ZTE ရဲ႕အမွတ္တံဆိပ္ခြဲျဖစ္တဲ့ Nubia ဟာ Z18 ကုိ မိတ္ဆက္ခဲ့ျပီးျပီ ျဖစ္ေသာ္လည္း လူေတြကေတာ့ Display ႏွစ္ဖက္ပါတဲ့ Z18s ရဲ႕ Leak ဓါတ္ပုံေတြကိုသာ ပိုစိတ္ဝင္စားေနၾကပါတယ္။ ေပါက္ၾကားခဲ့တဲ့ ပုံေတြထဲက အခ်က္အလက္ေတြေၾကာင့္လည္း သူ႕ရဲ႕ Specs ေတာ္ေတာ္မ်ားမ်ားကို သိေနၾကပါျပီ။ ဒီေန႔မွာေတာ့ တရုတ္ Benchmark က သူ႕ရဲ႕ Specs အခ်က္အလက္ေတြကို အတည္ျပဳေပးလိုက္ပါတယ္။

Nubia Z18s မွာ Snapdragon 845 ခ်စ္ပ္ဆက္ကို အသုံးျပဳထားျပီး 8GB RAM မန္မုိရီပါဝင္မွာ ျဖစ္တယ္။ (Screen ႏွစ္ဖက္ပါတဲ့အတြက္) အဓိက Screen က 6.26” LCD မ်က္ႏွာျပင္မွာ Full HD+ အၾကည္အား ရရွိႏုိင္မွာျဖစ္ကာ 19:9 ပုံရိပ္အခ်ဳိးကို အသုံးျပဳလာပါတယ္။ ေက်ာဘက္မွာေတာ့ 5.1” OLED Display ပါျပီး 1520x 720p Resolution ထိ ရရွိႏုိင္မွာျဖစ္လို႔ ႏွစ္ဘက္စလုံးကို အဆင္ေျပသလို သုံးႏုိင္မွာပါ။ Benchmark ကို Master Lu လို႔ေခၚျပီး ဖုန္းရဲ႕ေမာ္ဒယ္နံပါတ္ကေတာ့ အရင္ေပါက္ၾကားခဲ့သလို NX616J ပဲျဖစ္ကာ ေရွ႕ဘက္ Resolution ကလည္း 2280x 1080p ပဲျဖစ္ဖို႔မ်ားပါတယ္။

ေနာက္ထပ္ အတည္ျပဳထားတဲ့ Specs ေတြက အဓိကကင္မရာ 24MP နဲ႔ ဒုတိယကင္မရာ 16MP တုိ႔ ျဖစ္ျပီး TENAA မွာလည္း ကင္မရာႏွစ္လုံးပဲ ေဖာ္ျပခဲ့တဲ့အတြက္ Nubia Z18s ဟာ အဓိက Screen ဘက္မွာ ဆယ္လ္ဖီကင္မရာကို ခ်န္ခဲ့မယ့္ပုံပါပဲ။ 6.26” လက္မရွိတဲ့ Screen ၾကီးလဲ ပါေနေတာ့ Z18s ဟာ ဒီအတုိင္းဆုိရင္ ေစ်းကြက္ထဲမွာ Notch မပါတဲ့ စမတ္ဖုန္းေတြထဲ အရွည္ဆုံး Screen ျဖစ္လာႏုိင္တယ္။

ဘကၳရီအားကေတာ့ 3800 mAh ပမာဏျဖစ္ျပီး အျမန္အားသြင္းႏုိင္တဲ့ စနစ္လည္း ပါဝင္လာမွာပါ။ အခုဆုိရင္ အခ်က္အလက္ေတြနဲ႔ ဓါတ္ပုံေတြလည္း ေတာ္ေတာ္ကို စုံေနျပီမုိ႔ Nubia ကေန ဒီဟန္းဆက္ကို တရားဝင္ မိတ္ဆက္လာတဲ့ အခ်ိန္ကိုပဲ ေစာင့္ဖို႔ က်န္ပါေတာ့တယ္။

