[Zawgyi]

ေမလမွာ ေၾကညာခဲ့တဲ့ Redmi K20 ဟာ ဒီဇိုင္းနဲ႔ လုပ္ေဆာင္ခ်က္ေတြ ေကာင္းမြန္ၿပီး ေစ်းခ်ိဳတဲ့အတြက္ လူႀကိဳက္မ်ားပါတယ္။ အဲဒီဖုန္းရဲ႕ မ်ိဳးဆက္သစ္က မၾကာခင္ထြက္ေပၚလာမွာ မဟုတ္ေသးေပမယ့္ Redmi ရဲ႕ အေထြေထြ  မန္ေနဂ်ာ Lu Weibing က Redmi K30 မွာ 5G ပါမယ္လို႔ သူ႔ရဲ႕ ၀ီဘို အေကာင့္ကေန အသိေပးလိုက္ပါတယ္။ သူက အဲဒီပို႔စ္ကို မၾကာခင္ ေၾကညာမယ့္ Redmi Note 8 Pro နဲ႔ တင္ထားတာ ျဖစ္ပါတယ္။ Redmi K30 ရဲ႕ Specifications ေတြ ေပါက္ၾကားထြက္ေပၚျခင္း မရွိေသးပါဘူး။ လာမယ့္ႏွစ္ ပထမႏွစ္၀က္က်မွ ေၾကညာမယ္လို႔ ထင္ပါတယ္။

Redmi K20 ဟာ Full-screen Design ျဖစ္ၿပီး Notch နဲ႔ Punch-hole ေတြ မပါပါဘူး။ ေမာ္တာ အသံုးျပဳထားတဲ့ Pop-up Selfie Camera ၁ လံုး ထည့္သြင္းထားပါတယ္။ Redmi K30 မွာလည္း အဲဒီ ဒီဇိုင္းကို ျပန္လည္ အသံုးျပဳႏုိင္ၿပီး အနည္းငယ္သာ ဆန္းသစ္ထားႏုိင္ပါတယ္။ မ်ိဳးဆက္သစ္ ဖုန္းမွာ မ်က္ႏွာျပင္ေအာက္ လက္ေဗြရာ အာရံုခံ ကိရိယာကို ျပန္သံုးထားမွာ ေသခ်ာပါတယ္။

Redmi K30 မွာ ကင္မရာေတြ အပိုထည့္ထားႏုိင္ၿပီး အေနာက္ကင္မရာ ၄ လံုး ပါလာႏုိင္ပါတယ္။ 4,000mAh Battery ဒါမွမဟုတ္ 5G ဆက္သြယ္မႈ ပါတဲ့အတြက္ ဒီထက္ပိုႀကီးတဲ့ ဘက္ထရီ ထည့္သြင္းထားႏုိင္ပါတယ္။ 5G ဆက္သြယ္မႈဟာ စြမ္းအင္ကို ပုိမို စားသံုးပါတယ္။ ပိုျမန္တဲ့ အားသြင္း နည္းပညာလည္း ပါလာႏုိင္ပါတယ္။ ဒါေတြဟာ မွန္းဆခ်က္ေတြသာ ျဖစ္ၿပီး ရာႏႈန္ျပည့္ မွန္မယ္လို႔ မေျပာႏုိင္ပါဘူး။

Redmi K30 ဟာ K20 လိုပဲ ေစ်းခ်ိဳၿပီး လူႀကိဳက္မ်ားလာမယ္လို႔ ထင္ပါတယ္။ Xiaomi က ေစ်းခ်ိဳတဲ့ စမတ္ဖုန္းေတြကို ထုတ္လုပ္ေရာင္းခ်ဖို႔အတြက္ Redmi ကို သီးျခား ကုမၸဏီ အျဖစ္ တည္ေထာင္ထားတာ ျဖစ္ပါတယ္။ OPPO ရဲ႕ Realme နဲ႔ Xiaomi ရဲ႕ Redmi တို႔ဟာ ၿပိဳင္ဖက္ ကုမၸဏီေတြ ျဖစ္လာပါတယ္။

