ့ကစားေနတဲ့အတြက္ ဖမ္းဆီးခဲ့ပါတယ္။ အိႏၵိယရဲ႕ အေနာက္ဘက္ျပည္နယ္တစ္ခုျဖစ္တဲ့ ဂူဂ်ာရက္ျပည္နယ္မွာ PUBG Mobile ဂိမ္းကို အၾကမ္းဖက္မႈအားေပးၿပီး အစြဲလမ္းလြန္ေစတဲ့အတြက္ ၿပီးခဲ့တဲ့အပတ္က စတင္ပိတ္ပင္ေစခဲ့တာပါ။ ဖမ္းဆီးထိန္းသိမ္းခဲ့တဲ့ ေက်ာင္းသားေတြကိုလည္း မၾကာခင္မွာ လႊႊတ္ေပးခဲ့ပါတယ္။

ဖမ္းဆီးခံရသူေတြဟာ ဂိမ္းထဲမွာ အရမ္းအာရုံစုိက္မိေနတာေၾကာင့္ ရဲေတြသူတုိ႔အနားကို ကပ္လာတာေတာင္ သတိမထားမိခဲ့ၾကဘူးလို႔ ရဲတစ္ဦးက ေျပာျပခဲ့ပါတယ္။ အိႏၵိယရဲ႕ က်န္တဲ့ေနရာေတြမွာေတာ့ PUBG ကိုပိတ္ပင္မထားပါဘူး။ ဂူဂ်ာရတ္ျပည္နယ္တစ္ခုတည္းကသာ ဒီမုိဘုိင္းဂိမ္းနဲ႔ပတ္သက္လို႔ မိဘေတြနဲ႔ ပညာေရးဘက္မွ ပုဂၢိဳလ္ေတြက စုိးရိမ္ပူပန္မႈျမင့္မားေနခဲ့ၿပီး ဝုိင္းဝန္းတုိက္တြန္းခဲ့တာေၾကာင့္ ပိတ္ပင္ခဲ့တာပါ။

ၿပီးခဲ့တဲ့ လအတြင္းမွာ PUBG ဂိမ္းရဲ႕မိခင္ကုမၸဏီ Bluehole မွ အိႏၵိယျပည္တြင္းမွာ သူတုိ႔ရဲ႕ဂိမ္းကို လူငယ္ေတြ အစြဲလမ္းလြန္ေနတာနဲ႔ ပတ္သက္လို႔ ပူပန္ေနမႈေတြအတြက္ မွတ္ခ်က္ထုတ္ျပန္ခဲ့ပါေသးတယ္။ ဒီဂိမ္းကို ထုတ္လုပ္ခဲ့သူေတြအေနနဲ႔ ပူပန္မႈေတြအား သတိထားမိေၾကာင္းနဲ႔ အစုိးရ၊ မိဘ၊ ပညာေရးပုဂၢိဳလ္မ်ားနဲ႔ တြဲဖက္ၿပီး တတ္ႏုိင္သမွ် လုပ္ကုိင္ေပးသြားမယ္လို႔ သူတုိ႔က ဆုိခဲ့ပါတယ္။

ဒါေပမယ့္ သူတုိ႔ရဲ႕ Battle Royale နဲ႔ Third-person Shooter အမ်ဳိးအစားတူ ၿပိဳင္ဘက္ဂိမ္းျဖစ္တဲ့ Fortnite ကေတာ့ ဘာျပႆနာမွ မၾကဳံရေသးပါဘူး။ Fortnite ဟာလည္း အစြဲလမ္းလြန္ ပရိသတ္ေတြရွိတဲ့ ဂိမ္းတစ္ခုျဖစ္ေပမယ့္ သူ႕ရဲ႕ ကစားပုံက ေသြးထြက္သံယိုထက္ စိတ္ကူးယဥ္ Fantasy ဘက္ကို ပုိသြားတာေၾကာင့္လည္း ျဖစ္ႏုိင္ပါတယ္။

Ref – The Verge

[Unicode]

