Apple ဟာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်တုန်းက iPhone X နဲ့ Screen အပြည့်အသုံးပြုနိုင်မယ့် User Experience ကို ပေးဖို့ ကြိုးစားခဲ့ပေမယ့် Selfie Camera အပါအဝင် FaceID Sensor တွေအတွက် Display Notch ကို ထည့်သွင်းထားရတာဖြစ်ပါတယ်။ လက်ရှိ iPhone 11 Series အထိကို အဆိုပါ Notch Design ကို ဆက်လက်အသုံးပြုနေဆဲဖြစ်ပေမယ့် လာမယ့် iPhone 12 မှာတော့ Notch ကို လုံးဝဖျောက်သွားတော့မှာပါ။

အခုလိုမျိုး iPhone 12 Series ဖုန်းတွေမှာ Notch ကို ဖျောက်သွားတော့မယ်ဆိုပေမယ့် လက်ရှိ FaceID Sensor တွေအပြင် Selfie Camera တွေကို အပေါ်ဘက်က ဘောင်မှာထည့်လာမလား၊ Under-display Selfie Camera လိုမျိုးနည်းလမ်းတွေကို သုံးလာမလားဆိုတာကိုတော့ မသိရှိရသေးပါဘူး။

ဒီလိုမျိုး iPhone 12 မှာ Notch ပါဝင်မှာမဟုတ်ဘူးဆိုတာကို Render ဓါတ်ပုံတွေအပြင် Apple Website ရဲ့ ဓါတ်ပုံတွေမှာလည်း တွေ့ရှိနေရတာဖြစ်ပါတယ်။ အခုနောက်ဆုံးသိထားရတဲ့သတင်းတွေအရတော့ iPhone 12 5G ဖုန်းဟာ ယခုနှစ် နိုင်ဝင်ဘာလမှာမိတ်ဆက်သွားဖို့ရှိနေတယ်လို့လည်း သိရပါတယ်။

ဘာပဲဖြစ်ဖြစ် Apple iPhone 12 ဟာ ယခုနှစ်မှာတော့ 5G A14 Bionic Chipset အပြင် 5G ကိုပါထည့်သွင်းလာဖို့ရှိနေပြီး Notch ကိုလည်း ဖျောက်နိုင်မယ်ဆိုရင် အောင်မြင်လာဦးမှာပါ။

Ref – Giz China