Instagram ဟာ အခုအချိန်မှာ Feature အသစ်တစ်ခုကို ထပ်မံစမ်းသပ်နေပြီဖြစ်ပါတယ်။ အဆိုပါ Feature ကိုတော့ Templates လို့ နာမည်ပေးထားပြီး Creator တွေကို Instagram မှာတင်ထားတဲ့ တခြားသော Video Format တွေကို အသုံးချပြီး Reels Video တွေ ဖန်တီးနိုင်စေမှာဖြစ်ပါတယ်။

အခု Instagram က ပြုလုပ်နေတဲ့ Feature ဟာ လက်ရှိ TikTok မှာ အသုံးပြုနိုင်တဲ့ Templates Tool နဲ့ အလုပ်လုပ်ပုံအနည်းငယ်ဆင်တူနေမှာဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် အခုလိုမျိုး Templates Feature ဟာ Video ဖန်တီးတဲ့အချိန်မှာတော့ အလွန်လွယ်ကူသွားစေမှာဖြစ်ပြီး ကိုယ်ဖန်တီးချင်တဲ့ Video Template ကို ရွေးချယ်ပြီး လိုက်ဖက်တဲ့ Video Clip တွေထည့်သွားဖို့ပဲ လိုအပ်မှာပါ။

Instagram ကနေ အခုလိုမျိုး Templates Feature ကို ဆောင်ရွက်နေတယ်ဆိုတာကို ပြီးခဲ့တဲ့ ဇန်နဝါရီလထဲက Reverse Engineer တစ်ဦးဖြစ်တဲ့ Alessandro Paluzzi ကနေ ဖော်ပြခဲ့တာဖြစ်ပြီး အခုမှ အသေးစိတ်ကို သိရှိရတာဖြစ်ပါတယ်။ ဒီ Templates Feature ကို အသုံးပြုပြီး User တွေအနေနဲ့ ကိုယ်ပိုင် Video Clips တွေကို ထည့်သွင်းနိုင်သလို ကိုယ်ပိုင် Audio တွေကိုလည်း အသုံးပြုနိုင်မယ်လို့ သိရပါတယ်။

Instagram ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ယောက်ရဲ့ ပြောကြားချက်အရတော့ Instagram ဟာ Reels တွေကို ဖန်တီးဖို့ကို ပိုပြီး လွယ်ကူစေမယ့် နည်းလမ်းအသစ်တွေကို ရှာဖွေဆောင်ရွက်နေတာဖြစ်တယ်လို့ သိရပါတယ်။

ဘာပဲဖြစ်ဖြစ် အခုလိုမျိုး Templates Feature ကို စမ်းသပ်နေတာ သေချာပြီဖြစ်တာကြောင့် မကြာခင်အချိန်အတွင်းမှာ တရားဝင်ထုတ်ပေးသွားတော့မယ်လို့ ယူဆရပါတယ်။

Ref – The Verge