Meta ဟာ VR နယ်ပယ်မှာ Apple ရဲ့ အဓိက ပြိုင်ဖက် ဖြစ်ပြီး Apple က Vision Pro ကို မကြေညာခင် ရက်အနည်းငယ် စောကာ Meta က Quest 3 ကို မိတ်ဆက်ခဲ့ပါတယ်။

Here's what Mark Zuckerberg thinks of Apple's Vision Pro

အဲဒီအတွက် Meta တည်ထောင်သူနဲ့ CEO Mark Zuckerberg က Apple ရဲ့ တစ်မူထူးခြားတဲ့ VR Headset ကို ဘယ်လို ထင်မြင်သလဲဆိုတာ စိတ်ဝင်စားစရာ ကောင်းပါတယ်။

Meta ဝန်ထမ်းတွေနဲ့ အစည်းအဝေး ၁ ခုမှာ Zuckerberg က Vision Pro အကြောင်းပြောခဲ့ပါတယ်။ သူက “ Apple ဟာ အရည်အသွေးမြင့် Display တွေကို အသုံးပြုထားပါတယ်။ ဒါပေမယ့် အဲဒါတွေ သုံးထားတဲ့အတွက် စွမ်းအင် ပိုမိုလိုအပ်ပါတယ်။ Headset ကို ကြိုးနဲ့တွဲသုံးတဲ့ ဘက်ထရီ ၁ ခု ရှိရပါတယ်။ အဓိကက Apple Vision Pro ဟာ Quest 3 ထက် ၇ ဆလောက် ဈေးပိုများနေတာပါ။ “ လို့ ပြောပါတယ်။

Apple's Vision Pro headset: 'It's not the one...' - Why Meta boss Mark  Zuckerberg gave this big statement | Companies News, Times Now

Zuckerberg က Meta နဲ့ Apple တို့ရဲ့ Headset တွေဟာ တန်ဖိုးနဲ့ စွမ်းရည် အပိုင်းမှာ ကွဲပြားတဲ့အကြောင်းပြောပါတယ်။ သူက “ Meta ရဲ့ ရည်မှန်းချက်က လူမှုပေါင်းသင်းဆက်ဆံရေးကို အခြေခံတာ ဖြစ်ပြီး နည်းလမ်း အသစ်တွေနဲ့ လူတွေ တွေ့ဆုံကြဖို့ ဖြစ်ပါတယ်။ နည်းလမ်း အသစ်တွေနဲ့ စိတ်ခံစားမှု အသစ်တွေ ရရှိဖို့ပါ။ Apple ရဲ့ Vision Pro က အနာဂတ် Computing အတွက် ဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော် Vision Pro ကို မလိုချင်ပါဘူး။ “ လို့ သုံးသပ်ပါတယ်။

Ref : gsmarena