Ref – GSM Arena

Unicode

ZTE ရဲ့အမှတ်တံဆိပ်ခွဲဖြစ်တဲ့ Nubia ဟာ Z18 ကို မိတ်ဆက်ခဲ့ပြီးပြီ ဖြစ်သော်လည်း လူတွေကတော့ Display နှစ်ဖက်ပါတဲ့ Z18s ရဲ့ Leak ဓါတ်ပုံတွေကိုသာ ပိုစိတ်ဝင်စားနေကြပါတယ်။ ပေါက်ကြားခဲ့တဲ့ ပုံတွေထဲက အချက်အလက်တွေကြောင့်လည်း သူ့ရဲ့ Specs တော်တော်များများကို သိနေကြပါပြီ။ ဒီနေ့မှာတော့ တရုတ် Benchmark က သူ့ရဲ့ Specs အချက်အလက်တွေကို အတည်ပြုပေးလိုက်ပါတယ်။

Nubia Z18s မှာ Snapdragon 845 ချစ်ပ်ဆက်ကို အသုံးပြုထားပြီး 8GB RAM မန်မိုရီပါဝင်မှာ ဖြစ်တယ်။ (Screen နှစ်ဖက်ပါတဲ့အတွက်) အဓိက Screen က 6.26” LCD မျက်နှာပြင်မှာ Full HD+ အကြည်အား ရရှိနိုင်မှာဖြစ်ကာ 19:9 ပုံရိပ်အချိုးကို အသုံးပြုလာပါတယ်။ ကျောဘက်မှာတော့ 5.1” OLED Display ပါပြီး 1520x 720p Resolution ထိ ရရှိနိုင်မှာဖြစ်လို့ နှစ်ဘက်စလုံးကို အဆင်ပြေသလို သုံးနိုင်မှာပါ။ Benchmark ကို Master Lu လို့ခေါ်ပြီး ဖုန်းရဲ့မော်ဒယ်နံပါတ်ကတော့ အရင်ပေါက်ကြားခဲ့သလို NX616J ပဲဖြစ်ကာ ရှေ့ဘက် Resolution ကလည်း 2280x 1080p ပဲဖြစ်ဖို့များပါတယ်။

နောက်ထပ် အတည်ပြုထားတဲ့ Specs တွေက အဓိကကင်မရာ 24MP နဲ့ ဒုတိယကင်မရာ 16MP တို့ ဖြစ်ပြီး TENAA မှာလည်း ကင်မရာနှစ်လုံးပဲ ဖော်ပြခဲ့တဲ့အတွက် Nubia Z18s ဟာ အဓိက Screen ဘက်မှာ ဆယ်လ်ဖီကင်မရာကို ချန်ခဲ့မယ့်ပုံပါပဲ။ 6.26” လက်မရှိတဲ့ Screen ကြီးလဲ ပါနေတော့ Z18s ဟာ ဒီအတိုင်းဆိုရင် ဈေးကွက်ထဲမှာ Notch မပါတဲ့ စမတ်ဖုန်းတွေထဲ အရှည်ဆုံး Screen ဖြစ်လာနိုင်တယ်။

ဘက္ထရီအားကတော့ 3800 mAh ပမာဏဖြစ်ပြီး အမြန်အားသွင်းနိုင်တဲ့ စနစ်လည်း ပါဝင်လာမှာပါ။ အခုဆိုရင် အချက်အလက်တွေနဲ့ ဓါတ်ပုံတွေလည်း တော်တော်ကို စုံနေပြီမို့ Nubia ကနေ ဒီဟန်းဆက်ကို တရားဝင် မိတ်ဆက်လာတဲ့ အချိန်ကိုပဲ စောင့်ဖို့ ကျန်ပါတော့တယ်။

Ref – GSM Arena