Ref : gizmochina

[Unicode]

Redmi K30 မှာ 5G ပါမည်

မေလမှာ ကြေညာခဲ့တဲ့ Redmi K20 ဟာ ဒီဇိုင်းနဲ့ လုပ်ဆောင်ချက်တွေ ကောင်းမွန်ပြီး ဈေးချိုတဲ့အတွက် လူကြိုက်များပါတယ်။ အဲဒီဖုန်းရဲ့ မျိုးဆက်သစ်က မကြာခင်ထွက်ပေါ်လာမှာ မဟုတ်သေးပေမယ့် Redmi ရဲ့ အထွေထွေ မန်နေဂျာ Lu Weibing က Redmi K30 မှာ 5G ပါမယ်လို့ သူ့ရဲ့ ဝီဘို အကောင့်ကနေ အသိပေးလိုက်ပါတယ်။ သူက အဲဒီပို့စ်ကို မကြာခင် ကြေညာမယ့် Redmi Note 8 Pro နဲ့ တင်ထားတာ ဖြစ်ပါတယ်။ Redmi K30 ရဲ့ Specifications တွေ ပေါက်ကြားထွက်ပေါ်ခြင်း မရှိသေးပါဘူး။ လာမယ့်နှစ် ပထမနှစ်ဝက်ကျမှ ကြေညာမယ်လို့ ထင်ပါတယ်။

Redmi K20 ဟာ Full-screen Design ဖြစ်ပြီး Notch နဲ့ Punch-hole တွေ မပါပါဘူး။ မော်တာ အသုံးပြုထားတဲ့ Pop-up Selfie Camera ၁ လုံး ထည့်သွင်းထားပါတယ်။ Redmi K30 မှာလည်း အဲဒီ ဒီဇိုင်းကို ပြန်လည် အသုံးပြုနိုင်ပြီး အနည်းငယ်သာ ဆန်းသစ်ထားနိုင်ပါတယ်။ မျိုးဆက်သစ် ဖုန်းမှာ မျက်နှာပြင်အောက် လက်ဗွေရာ အာရုံခံ ကိရိယာကို ပြန်သုံးထားမှာ သေချာပါတယ်။

Redmi K30 မှာ ကင်မရာတွေ အပိုထည့်ထားနိုင်ပြီး အနောက်ကင်မရာ ၄ လုံး ပါလာနိုင်ပါတယ်။ 4,000mAh Battery ဒါမှမဟုတ် 5G ဆက်သွယ်မှု ပါတဲ့အတွက် ဒီထက်ပိုကြီးတဲ့ ဘက်ထရီ ထည့်သွင်းထားနိုင်ပါတယ်။ 5G ဆက်သွယ်မှုဟာ စွမ်းအင်ကို ပိုမို စားသုံးပါတယ်။ ပိုမြန်တဲ့ အားသွင်း နည်းပညာလည်း ပါလာနိုင်ပါတယ်။ ဒါတွေဟာ မှန်းဆချက်တွေသာ ဖြစ်ပြီး ရာနှုန်ပြည့် မှန်မယ်လို့ မပြောနိုင်ပါဘူး။

Redmi K30 ဟာ K20 လိုပဲ ဈေးချိုပြီး လူကြိုက်များလာမယ်လို့ ထင်ပါတယ်။ Xiaomi က ဈေးချိုတဲ့ စမတ်ဖုန်းတွေကို ထုတ်လုပ်ရောင်းချဖို့အတွက် Redmi ကို သီးခြား ကုမ္ပဏီ အဖြစ် တည်ထောင်ထားတာ ဖြစ်ပါတယ်။ OPPO ရဲ့ Realme နဲ့ Xiaomi ရဲ့ Redmi တို့ဟာ ပြိုင်ဖက် ကုမ္ပဏီတွေ ဖြစ်လာပါတယ်။

Ref : gizmochina