Instagram ဟာ အခုနောက်ပိုင်းမှာ Feature တွေအများအပြားကို စမ်းသပ်ပြီး ထည့်သွင်းနေတာဖြစ်ပါတယ်။ အခုလည်း Instagram ကနေ အသုံးဝင်တဲ့ Feature အသစ်တစ်ခုကို စတင်စမ်းသပ်နေပြီလို့ သိရပါတယ်။

ဒါကတော့ “Repost” လို့ နာမည်ပေးထားတဲ့ Feature တစ်ခုဖြစ်ပြီး အသုံးပြုသူတွေကို တခြားသောသူတွေတင်ထားတဲ့ Post တွေကို ပြန်ပြီး Share ပြုလုပ်နိုင်စေမှာဖြစ်ပါတယ်။ ဒါကြောင့် Facebook Share Feature နဲ့ Twitter Retweet Feature တွေနဲ့ဆင်တူမယ်လို့ ယူဆရပါတယ်။

အဆိုပါ Instagram Repost Feature ဟာဆိုရင် ကိုယ့်ရဲ့ Instagram Profile မှာ သီးသန့် Tab တစ်ခုအနေနဲ့ အသုံးပြုနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ အခုလိုမျိုး ပြန်ပြီး Repost ပြုလုပ်ဖို့အတွက်က Reels သို့မဟုတ် Posts တွေကို ပြုလုပ်နိုင်မှာဖြစ်ပြီး Instagram Feed မှာပဲ ဖော်ပြပေးမှာဖြစ်ပါတယ်။

ထွက်ပေါ်လာတဲ့ Screenshot Leak တစ်ခုအရတော့ အခုလို Repost Feature ပါဝင်လာတာကြောင့် ကိုယ့်ရဲ့ သူငယ်ချင်းတွေကို ပြန်ပြီး မျှဝေပြီး Follower တွေနဲ့ ပိုပြီးဆက်သွယ်လာနိုင်စေမယ်လို့ သိရပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီလိုမျိုး Instagram မှာ Post တွေကို ပြန် Share ပြုလုပ်နိုင်မှာက လက်ရှိ Instagram အသုံးပြုနေတဲ့ပုံစံကို ပြောင်းလဲသွားစေမှာဖြစ်ပါတယ်။

Ref – GSM Arena