[Unicode]

Redmi K30 5G ဟာ အရမ်းကို စိတ်ဝင်စားစရာကောင်းတဲ့ ဖုန်း ဖြစ်နေပါတယ်။ ဘာလို့လဲဆိုရင် အဲဒီ ဖုန်းမှာ ပထမဆုံး နည်းပညာတွေ ပါလာမှာဖြစ်လို့ပါ။ 120Hz Refresh Rate ပါတဲ့ Redmi ရဲ့ ပထမဆုံး ဖုန်း ဖြစ်သလို ဘေးဘက် လက်ဗွေရာ ကိရိယာ ပါတဲ့ ပထမဆုံး ဖုန်းလည်း ဖြစ်ပါတယ်။ Qualcomm ရဲ့ စွမ်းရည်သင့် 5G Mobile Processor အသစ် ပါမယ့် ပထမဆုံး ဖုန်းဆိုလည်း မမှားပါဘူး။ အခုတော့ Sony ရဲ့ IMX686 Sensor ပါတဲ့ ပထမဆုံး ဖုန်းဖြစ်မယ်လို့ သတင်းထွက်လာပါတယ်။

Sony က IMX686 ရဲ့ Marketing Video ကို ပြီးခဲ့တဲ့ လ အစောပိုင်းက မျှဝေခဲ့ပြီး အရမ်းလန်းတဲ့ Sensor ဖြစ်ပါတယ်။ အခုတော့ အဲဒီ 64MP Sensor ဟာ Redmi K30 မှာ ပါလာတော့မယ်လို့ သတင်းထွက်လာပါတယ်။ အဲဒီ သတင်းကို Digital Chat Station က ဝီဘိုမှာ ဖွထားတာ ဖြစ်ပြီး သူဟာ နာမည်ကျော် Leakster ၁ ယောက် ဖြစ်ပါတယ်။

သူ့ရဲ့ ပို့စ်အရ Redmi K30 မှာ 64MP Sony IMX686 Camera နဲ့အတူ 8MP Sensor, 5MP Sensor နဲ့ 2MP Sensor တွေ ထည့်သွင်းထားမယ်လို့ သိရပါတယ်။ အားလုံးပေါင်း အနောက် Camera ၄ လုံး ဖြစ်တဲ့အတွက် အလန်းစား ဓါတ်ပုံတွေ ဖမ်းယူပေးနိုင်မှာပါ။ အနောက် Camera တွေကို ဒေါင်လိုက် တပ်ဆင်ထားပြီး Huawei Mate 30 Series နဲ့ OnePlus 7T တို့လို ဒီဇိုင်းမျိုး ဖြစ်ပါတယ်။

ဒီလ ၁၀ ရက်နေ့မှာ ကြေညာမှာ ဖြစ်ပြီး LCD Display နဲ့ Selfie Camera ၂ လုံးကို ဆေးတောင့်ပုံ Punch-hole မှာ တပ်ဆင်ထားမှာပါ။ NFC, SA & NSA 5G Networks , 27W Fast Charging နဲ့ Android 10 တွေ ပါလာမယ်လို့ သတင်းထွက်နေပါတယ်။

Ref : gizmochina

[Zawgyi]

Redmi K30 5G မွာ 64MP Sony IMX686 Camera ပါလာႏုိင္

Redmi K30 5G ဟာ အရမ္းကို စိတ္၀င္စားစရာေကာင္းတဲ့ ဖုန္း ျဖစ္ေနပါတယ္။ ဘာလို႔လဲဆိုရင္ အဲဒီ ဖုန္းမွာ ပထမဆံုး နည္းပညာေတြ ပါလာမွာျဖစ္လို႔ပါ။ 120Hz Refresh Rate ပါတဲ့ Redmi ရဲ႕ ပထမဆံုး ဖုန္း ျဖစ္သလို ေဘးဘက္ လက္ေဗြရာ ကိရိယာ ပါတဲ့ ပထမဆံုး ဖုန္းလည္း ျဖစ္ပါတယ္။ Qualcomm ရဲ႕ စြမ္းရည္သင့္ 5G Mobile Processor အသစ္ ပါမယ့္ ပထမဆံုး ဖုန္းဆိုလည္း မမွားပါဘူး။ အခုေတာ့ Sony ရဲ႕ IMX686 Sensor ပါတဲ့ ပထမဆံုး ဖုန္းျဖစ္မယ္လို႔ သတင္းထြက္လာပါတယ္။

Sony က IMX686 ရဲ႕ Marketing Video ကို ၿပီးခဲ့တဲ့ လ အေစာပိုင္းက မွ်ေ၀ခဲ့ၿပီး အရမ္းလန္းတဲ့ Sensor ျဖစ္ပါတယ္။ အခုေတာ့ အဲဒီ 64MP Sensor ဟာ Redmi K30 မွာ ပါလာေတာ့မယ္လို႔ သတင္းထြက္လာပါတယ္။ အဲဒီ သတင္းကို Digital Chat Station က ၀ီဘိုမွာ ဖြထားတာ ျဖစ္ၿပီး သူဟာ နာမည္ေက်ာ္ Leakster ၁ ေယာက္ ျဖစ္ပါတယ္။

သူ႔ရဲ႕ ပို႔စ္အရ Redmi K30 မွာ 64MP Sony IMX686  Camera  နဲ႔အတူ 8MP Sensor, 5MP Sensor နဲ႔ 2MP Sensor ေတြ ထည့္သြင္းထားမယ္လို႔ သိရပါတယ္။ အားလံုးေပါင္း အေနာက္ Camera  ၄ လံုး ျဖစ္တဲ့အတြက္ အလန္းစား ဓါတ္ပံုေတြ ဖမ္းယူေပးႏိုင္မွာပါ။ အေနာက္ Camera ေတြကို ေဒါင္လိုက္ တပ္ဆင္ထားၿပီး Huawei Mate 30 Series နဲ႔ OnePlus 7T တို႔လို ဒီဇိုင္းမ်ိဳး ျဖစ္ပါတယ္။

ဒီလ ၁၀ ရက္ေန႔မွာ ေၾကညာမွာ ျဖစ္ၿပီး LCD Display နဲ႔ Selfie Camera ၂ လံုးကို ေဆးေတာင့္ပံု Punch-hole မွာ တပ္ဆင္ထားမွာပါ။ NFC, SA & NSA 5G Networks , 27W Fast Charging နဲ႔ Android 10 ေတြ ပါလာမယ္လို႔ သတင္းထြက္ေနပါတယ္။

Ref : gizmochina