အိန္ဒိယရဲတပ်ဖွဲ့ဟာ ကောလိပ်ကျောင်းသားဆယ်ဦးကို လူကြိုက်များမိုဘိုင်းဂိမ်းတစ်ခုဖြစ်တဲ့ PlayerUnknown’s Battlegrounds (PUBG) Mobile ဂိမ်းဆော့ကစားနေတဲ့အတွက် ဖမ်းဆီးခဲ့ပါတယ်။ အိန္ဒိယရဲ့ အနောက်ဘက်ပြည်နယ်တစ်ခုဖြစ်တဲ့ ဂူဂျာရက်ပြည်နယ်မှာ PUBG Mobile ဂိမ်းကို အကြမ်းဖက်မှုအားပေးပြီး အစွဲလမ်းလွန်စေတဲ့အတွက် ပြီးခဲ့တဲ့အပတ်က စတင်ပိတ်ပင်စေခဲ့တာပါ။ ဖမ်းဆီးထိန်းသိမ်းခဲ့တဲ့ ကျောင်းသားတွေကိုလည်း မကြာခင်မှာ လွှွှတ်ပေးခဲ့ပါတယ်။

ဖမ်းဆီးခံရသူတွေဟာ ဂိမ်းထဲမှာ အရမ်းအာရုံစိုက်မိနေတာကြောင့် ရဲတွေသူတို့အနားကို ကပ်လာတာတောင် သတိမထားမိခဲ့ကြဘူးလို့ ရဲတစ်ဦးက ပြောပြခဲ့ပါတယ်။ အိန္ဒိယရဲ့ ကျန်တဲ့နေရာတွေမှာတော့ PUBG ကိုပိတ်ပင်မထားပါဘူး။ ဂူဂျာရတ်ပြည်နယ်တစ်ခုတည်းကသာ ဒီမိုဘိုင်းဂိမ်းနဲ့ပတ်သက်လို့ မိဘတွေနဲ့ ပညာရေးဘက်မှ ပုဂ္ဂိုလ်တွေက စိုးရိမ်ပူပန်မှုမြင့်မားနေခဲ့ပြီး ဝိုင်းဝန်းတိုက်တွန်းခဲ့တာကြောင့် ပိတ်ပင်ခဲ့တာပါ။

ပြီးခဲ့တဲ့ လအတွင်းမှာ PUBG ဂိမ်းရဲ့မိခင်ကုမ္ပဏီ Bluehole မှ အိန္ဒိယပြည်တွင်းမှာ သူတို့ရဲ့ဂိမ်းကို လူငယ်တွေ အစွဲလမ်းလွန်နေတာနဲ့ ပတ်သက်လို့ ပူပန်နေမှုတွေအတွက် မှတ်ချက်ထုတ်ပြန်ခဲ့ပါသေးတယ်။ ဒီဂိမ်းကို ထုတ်လုပ်ခဲ့သူတွေအနေနဲ့ ပူပန်မှုတွေအား သတိထားမိကြောင်းနဲ့ အစိုးရ၊ မိဘ၊ ပညာရေးပုဂ္ဂိုလ်များနဲ့ တွဲဖက်ပြီး တတ်နိုင်သမျှ လုပ်ကိုင်ပေးသွားမယ်လို့ သူတို့က ဆိုခဲ့ပါတယ်။

ဒါပေမယ့် သူတို့ရဲ့ Battle Royale နဲ့ Third-person Shooter အမျိုးအစားတူ ပြိုင်ဘက်ဂိမ်းဖြစ်တဲ့ Fortnite ကတော့ ဘာပြဿနာမှ မကြုံရသေးပါဘူး။ Fortnite ဟာလည်း အစွဲလမ်းလွန် ပရိသတ်တွေရှိတဲ့ ဂိမ်းတစ်ခုဖြစ်ပေမယ့် သူ့ရဲ့ ကစားပုံက သွေးထွက်သံယိုထက် စိတ်ကူးယဉ် Fantasy ဘက်ကို ပိုသွားတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။

Ref – The Verge