PC တွေ၊ Laptop တွေရဲ့ Processor မှာပါတဲ့ Built-In Graphic နဲ့ ဂိမ်းအကြီးတွေ ကစားဖို့ဆိုတော့ Graphic Setting ကို ကျွမ်းကျွမ်းကျင်ကျင် ချိန်နိုင်ဖို့ လိုအပ်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ Built-In Graphic တွေဟာ Standalone Graphic Card တွေလောက် မကောင်းမွန်လို့ပါပဲ။

ဒါကြောင့်မို့လို့ ကျွန်တော်တို့ အနေနဲ့ Built-In Graphic ကို အသုံးပြုပြီး ဂိမ်းအကြီးတွေ ကစားမယ်ဆို ရင် ကျွန်တော် တို့ PC တွေ၊ Laptop တွေမှာ အဆင်ပြေတဲ့ Resolution နဲ့ အထစ်အငေါ့ မရှိပဲ ကစား နိုင်ဖို့ Graphic Setting ကို ကျွမ်းကျွမ်းကျင်ကျင် ချိန်တတ်ဖို့ လိုအပ်ပါတယ်။

ဒါပေမယ့် အခုအခါမှာတော့ Graphic Setting အကြောင်းကို ဘာမှနားမလည်ဘူး ဂိမ်းပဲဆော့တတ် တယ် ဆိုတဲ့သူတွေ၊ ဂိမ်းအကြီးတွေဆော့ချင်တယ် ဒါပေမယ့် NVidia တွေ၊ Radeon တွေရဲ့ Graphic Card တွေပါတဲ့ PC တွေ၊ Laptop တွေ ဝယ်ဖို့အဆင်မပြေတဲ့ Budget Gamer တွေ အတွက်ပါ အဆင်ပြေစေမယ့် Application တစ်ခုကို Intel က မိတ်ဆက်ပေးလိုက်ပြီ ဖြစ်ပါတယ်။

ဒီ Application က သိပ်တော့ ထူးဆန်းတဲ့ Application တော့မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အခု Intel က မိတ်ဆက်ပေးလိုက်တဲ့ Application ဟာ Nvidia ရဲ့ GeForce Experience နဲ့ AMD ရဲ့ Adrenalin တို့ လို Laptop ဒါမှမဟုတ် PC မှာ အသုံးပြုထားတဲ့ Graphic နဲ့ လိုက်ဖက်မယ့် Game Graphics Setting ကို အလိုအလျောက် ညှိပေးမယ့် Application တစ်ခုပဲ ဖြစ်ပါတယ်။

Intel ရဲ့ အသစ် မိတ်ဆက် ပေးလိုက်တဲ့ Graphic Control Software ဟာ ဂိမ်းကစားဖို့အတွက် ထုတ်လုပ်ထားတာ မဟုတ်တဲ့ Laptop တွေမှာပါ အဆင်ပြေတဲ့ Graphic Setting နဲ့ ဂိမ်းကစားနိုင်ဖို့ အတွက် ဆောင်ရွက်ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

PC World မှ ဖေါ်ပြထားချက်များအရ အခု မိတ်ဆက်ပေးလိုက်တဲ့ Intel Graphic Control Center Software ကို Skylake (6th Gen) နဲ့ အထက် Processor အားလုံးမှာ အသုံးပြုနိုင်မှာ ဖြစ်တဲ့အပြင် Intel နဲ့ AMD ပူးပေါင်း ထုတ်လုပ် ထားတဲ့ Radeon Vega Graphic Built-In ပါဝင်မယ့် Kaby Lake G Processor အသုံးပြုထားတဲ့ Laptop တွေမှာပါ အသုံးပြုနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိအချိန်မှာတော့ Intel ရဲ့ Kaby Lake G Processor ကို HP ရဲ့ Spectre x360 15၊ Dell ရဲ့ XPS 15 2-In-1 တွေမှာ အသုံးပြုထားပါတယ်။

Intel ရဲ့ ပြောကြားချက်များအရ လက်ရှိအချိန်မှာ Graphic Control Center ဟာ Beta Version အဆင့်သာ ရှိသေးတယ်လို့ သိရပါတယ်။ Beta အဆင့်သာ ရှိသေးတာကြောင့် လက်ရှိအချိန်မှာ Graphic Control Center အနေနဲ့ ဂိမ်းအားလုံးကို Support လုပ်ပေးနိုင်အုံးမှာ မဟုတ်ဘူးလို့ သိရပါတယ်။

Battlefield 1, Battlefield 4, American Truck Simulator, Call Of Duty WWII, Destiny 2, Dota 2, GTA V, LOL, Overwatch, World Of Tanks စတဲ့ ဂိမ်းတွေကိုတော့ 6th Generation နဲ့ အထက် Processor အသုံးပြုထားတဲ့ PC တွေ၊ Laptop တွေမှာ Intel Graphic Control Center ကနေ တစ်ဆင့် Setting ချိန်နိုင်မှာဖြစ်ပြီး Graphic HD 620 နဲ့ အထက် အသုံးပြုထားတဲ့ Processor တွေဖြစ်တဲ့ 7th Gen (Kaby Lake), 8th Gen (Coffee Lake) Processor တွေမှာတော့ အထက်ပါ ဂိမ်းတွေ အပြင် Fortnite: Battle Royale, They Are Billions, Lost Sphear, Age Of Empires: Definitive Edition, Final Fantasy XII: The Zodiac Age HD, OK KO: Let’s Play Heroes, Subnautica, Legrand Legacy: Tale Of The Fatebounds, Dragon Ball Fighter Z စတဲ့ ဂိမ်းတွေ အတွက်ပါ Graphic Setting ချိန်နိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

Intel ရဲ့ High-End Graphic ဖြစ်တဲ့ Iris Pro Graphic အသုံးပြုထားတဲ့ Processor တွေမှာတော့ အထက်မှာ ဖော်ပြထားတဲ့ ဂိမ်းတွေအပြင် Kingdom Come: Deliverance, Street Fighter V: Arcade Edition, Meta Gear Survive စတဲ့ ဂိမ်းတွေအတွက်ပါ Intel’s Graphic Control Center ကနေ တစ်ဆင့် Setting ချိန်နိုင်မှာ ဖြစ်ပါတယ်။

အခုအချိန်မှာ မပါဝင်သေးတဲ့ ဂိမ်းတွေကိုလည်း မကြာမီ အချိန်အတွင်းမှာ ဖြည့်ပေးသွားမှာ ဖြစ်တယ် လို့ Intel က ပြောကြား သွားခဲ့ပါတယ်။ ဒါ့အပြင် gameplay.intel.com ကနေ တစ်ဆင့် လက်ရှိ အချိန်မှာ မပါဝင်သေးတဲ့ ဂိမ်းတွေအတွက် အသင့်တော်ဆုံး Graphic Setting ကို သွားရောက် လေ့လာနိုင်ပါတယ်။

REF: Pcworld